ဖိနပ်ပေါက်တာကို လွယ်လွယ်ကူကူ ရှောင်ရှားနိုင်ဖို့ အကြံပြုချက် ( ၈ ) ချက်
mystylemyanmar.com
|
2024-05-27

ဖိနပ်အသစ်စီးတိုင်း တော်တော်များများကြုံရတဲ့ပြဿနာက ဖိနပ်ပေါက်တာပါ။ အသစ်စီးတိုင်း အမြဲကြုံရတာက တကယ်စိတ်ညစ်စရာပါ။ ဒီလို ဖိနပ်ပေါက်တာကို စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချနဲ့ ဖိနပ်အသစ်ကို စီးနိုင်ဖို့ လှည့်ကွက်တချို့ကို ဝေမျှပေးချင်ပါတယ်။

1. ဆီ


ဖိနပ်အသစ်မစီးခင် ဖိနပ်အနားလေးတွေကို ဆီသုတ်ပေးတာက ဖိနပ်ပေါက်တာကို သက်သာစေတဲ့အပြင် ဖိနပ်ကြောင်း အသားယားတာကိုလည်း သက်သာစေပါတယ်။

2. Petroleum Jelly


ခြေထောက်ကို Petroleum Jelly လိမ်းပေးရင် အရည်ကြည်ဖုထတာကို သက်သာစေပြီး ခြေဖဝါးကို အစိုဓာတ်ထိန်းဖို့လည်း ကူညီပေးပါတယ်။

3. Baby Powder


Baby Powder ဖြူးပေးရင်လည်း ဖိနပ်ပေါက်တာ သက်သာပါတယ်။

4. ရှားစောင်းလက်ပတ်ဂျယ်လ်


အဆီပါတဲ့ ရှားစောင်းလက်ပတ်ဂျယ်လ်ကို လိမ်းပေးရင်လည်း ဖိနပ်ပေါက်တာကို သက်သာစေပါတယ်။

5. ပတ်တီး


ခြေထောက်နဲ့ဖြစ်ဖြစ်၊ ဖိနပ်မှာဖြစ်ဖြစ် ကပ်ပေးရင်လည်း ဖိနပ်မပေါက်အောင် ကာကွယ်ပေးပါတယ်။

6. ရေခဲအိတ်


ဖိနပ်ပေါက်လို့ ခြေထောက်ရောင်တာမျိုးဖြစ်တဲ့အခါမျိုးမှာ ရေခဲအိတ်နဲ့ 10-15 မိနစ်ကြာကပ်ပေးရင်လည်း ရောင်တာ ထောင်တာမျိုးကို သက်သာစေပါတယ်။

7. ရေနွေးအိတ်


ကြွက်သားတွေတင်းတာ အသားယားတာမျိုး ၊ ထုံတာ ကျင်တာမျိုးဆို ရေနွေးအိတ်ကပ်ပေးပါ။

8. Tea Bags


လက်ဖက်ခြောက်အိတ်ကို ရေနွေးနွေးလေးနဲ့ စိမ်ထားပြီးမှ အအေးခံပြီး ဖိနပ်ပေါက်တဲ့နေရာကို လိမ်းပေးရင်လည်း ဖိနပ်ပေါက်တာကို သက်သာစေပါတယ်။




Some text some message..