ချစ်သူနဲ့ အပြင်လျှောက်လည်တဲ့အခါ ဝတ်သင့်တဲ့ Outfits Ideas များ
mystylemyanmar.com
|
2023-10-27

ချစ်သူနဲ့ အပြင်သွားတဲ့အခါ ချစ်သူရဲ့မျက်လုံးထဲမှာ အလှဆုံးဖြစ်ချင်တာ ချစ်စရာကောင်းတဲ့ ပုံစံဖြစ်ချင်တာမလို့ အပြင်သွားခါနီး ဘာဝတ်ရမလဲ ရွေးရတာလည်း တစ်ဒုက္ခပါပဲ။ ဒါပေမယ့် အဲဒါတွေအားလုံးကို စိတ်ပူစရာမလိုပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ လှပပြီး ချစ်သူကို အံ့အားသင့်စေပြီး အမြဲဆွဲဆောင်မှုရှိတဲ့ပုံစံဖြစ်စေဖို့ဆို ဒီလိုလေးတွေဝတ်ကြည့်ပါ။

တီရှပ်နဲ့ ဂျင်းဘောင်းဘီ


တီရှပ်နဲ့ ဂျင်းဘောင်းဘီက အပြင်ထွက်တဲ့အခါ ဝတ်ရတာပေါ့ပါးပြီး တစ်နေ့လုံး သက်တောင့်သက်သာ ရှိစေပါတယ်။ ဒီပုံစံက ရိုးရှင်းလွန်းနေရင် လည်ဆွဲ၊ နားကပ်၊ ဖိနပ်တို့နဲ့ တွဲဝတ်လိုက်ပါ။

Summer Dress


ပူပြင်းတဲ့နေ့တွေမှာ အပြင်သွားတဲ့အခါမျိုးဆို ချစ်စရာခြေထောက်တွေကို အသားပေးတဲ့ ဒီလို ချစ်ဖို့ကောင်းတဲ့ ဂါဝန်လေးတွေ ဝတ်ကြည့်ပါ။ ဒီလိုဝတ်စုံလေးက ချစ်သူနဲ့ပျော်ပွဲစားသွားတဲ့အချိန် ၊ ကမ်းခြေ ဒါမှမဟုတ် ပန်းခြံထဲ လမ်းလျှောက်ထွက်တာမျိုးအတွက် အကောင်းဆုံးပါပဲ။

Crotchet Fashion


2023 ရဲ့ ခေတ်ရေစီးကြောင်းတွေထဲမှာ Trend ဖြစ်လာတဲ့ Fashion တစ်ခုက 1970 ခုနှစ်တွေမှာ ရေပန်းစားခဲ့တဲ့ Crochet ပါပဲ။ အခုအချိန်က ရောင်စုံဇာထိုးတွေ ဝတ်ရမယ့်အချိန်ပါပဲ။

Blouse And Straight-Leg Dress Pant


ချစ်သူနဲ့ အပြင်သွားတဲ့အခါ ဝတ်ရမယ့် နောက်ထပ်ဝတ်စုံက အလန်းစား အင်္ကျီနဲ့ Straight-Leg Dress Pant ပါပဲ။

Denim Dress


ဒီလိုပုံစံလေးက ချစ်စရာကောင်းသလို သက်တောင့်သက်သာလည်းရှိတာမလို့ ပန်းခြံ ဒါမှမဟုတ် တိရစ္ဆာန်ရုံကို သွားမယ်ဆိုရင် ချစ်ဖို့ကောင်မလေးတွေ ရွေးသင့်တဲ့ Fashion ပါပဲ။

Romper or Jumpsuit


ချစ်သူနဲ့ နေ့လယ်စာစားဖို့ ချိန်းထားတဲ့အခါမျိုးဆို Romper or Jumpsuit လေးက ကွက်တိပါပဲ။

တီရှပ်နဲ့ ဘောင်းဘီတို


ချစ်သူနဲ့ အပြင်သွားတဲ့အခါ ဝတ်ရမယ့် ချစ်စရာကောင်းတဲ့ ၀တ်စုံကတော့ ဘောင်းဘီတိုနဲ့ တီရှပ်တစ်ထည်ပါ။

A Mini Skirt And An Off-shoulder Drawstring Crop Top


မီနီစကတ်တစ်ထည်နဲ့ Off-shoulder Crop Top တစ်ထည်က သင့်ချစ်သူရဲ့မျက်လုံးတွေကို ဆွဲဆောင်နိုင်မှာ သေချာပါတယ်။




Some text some message..