လက်သည်းပေါ်မှာ အဖြူရောင်အစက်အပြောက်တွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်း ( ၄ ) ခု
mystylemyanmar.com
|
2023-11-26

ကျန်းမာတဲ့လက်သည်းခြေသည်းလေးတွေရဲ့ အရောင်က ပန်းရောင်ပါ။ ဒါပေမယ့် ဆေးပညာအရ ကျန်းမာရေးမကောင်းတာ သတ္ထုဓာတ်ချို့တဲ့ အချိန်မျိုးတွေမှာဆို လက်သည်းပေါ်မှာ အဖြူရောင်အစက်အပြောက်အမျိုးမျိုး ဖြစ်လာတတ်ပါတယ်။ ဒါဆို လက်သည်းပေါ်က အဖြူကွက်တွေကို ဘယ်လိုဖယ်ရှားလို့ရနိုင်မလဲဆိုတာ လေ့လာကြည့်ရအောင် –

လက်သည်းဆိုးဆေးဆိုးပါ


အသားအရောင်နဲ့ လိုက်ဖက်ပြီး အရည်အသွေးကောင်းတဲ့ လက်သည်းဆိုးဆေးကို ယာယီအတွက် အသုံးပြုလို့ရပါတယ်။

သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ


သတ္တုဓာတ်တွေ ကြွယ်ဝတဲ့ အစားအစာတွေက လက်သည်းခွံကို သန်မာစေတာမလို့ မဖြစ်မနေစားပေးပါ။

Allergen မဖြစ်အောင်နေပါ


Nail Product တချို့ကို သုံးပြီးနောက်ပိုင်း လက်သည်းပေါ်မှာ အဖြူရောင်အစက်အပြောက်တွေ ပေါ်လာရင် ဆက်မသုံးဘဲ ခနရပ်ထားလိုက်ပါ။ ဓါတ်မတည့်ခြင်းရှိ၊ မရှိ စစ်ဆေးပြီးမှသာ သုံးပေးပါ။

ဆရာဝန်နဲ့ တိုင်ပင်ပါ


လက်သည်းပေါ်မှာပေါ်လာတဲ့ အဖြူရောင်အစက်အပြောက်တွေက အရောင်ပြောင်းစေတဲ့ မှိုပိုးကူးစက်မှုရှိတယ်လို့ သံသယရှိရင်တော့ သင့်ဆရာဝန်နဲ့ တိုင်ပင်ပါ။ မှိုပိုးကူးစက်မှု လုံးဝပျောက်ဖို့ ၃ လအထိ ကြာနိုင်ပါတယ်။




Some text some message..