နှုတ်ခမ်းနီအမျိုးအစားများ
mmload.com
|
2024-01-05

1. Tinted Lip Balm
များသောအားဖြင့် ဒီအမျိုးအစားတွေဟာအမျိုးသားတွေပါအသုံးပြုကြလေ့ရှိတဲ့နှုတ်ခမ်းနီပါ။ နှုတ်ခမ်းသားခြောက်တာ အက်ကွဲတာလိုမျိုးကိုကာကွယ်ပေးနိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။


2. Lip Gloss
နှုတ်ခမ်းသားကိုစိုစိုအိအိလေးဖြစ်စေတဲ့ ဒီအမျိုးအစားကိုတော့ အမျိုးသမီးတွေပွဲနေပွဲထိုင်ဆိုးကြလေ့ရှိပါတယ်။ အရည်ဖြစ်တာကြောင့် ကြာရှည်သိပ်မခံဘဲ တစ်ခြားအမျိုးအစားတွေနှင့်ရောဆိုးမှ အဆင်ပြေမှာပါ။


3. Sheer Lipstick
ဒီအမျိုးအစားကတော့  အများစုနေ့စဥ်အသုံးပြုကြတဲ့ နှုတ်ခမ်းနီပါ။ အခဲဖြစ်ပြီးတော့ ပုံမှန်အားဖြင့် ထုပ်ပိုးမှုပုံစံကအတောင့်လိုက်ဖြစ်တတ်ပါတယ်။


4. Semi-matte Lipstick:
ဒီလိုနှုတ်ခမ်းနီတွေကလည်း အပေါ်ကလိုမျိုးနှင့်အမျိုးအစားတူပေမဲ့ ပိုပြီးတော့ကြာရှည်ခံပြီးအစိုဓာတ်သိပ်မရှိပါဘူး။


5. Cream Lipstick:
နှုတ်ခမ်းသားတွေအတွက် သင့်တော်တဲ့အစိုဓာတ်ပမာဏကိုပေးပြီး ကြာရှည်ခံမှုကလည်းအတိုင်းအတာတစ်ခုအထိရှိတဲ့ နှုတ်ခမ်းနီအမျိုးအစားဖြစ်ပါတယ်။


6. Matte Lipstick:
ဒီအမျိုးအစားဟာ ခြောက်သွေ့ပြီးတော့ အရောင်တောက်ပတဲ့အမျိုးအစားပါ။ စွန်းထင်းတာတွေသိပ်မရှိဘဲ ကြာရှည်ခံမှုလည်းတစ်ခြားအမျိုးအစားတွေထက်ပိုကြာမြင့်ပါတယ်။


7. Lip Stain:
နှုတ်ခမ်းနီကို အတောင့်လိုက်မဆိုးဘဲ ပုံဖော်ဆိုးချင်တဲ့သူတွေအတွက်အဆင်ပြေတဲ့အမျိုးအစားဖြစ်ပါတယ်။၊


8. Lip Liner:
ဒါလေးကတော့ နှုတ်ခမ်းနီဆိုးခါနီးမှာ နှုတ်ခမ်းသားတွေဘေးသပ်သပ်ရပ်ရပ်ဖြစ်စေဖို့ကူညီပေးတဲ့ အထောက်အကူပစ္စည်းဖြစ်ပါတယ်။






Some text some message..