ကျောက်ချဉ်ကိုသုံးပြီး ဝက်ခြံအမာရွတ်တွေကို ကုသနိုင်တဲ့ နည်းလမ်း ( ၃ ) ခု
mystylemyanmar.com
|
2024-02-08

ကျောက်ချဉ်ကို အများစုက ဂျိုင်းချွေးနံ့မနံအောင် သုံးကြပေမယ့် တကယ်တော့ အရေပြားအတွက် ကျောက်ချဉ်မှုန့်က နောက်ထပ်ကြီးမားတဲ့ အကျိုးကျေးဇူးတွေရှိပါသေးတယ်။

ဒါကတော့ အမာရွတ်ကင်းတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ဝက်ခြံအမာရွတ်တွေကို ကုသဖို့အတွက် ကျောက်ချဉ်ကို သုံးလို့ရတဲ့ နည်းလမ်းတွေပါ။ ဘယ်လိုသုံးလို့ရမလဲဆိုတာ ကြည့်ကြည့်ရအောင်။

1.ကျောက်ချဉ် နဲ့ Rosewater


ပုံမှန်သုံးပေးရင် အသားအရေကို ယားယံခြင်းမရှိဘဲ အမဲစက်များနဲ့ မျက်ကွင်းညိုတာကို သက်သာစေပါတယ်။

Rosewater ၂ ဇွန်း နဲ့ ကျောက်ချဉ်မှုန့် ၂ ဇွန်းတို့ကို ပျစ်နေအောင်မွှေပြီး မျက်နှာကိုလိမ်းပေးပါ။ မျက်နှာနဲ့ လည်ပင်းတစ်ဝိုက်ကိုလိမ်းပြီး ၁၀ မိနစ်လောက် ခြောက်အောင်ထားလိုက်ပါ။ ပြီးရင် ကြက်သီးနွေးရေနဲ့ ဆေးကြောပြီး ခြောက်အောင်သုတ်ပါ။

2. ကျောက်ချဉ် နဲ့ Glycerin Toner


ကျောက်ချဉ် မှာ ဝက်ခြံဖြစ်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်တဲ့ အရေပြားထဲက အဆီပိုတွေကို ဖယ်ရှားပေးတဲ့ Astringent ဂုဏ်သတ္တိရှိပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေက ရေ ½ ခွက် ၊ ကျောက်ချဉ်မှုန့် ¼ ဇွန်း ၊ ပင်စိမ်းရွက် လက်တစ်ဆုပ်စာ နဲ့ Glycerin 4-5 စက်ပါ။

အရင်ဆုံး ရေကိုကျိုပြီး ပင်စိမ်းရွက်နဲ့ ကျောက်ချဉ်မှုန့်တို့ကို ထည့်ပါ။ အမှုန့်ပျော်သွားပြီဆိုရင် အဖုံးပိတ်ပြီးအအေးခံပါ။ Spritzer ပုလင်းထဲထည့်ပြီး glycerin နည်းနည်းထည့်ပါ။ ရေခဲသေတ္တာထဲမှာ တစ်ရက် သိမ်းထားပြီးရင် သုံးလို့ရပါပြီ။ သုံးတဲ့အခါ မျက်နှာပေါ် Toner အနေနဲ့ဖြန်းပြီး ခြောက်အောင်သုတ်ပါ။ တစ်ရက်မှာ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သုံးပေးပါ။

3.ကျောက်ချဉ် နဲ့ Multani Mitti


ကျောက်ချဉ်မှုန့် ၁ ဇွန်း နဲ့ Multani Mitti ၂ ဇွန်း တို့ကို အမှုန့်လုံးဝကြေသွားတဲ့အထိ သမအောင် သေချာမွှေပေးပါ။ လည်ပင်း အပါအဝင် မျက်နှာပေါ် လိမ်းပေးပါ။15 မိနစ်လောက်ထားပြီးမှ ကြက်သီးနွေးရေနဲ့ ဆေးချလိုက်ပါ။




Some text some message..