Cargo စကပ်ရှည်ကို ဘာတွေနှင့်တွဲဖက်ဝတ်ဆင်မလဲ
mmload.com
|
2024-04-24

စကပ်အရှည်ဖြစ်တာကြောင့် ချက်ဖော်ပေးတဲ့ top အတိုလေးတွေနှင့် အပေါ်ဝတ်အတိုလေးတွေနှင့်တွဲပြီးဝတ်ဆင်နိုင်ပါတယ်။ ဒီလိုဖက်ရှင်ဟာလူငယ်တွေကြားမှာမကြာခဏတွေ့ရတတ်တဲ့ဖက်ရှင်ဖြစ်ပါတယ်။ 


Tee အပွကြီးနှင့် ကာဂိုစကပ်ရှည်ဟာမလိုက်ဖက်လောက်ဘူးလို့ထင်ရပေမဲ့ တွဲဖက်ဝတ်လိုက်ရင် အဆင်ပြေတဲ့ ဖက်ရှင်တစ်ခုဖြစ်ပါတယ်။ 


ကာဂိုစကပ်ရှည်တွေနှင့်အလိုက်ဖက်ဆုံးလို့ဆိုနိုင်တဲ့ ရင်ပြတ် Top တွေကတော့ တော်တော်လေးလိုက်ဖက်တဲ့အတွဲအစပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖက်ရှင်ဟာ အရပ်ပုတဲ့သူတွေအတွက်တော့ သိပ်ပြီးအဆင်ပြေမှာမဟုတ်ပါဘူး။ ပိုပုသွားသလိုမျိုးဖြစ်စေနိုင်တာကြောင့်ဖြစ်ပါတယ်။ 


ဆောင်းရာသီမှာဝတ်နိုင်တဲ့ ဒီအတွဲအစပ်ကလည်း အတော်လေးလူကြိုက်များနိုင်တဲ့အတွဲအစပ်ဖြစ်ပါတယ်။ ကုတ်အပွနှင့် ကာဂိုစကပ်ရှည်ဟာ ရာသီဥတုဒဏ်ကိုခံနိုင်စေသလို ဖက်ရှင်လည်းအတော်လေးကျနေတာကြောင့်ဖြစ်ပါတယ်။ 


ဆွယ်တာအပွတွေနှင့် စကပ်ရှည်တွေဟာမလိုက်ဖက်လောက်ဘူးလို့ထင်ရပေမဲ့ အတော်လေးလိုက်ဖက်ပြီးတော့ ကြည့်ကောင်းတဲ့ဖက်ရှင်ပါ။ 


Tank Top တွေနှင့် တွဲဖက်ဝတ်ဆင်တာကလည်း စတိုင်ကျပြီးတော့ အတော်လေးကြည့်ကောင်းတဲ့ဖက်ရှင်ပေါင်းစပ်မှုဖြစ်ပါတယ်။ ဒီပေါင်းစပ်မှုဟာ ကာဂိုစကပ်ရှည်တွေစပေါ်လာကတည်းကနေ အခုချိန်ထိရေပန်းစားလူကြိုက်များနေဆဲဖြစ်တဲ့ ဖက်ရှင်ပါ။ 




Some text some message..