မိန်းကလေးတွေအတွက် ချစ်ဖို့ကောင်းပြီးလှပတဲ့ Mini Flower Tattoo Design များ
mystylemyanmar.com
|
2024-04-12

Tattoo ထိုးချင်တဲ့ မိန်းကလေးတွေအတွက် ချစ်ဖို့ကောင်းပြီးလှပတဲ့ Mini Flower Tattoo Design လေးတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းသေးတာမျိုးလည်းမဟုတ်တာကြောင့် ထိုးပြီး မပေါ်မှာကိုလည်း စိတ်ပူစရာမလိုပါဘူး။

လက်ကောက်ဝတ်နေရာလေးမှာဆိုရင် ပန်းပွင့်ထက် ဒီလိုပန်းခတ်လေးတွေထိုးတာက ပိုလှပါတယ်။


အရမ်းလှပြီး သပ်ရပ်တဲ့ ဒီ Tattoo Design လေးကလည်း ပန်းပုံစံထိုးချင်တဲ့သူတွေ ရွေးချယ်သင့်တဲ့ Tattoo Design တစ်ခုပါပဲ။


နားအနောက်မှာ ပန်းပွင့်ပုံလေးတွေထိုးတာလည်း အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။ ဒီလိုတစ်ပွင့်ထဲဆိုရင်တော့ ချစ်ဖို့ကောင်းတာပေါ့။


ဒီ Tattoo Design လေးဆိုရင် ပန်းပွင့်လေးနဲ့ ပွင့်ဖတ်လေးကြွေနေတဲ့ပုံစံလေးပါ ထိုးထားတာဖြစ်လို့ အနုပညာဆန်ပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းပါတယ်။


ရင်ဘတ်နား၊ ပခုံးနားထိုးမယ်ဆိုရင် ဒီ Tattoo Design လေးက အရမ်းလှပါတယ်။ Mini လေးတွေလည်းထိုးချင်တယ်၊ တစ်ခုထဲဆို မပေါ်မှာလည်းစိုးတယ်ဆိုရင် ဒီ Tattoo Design လေးသာ ရွေးချယ်လိုက်နော်။


ပေါင်မှာ ဒီလိုလေးထိုးတာလည်း အရမ်းလှပါတယ်။ သူများထက်ဆန်းချင်ရင် ဒီလိုလေးထိုးကြည့်ပါ။ Color လေးတွေနဲ့မို့ အမြင်မရိုင်းပါဘူး။


ရင်ဘတ်နားမှာ တစ်ပွင့်ထဲထိုးချင်တာဆိုရင်တော့ ဒီ Tattoo Design လေးက သေးသေးလေးနဲ့ အရမ်းလှပါတယ်။


ပန်းပွင့်ကို လိပ်ပြာလာနားတော့မယ့်ပုံစံလေး ထိုးထားတာ အရမ်းလှပြီး ချစ်ဖို့လည်းကောင်းပါတယ်။ ပန်းပွင့်လည်းထိုးချင်တယ်၊ လိပ်ပြာပုံလေးကလည်း မိန်းကလေးတော်တော်များများ ထိုးကြလို့ ထိုးချင်တယ်ဆိုရင် ဒီ Tattoo Design လေးကိုသာ ရွေးချယ်လိုက်ပါ။


Foot Chain ပုံစံဖြစ်အောင် ပန်းပုံလေးတွေကို ဒီလိုလေးလည်း ထိုးလို့ရသေးတယ်နော်။ အရမ်းလှတဲ့ Tattoo Design လေးပါပဲ။


ပန်းတစ်ပွင့်လေးနဲ့ ကိုယ်ရေးချင်တဲ့စာသားကိုရေးပြီးတော့ ဒီလိုလေးထိုးကြည့်ပါ။ ချစ်ဖို့ကောင်းပြီး အဓိပ္ပါယ်ရှိနေပါလိမ့်မယ်။


လက်ချောင်းလေးတွေမှာ လက်စွပ်ဝတ်ထားသလိုပုံစံလေးလည်း ထိုးလို့ရပါတယ်။ ပန်းပွင့်ပုံလေးတွေထိုးတာဆိုတော့ ပိုလှတာပေါ့။


လက်မှာ ဒီလို Tattoo Design လေးထိုးတာကျတော့ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။





Some text some message..