Combination Skin သမားတွေရွေးသင့်တဲ့ အကောင်းဆုံး Cleaner ( ၅ ) မျိုး
mystylemyanmar.com
|
2024-02-08

မျက်နှာသစ်တဲ့အခါ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ မျက်နှာသစ်ဆေးကို သုံးဖို့ အရေးကြီးတာကြောင့် Combination Skin သမားတွေအနေနဲ့ ကိုယ့်အသားအရေနဲ့ကိုက်ညီတဲ့ မျက်နှာသစ်ဆေး ရှာနေရင် Combination Skin သမားတွေအတွက် ထုတ်ထားတဲ့ ဒီမျက်နှာသစ်ဆေးတွေကို သုံးကြည့်ပါ။

1. Aqualogica Detan+ Smoothie Face Wash


ဒီမျက်နှာသစ်ဆေးက ချွေးပေါက်တွေကို သန့်စင်ပေးပြီး ဆဲလ်သေတွေကို ဖယ်ရှားပေးပါတယ်။ မျက်နှာအသားအရေကို ဖြူစေတဲ့ ဒီမျက်နှာသစ်ဆေးက အသားအရေကို အစိုဓာတ်ထိန်းပေးတာကြောင့် အသားအရေ အမျိုးအစားအားလုံးပါ သုံးလို့ရပါတယ်။

2. Dr. Sheth’s Ceramide & Vitamin C Brightening Face Wash


သဘာဝအစိုဓာတ်ထိန်းညှိမှုကို မထိခိုက်စေဘဲ အရေပြားအတွင်းပိုင်းထဲက အဆီဖုနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးနိုင်တဲ့ ဒီမျက်နှာသစ်ဆေးက ဗီတာမင် C နဲ့ Ceramide တို့လို ပါဝင်ပစ္စည်းတွေပါတာကြောင့် အသားအရေမွဲခြောက်တာကို တိုက်ဖျက်ပေးပြီး အသားအရေအတွင်းပိုင်းထိ တောက်ပစေပါတယ်။

3. PILGRIM Spanish Squalane foaming face wash


ဒီမျက်နှာသစ်ဆေးမှာပါတဲ့ Squalane၊ kiwi extract နဲ့ vitamin B5 တို့က အသားအရေကို ရေဓာတ်ဖြည့်ပေးကာ အသားအရေကို ချောမွေ့စေတဲ့အပြင် ခရမ်းလွန်ရောင်ခြည်ကြောင့် အသားအရေ ထိခိုက်တာကနေ ကာကွယ်ပေးပါတယ်။ မိတ်ကပ်၊ အဆီနဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးပြီး ရေဓာတ်ကို ထိန်းညှိပေးတာကြောင့် သားအရေအမျိုးအစားအားလုံးအတွက် သင့်တော်ပါတယ်။

4. Raiz Face Wash


နူးညံ့တဲ့ Exfoliation Result ကို ရစေတဲ့ ဒီမျက်နှာသစ်ဆေးက အသားအရေကို နူးညံ့စေပြီး တောက်ပစေတဲ့အပြင် သခွားသီးအနှစ်နဲ့ ဂျင်ဆင်းတို့ ပါတာကြောင့် အရေပြားရဲ့ အစိုဓာတ်ကို ထိန်းပေးပါတယ်။ ဒါ့အပြင် အဆီပြန်တဲ့အသားအရေအတွက် ဒီမျက်နှာသစ်ဆေးဟာ အိုမင်းရင့်ရော်မှုလက္ခဏာတွေကို လျော့နည်းစေပြီး အသားအရေကို သဘာဝအတိုင်း သန့်စင်ပေးနိုင်ပါတယ်။

5. Conscious Chemist Salicylic Acid Face Wash


Gel Type ဖြစ်တဲ့ ဒီမျက်နှာသစ်ဆေးက ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီပိုတွေကို ဖယ်ရှားပေးပြီး နေလောင်ဒဏ်ကို လျှော့ချပေးတာကြောင့် အသားအရေကို ဖြူစေပြီး တောက်ပစေပါတယ်။




Some text some message..