မိန်းကလေးတွေသုံးဖို့အတွက်အကောင်းဆုံးအဖြစ်နဲ့ သတ်မှတ်ဖော်ပြထားတဲ့ ရေမွှေးများ
mystylemyanmar.com
|
2024-03-17

ရေမွှေးကောင်းကောင်းလေးသုံးပေးတာက ကိုယ့်ရဲ့ကိုယ်နံ့လေးလို ဖြစ်စေပြီး ဖြတ်သွားတိုင်းမှာ အနံ့လေးကျန်ခဲ့တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါကြောင့် ဒီတစ်ခါမှာတော့ မိန်းကလေးတွေသုံးဖို့အတွက် အကောင်းဆုံးအဖြစ်နဲ့ သတ်မှတ်ဖော်ပြထားတဲ့ ရေမွှေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

Chanel Coco Mademoiselle Eau de Parfum Spray


သူ့ရဲ့ Top note က Orange, jasmine အနံ့လေးတွေဖြစ်လို့ အရမ်းမွှေးပါတယ်။ အနံ့လည်းကြာရှည်ခံပြီး နည်းနည်း Strong ဖြစ်ပါတယ်။ Best seller လည်းဖြစ်လို့ အနံ့ကောင်းတာ အနံ့စွဲတာကြိုက်ရင် ရွေးချယ်သင့်ပါတယ်။

Dior J’adore Eau de Parfum


သူ့ရဲ့ Top note က Ylang ylang, damascus rose, jasmine အနံ့လေးတွေဖြစ်ပြီး Fresh ဖြစ်စေတဲ့ ပန်းအနံ့လေးတွေ ဖြစ်ပါတယ်။ လူကြိုက်အရမ်းများတဲ့ရေမွှေးဖြစ်ပြီး ဆွတ်ထားရင် 8 နာရီကျော်ကြာအောင် အနံ့စွဲပါတယ်။

Tocca Eau De Parfum


Top note တွေကတော့ Bergamot, citrus, juniper, pink peppercorn mingle, florals, musks, woods တို့ပဲဖြစ်ပါတယ်။ ထူးခြားတဲ့အနံ့လေးနဲ့ Fresh ဖြစ်စေတာကြောင့် မိန်းကလေးတွေအတွက် အရမ်းလိုက်ဖက်ပါတယ်။

Dolce & Gabbana Light Blue Italian Love Eau de Toilette


Summer အတွက် အသင့်တော်ဆုံး ရေမွှေးဖြစ်ပါတယ်။ သူ့ရဲ့ Top note က Italian lemon, granny smith apple အနံ့တွေဖြစ်ပြီး အနံ့လည်းကြာရှည်ခံပါတယ်။ သူလည်း လူကြိုက်များတာပါပဲ။

Le Labo Santal 33 Eau de Parfum


Top note တွေက Cardamom, iris, violet, sandalwood, cedarwood တို့ဖြစ်ပြီး Luxury ဆန်တဲ့ အနံ့မျိုး ဖြစ်ပါတယ်။ ဆွတ်ထားရင် အနံ့ကြာရှည်ခံပြီး Date night အတွက် Perfect ပါပဲ။

Yves Saint Laurent Libre Eau De Parfum


Top note တွေက Lavender, orange blossom, musk accord တို့ဖြစ်ပါတယ်။ တချို့က သူ့အနံ့လေးကို Fresh & Delicious လို့ တင်စားကြပါတယ်။ မိန်းကလေးတွေဆိမှာ ရှိထားသင့်တဲ့အနံ့နဲ့ ရေမွှေးလို့တောင် ပြောလို့ရပါတယ်။

Gucci Bloom Eau de Parfum For Her


Top note တွေက Rangoon creeper, jasmine bud, tuberose ဖြစ်ပြီး ပန်းနံ့ကြိုက်တဲ့သူတွေ ရွေးချယ်သင့်တဲ့ ရေမွှေးဖြစ်ပါတယ်။ အနံ့လေးက အရမ်းချစ်ဖို့ကောင်းပြီး ဆွဲဆောင်မှုရှိတာကြောင့် Must have ပါပဲ။




Some text some message..