
                                                                                                ခရီးထွက်ကြမယ်ဆိုရင် လှလှပပဝတ်ဆင်ရတယ်ဆိုတဲ့ အယူတွေက လွဲမှားနေတာပါ။ Throwback အနေနဲ့ ပြန်ပြောရရင် ပြင်ပတွေသွားရမယ့် လေယာဉ်ခရီးစဉ်တွေအတွက်ဆို Formal ဖြစ်တဲ့ Suit မျိုးတွေနဲ့ ဝတ်ဆင်ကြတာများပါတယ်။ ခုနောက်ပိုင်းတော့ ပေါ့ပေါ့ပါးပါး ဖက်ရှင်တွေပဲ ဝတ်ဆင်လာကြပါပြီ။ 
                                                                                                Airport Style ဆိုပြီး အတိအကျမရှိတော့ပါဘူး။ Onboard မှာ လိုက်ပါလို့ အဆင်ပြေပြီး ဖက်ရှင်အရလည်း ဒိတ်မအောက်တဲ့ အဝတ်အစားကိုပဲ ဦးစားပေးလာပါတယ်။
                                                                                                
 
                                                                                                 
                                                                                                
                                                                                                ဒီလိုရာသီတွေမှာ ခရီးထွက်ကြတာများပါတယ်။ ခရီးသွားရင်လည်း လမ်းမှာပေါ့ပေါ့ပါးပါ့းဖြစ်ဖို့ လိုပါသေးတယ်။ Ripped Jeans တွေလို ကျပ်တဲ့ဘောင်းဘီတွေဝတ်မယ့်အစား Sweat Pants ကိုဝတ်ဆင်သင့်ပါတယ်။ အပြဲတွေထက်စာရင် ကြည့်ရတာလည်း မရိုင်းတဲ့အပြင် သွားလာရတာအဆင်ပြေစေမှာပါ။ ခရီးသွားရင်လည်း သူ့ Style နဲ့သူ ရှိသင့်ပါတယ်။
                                                                                                
 
                                                                                                 
                                                                                                
                                                                                                Sweat Pants တွေကို ခရီးသွားရင်ဘာလို့ဝတ်လာကြလဲဆိုတော့ လွတ်လွတ်လပ်လပ်ဖြစ်စေလို့ပါပဲ။ အိမ်မှာနေတဲ့အခါ ဝတ်တဲ့အပြင် မနက်ထပြေးတဲ့အခါတွေမှာလည်း ဝတ်လေ့ရှိတဲ့ Home Wear တွေကို အခုဆိုဖက်ရှင်တစ်ခုအနေနဲ့ ခရီးထွက်တဲ့အခါ ဝတ်ဆင်လာကြပါတယ်။ 
                                                                                                အဖြေကတော့ရှင်းပါတယ်။ အခုနောက်ပိုင်းထွက်လာတဲ့ Sweat Pants ဘောင်းဘီတွေက ပိုပြီးဒီဇိုင်းတွေ ဆန်းလာတဲ့ အပြင်ဖက်ရှင်လောကထဲမှာလည်း နေရာရလာလို့ပါပဲ။
                                                                                                သူ့ရဲ့အားသာချက်က သားရေကြိုးနဲ့ Free ဆိုဒ်ဘောင်းဘီဖြစ်တာကြောင့် ပိန်ပိန်ဝဝ ဝတ်လို့ရပါတယ်။ ခရီးသွားတဲ့အခါ ဘာကြောင့်မရှိမဖြစ်လိုအပ်သလဲဆိုတာတော့ အဝတ်အစားပေါ်အာရုံမရောက်ဘဲ အေးအေးဆေးဆေးသွားနိုင်မယ့်အပြင် ဖက်ရှင်အရလည်း အမြင်လှစေဖို့ အကြံပေးလိုက်ရခြင်းပဲဖြစ်ပါတယ်။