စမတ်ကျတဲ့ အသွင်ဆောင်စေနိုင်ဖို့ လက်စွပ်ဝတ်တဲ့အခါ သတိထားရမယ့်အရာများ
mystylemyanmar.com
|
2024-05-14

Luxury style အထာကျဖို့နဲ့ ဖက်ရှင်ကျကျ ဝတ်စားတတ်သူတစ်ယောက် ဖြစ်ဖို့အတွက်ဆိုရင် နာရီကောင်းကောင်းတစ်လုံးအပြင် အခြား Accessories တွေလဲ တွဲဖက်ဝတ်ဆင်တတ်ဖို့ လိုပါမယ်။

အဓိကအရေးကြီးဆုံးကတော့ ကိုယ်နဲ့လိုက်ဖက်မယ့် လက်စွပ်ကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ပါပဲ။

ဒါကြောင့်သင့်ကို စမတ်ကျတဲ့ အသွင်ဆောင်စေနိုင်ဖို့ လက်စွပ်ဝတ်ဆင်ရာမှာ ဘယ်လိုအရာတွေ သတိထားရမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘယ်လက်ညာလက် ရွေးမနေပါနဲ့တော့


Accessoriesတွေ ဝတ်ဆင်ရာမှာ နည်းလေကောင်းလေလို့ ပြောကြတာကတော့ လက်စွပ်တွေပါ။ တကယ်လို့ သင့်လက်တစ်ဖက်မှာ လက်ထပ်လက်စွပ်နဲ့ နာရီတစ်လုံးပတ်ထားရင်တောင် ကျန်လက်မှာလဲ တစ်ကွင်းကနေ နှစ်ကွင်းထိ ဝတ်ဆင်နိုင်သေးတာပါပဲ။ ဘယ်လက်မှညာလက်မှ ခွဲခြားနေစရာ မလိုတော့ပါဘူး။

(၂) လက်အချိုးစားအလိုက် ဝတ်ဆင်ပါ


အနုပညာလက်ချောင်းတွေလို သွယ်လျနေတဲ့လက်ပိုင်ရှင်ဆိုရင်တော့ ပါးလျလျလက်စွပ်တွေနဲ့ အင်မတန်လိုက်ဖက်မှာ အသေချာပါပဲ။ ဒါပေမဲ့ သင့်လက်ဆစ်တွေက ကြီးမယ်ဆိုရင်တော့ အပြားခပ်သေးသေး လက်စွပ်နဲ့ မလိုက်ဖက်နိုင်ပါဘူး။

ဒါကြောင့်လက်စွပ်ဝတ်တော့မယ်ဆိုရင် ကိုယ့်လက်နဲ့ အချိုးစားညီမညီ အရင်စမ်းကြည့်ပြီးမှ ဝတ်ဆင်ပါ။

(၃) ကိုယ့်ရဲ့lifestyleနဲ့ ကိုက်ညီအောင်ရွေးပါ


သင်ကအနုပညာရှင်တစ်ယောက်ဆိုရင်တော့ ခေတ်ရှေ့ပြေးပြီးဂေါ်တဲ့ လက်စွပ်ခပ်ကြီးကြီးတွေနဲ့ လိုက်ဖက်မှာပါ။ ဒါပေမဲ့ သင်က ရုံးလုပ်ငန်းတွေမှာ လှုပ်ရှားသွားလာနေရတဲ့ လူတစ်ယောက်ဆိုရင်တော့ Bling Bling ထနေစေမယ့် လက်စွပ်တွေက သင့်တော်မနေနိုင်ပါဘူး။ အဲ့အစား နေ့စဉ်နေရာမရွေး ဝတ်ဆင်ထားနိုင်မယ့် လက်စွပ်မျိုးကိုပဲ ရွေးချယ်ပါ။

(၄) Confidence အပြည့်ရှိနိုင်မယ့် လက်စွပ်မျိုးပဲဝတ်ပါ


ကိုယ့်ကိုယ်ကို confidence အပြည့်မရှိရင် ဘယ်လိုအဝတ်အစားမျိုးပဲ ဝတ်ဆင်ထားပါစေ အပြည့်အဝမတောက်ပနိုင်ပါဘူး။ လက်စွပ်မှာလဲ ထိုနည်းတူပါပဲ။

ကိုယ်အချိန်တိုင်းနီးပါး စွပ်ထားမယ့် လက်စွပ်ကိုဝတ်ဖို့ confidence အပြည့်ရှိနေဖို့ လိုပါတယ်။ ကိုယ်တကယ်သဘောကျပြီး အမြဲဝတ်ထားရဲတဲ့ လက်စွပ်ဖြစ်ဖို့ဆို မဝယ်ခင်ထဲက ဆိုင်မှာသေချာဝတ်ကြည့်ဖြစ်ဖို့က အရေးကြီးဆုံးပါပဲ။




Some text some message..