2 ပတ်အတွင်းမှာ လက်မောင်းအဆီလျော့ကျသွားစေမယ့် ထိရောက်သော Exercise 7 မျိုး
mystylemyanmar.com
|
2024-04-22

လက်မောင်းမှာအဆီတွေရှိနေလို့ လက်မောင်းကြီးသလို ခံစားနေရတဲ့သူတွေအတွက် 2 ပတ်အတွင်းမှာ လက်မောင်းအဆီတွေ သိသိသာသာလျော့ကျသွားစေမယ့် ထိရောက်သော Exercise 7 မျိုးကို မျှဝေပေးလိုက်ပါတယ်။

Overhead Tricep Extension


အလေးတုံးကိုကိုင်ပြီးလုပ်ရမယ့် Exercise ဖြစ်ပါတယ်။ အလေးတုံးမရှိရင် ရေသန့်ဘူးအကြီးကိုကိုင်ပြီးလုပ်လည်း ရပါတယ်။ ပုံမှာလုပ်ပြထားတဲ့အတိုင်းကိုင်ပြီး လက်ကိုအပေါ်ဆန့်လိုက်၊ ပြန်ကွေးလိုက် လုပ်ပေးရမှာပါ။ အနည်းဆုံး 15 ကြိမ် လုပ်ပေးပါ။

Chair Dips


ထိုင်ခုံကိုအနောက်မှာထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်းနေကာ လက်ကိုပဲအားပြုပြီး မတ်တပ်ရပ်လိုက်၊ အဲ့ပုံထဲကအတိုင်း ပြန်ထိုင်လိုက် လုပ်ပေးရမှာမျိုး ဖြစ်ပါတယ်။ အကြိမ် 20 လုပ်ပေးရင်ရပါပြီ။

Counter Push-Ups


စားပွဲခုံပေါ်လက်ထောက်ပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်းနေကာ လက်ကိုကွေးလိုက်၊ ပြန်ဆန့်လိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒါလည်း အကြိမ် 20 လုပ်ပေးရပါမယ်။

Knee Push-Ups


ခြေထောက်နှစ်ဖက်ကို ပုံမှာလုပ်ပြထားတဲ့အတိုင်းယှက်ထားပြီး Push-Ups လုပ်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး 15 ကြိမ်ရအောင် လုပ်ပေးပါ။

Floor Tricep Dips


လက်ဖဝါးနှစ်ဖက်ကို အနောက်ပြန်ထောက်ထားပြီး ပုံမှာလုပ်ပြထားတဲ့အတိုင်းနေကာ လက်ကိုကွေးလိုက်၊ ဆန့်လိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ အနည်းဆုံး 15 ကြိမ်ရအောင် လုပ်ပေးပါ။

Arm Circles


လက်မောင်းကို စက်ဝိုင်းပုံစံလှည့်ပေးရမယ့် Exercise ဖြစ်ပါတယ်။ ကိုယ်လှည့်နိုင်သလောက်သာ လှည့်ပေးပါ။

Single-Arm Lateral Raise


လက်တစ်ဖက်က အလေးကိုကိုင်ပြီး ဘေးကိုဆန့်ထုတ်လိုက်၊ ပြန်ချလိုက် လုပ်ပေးရမှာ ဖြစ်ပါတယ်။ အဲ့အတိုင်း ဘယ်ညာတစ်လှည့်စီ တစ်ဖက်ကို အနည်းဆုံး 15 ကြိမ်စီ လုပ်ပေးရပါမယ်။




Some text some message..