ကိုယ်နှင့်လိုက်ဖက်တဲ့ Foundation ကိုရွေးချယ်နည်း
mmload.com
|
2023-11-02

Foundation ရွေးချယ်ရတာဟာ မိန်းကလေးတိုင်းအတွက်ခေါင်းအစားရဆုံးပြဿနာတစ်ခုပါပဲ။ ကိုယ့်အသားအရေနှင့်မကိုက်တာ လိမ်းလိုက်ရင်ပြာသွားတတ်တာတွေကြောင့် ကိုယ်နှင့်အဆင်ပြေတဲ့ Foundation ကိုရဖို့ခက်ခဲပါတယ်။ ဒါကြောင့် ကိုယ့်အသားအရေနှင့်ကိုက်ညီတဲ့ Foundation ကိုရွေးချယ်နိုင်ဖို့ကူညီပေးမယ့်နည်းလမ်းကောင်းတွေကိုဖော်ပြပေးပါမယ်။


(၁) ကိုယ့်အသားအရေအမျိုးအစားကိုခွဲခြားသိနေဖို့လိုအပ်ပါတယ်။ ဒီလိုသိမှသာ Foundation ကိုဘယ်လိုအမျိုးအစားသုံးရမယ်ဆိုတာခွဲခြားနိုင်မှာပါ။


(၂) Foundation နှင့်အသားအရေက လိုက်ဖက်ညီနေဖို့လည်းလိုအပ်ပါတယ်။ နဂိုအသားအရေကိုအဆမတန်ဖြူသွားစေတာမျိုး ပိုပြီးမည်းသွားစေတာမျိုးမဖြစ်အောင် ကိုယ့်အသားအရေရဲ့အရောင်နှင့် ကောင်းကောင်းလိုက်ဖက်မယ့်အရောင်ကိုရွေးချယ်ပါ။


(၃) ကိုယ့်အသားအရေရဲ့  Undertone ကိုသိတယ်ဆိုရင် မှန်ကန်တဲ့ ကိုဝယ်ယူတဲ့နေရာမှာအကူအညီဖြစ်စေပါတယ်။ Skin Undertone ကိုတော့ လက်ကောက်ဝတ်ကသွေးကြောတွေကိုကြည့်ပြီးတော့ Cool Neutral နှင့် Warm Tone ဆိုပြီးခွဲခြားနိုင်ပါတယ်။


(၄) အရေးကြီးဆုံးအချက်ကတော့ Foundation ဝယ်ယူတဲ့အခါစမ်းသပ်ကြည့်ဖို့ပါပဲ။ ဒီလိုစမ်းသပ်တဲ့အခါမှာလည်း လက်နှင့်မျက်နှာပြင်မှာစမ်းသပ်တာထက် မေးရိုးတစ်လျှောက်မှာစမ်းကြည့်တာက ပိုပြီးတိကျတဲ့အဖြေကိုပေးပါတယ်။





Some text some message..