
ဂျင်းကိုအပေါ်အောက်ဆင်တူဝတ်ခြင်းဟာ တော်တော်လေးခေတ်မဆန်ပုံပေါ်ပြီး ဖက်ရှင်မကျပုံပေါ်စေနိုင်ပေမဲ့ အခုလိုမျိုး လက်ရှည်ဂျင်းရှပ်ကိုအပေါ်ဝတ်နှင့်ဝတ်ဆင်ပြီး ဂျင်းစကပ်တိုလေးနှင့်တွဲဖက်လိုက်တာဟာ ပေါ့ပါးပြီးခေတ်ဆန်တဲ့ဂျင်းဝမ်းဆက်ဖက်ရှင်ကို ဖြစ်လာစေပါတယ်။

ဂျင်းကိုအခုလိုမျိုးဆန်းသစ်ပြီး ဖက်ရှင်ကျတဲ့ဒီဇိုင်းဖြစ်သွားအောင်ပြောင်းချုပ်ထားပြီးတော့ ဝတ်ဆင်လိုက်ခြင်းဟာလည်း ဂျင်းဝမ်းဆက်ဆိုပေမဲ့ ကြည့်ရမဆိုးဘဲ အတော်လေးခေတ်ဆန်ပြီးကြည့်ကောင်းတဲ့ဖက်ရှင်ဖြစ်စေပါတယ်။

ဂျင်းကိုပလိန်းမဟုတ်ဘဲ အခုလိုမျိုး ဖဲစတွေနှင့်ထွင်ချုပ်ထားမယ်ဆိုရင် အရောင်မတူတဲ့ဂျင်းတွေကိုဝမ်းဆက်အဖြစ်ဝတ်ဆင်လို့ရနိုင်ပါတယ်။

ဂျင်းတွေကို ဘော်ဒီအချိုးအစားလှတဲ့မိန်းကလေးတွေအနေနှင့်အခုလိုမျိုးဝတ်ဆင်လိုက်ရင် နဂိုအလှကိုပိုပြီးထင်းထွက်စေသလို ဖက်ရှင်ကျတယ်ဆိုတဲ့ခံစားချက်ကို ပထမဆုံးအမြင်မှာတင်ဖြစ်စေပါတယ်။

အခုနောက်ပိုင်း ဖန်တီးလာကြတဲ့ဂျင်းဝမ်းဆက်ဖြစ်တဲ့ ဂျင်းအင်္ကျီနှင့် စကပ်အရှည်တွေဟာလူငယ်တွေအကြိုက်ဖြစ်တဲ့ ဒီဇိုင်းတွေဖြစ်ပါတယ်။ ဂျင်းဝမ်းဆက်ဖြစ်ပေမဲ့ ခေတ်မှီပြီးတော့ လူငယ်တွေအတွက် အဆင်ပြေတဲ့ အမြဲတမ်းဝတ်စုံတစ်ခုဖြစ်လာပါတယ်။

Vest နှင့်စကပ်အတွဲကို ဂျင်းတွေနှင့်ဖန်တီးထားခြင်းဟာ တစ်ခြားဂျင်းဝမ်းဆက်တွေလိုမျိုးရိုးအီပြီးခေတ်ဟောင်းနေတဲ့ခံစားချက်မရစေဘဲ ဆန်းသစ်ပြီးတော့အတော်လေးကြည့်ကောင်းတဲ့ပုံရိပ်ကိုဖြစ်စေပါတယ်။