မျက်ရစ်မရှိတဲ့ကောင်မလေးတွေအတွက် လှပတဲ့ Daily Makeup Look ပြင်နည်း
mystylemyanmar.com
|
2024-05-28

ဒီတစ်ခါမှာတော့ မျက်ရစ်မရှိတဲ့ ကောင်မလေးတွေအတွက် လှပတဲ့ Daily Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ ပြင်ဆင်ရတာလည်း အရမ်းမခက်ခဲတဲ့အတွက် အဆင်ပြေမှာပါ။

အရင်ဆုံးအောက်ခံ Foundation ကို လိမ်းပါမယ်။


အညိုရောင် Eyeshadow or Powder အညိုနဲ့ နှာတံဖော်ပါမယ်။



မျက်ခုံးအောက်နားနဲ့ မျက်ကွင်းနေရာနားတစ်ဝိုက်ကို ပန်းရောင်နုနုလေးဖြစ်တဲ့ ပါးနီ (သို့) Eyeshadow ခြယ်ပါမယ်။


မျက်ခုံးမွှေးဆွဲပါမယ်။ မျက်ခုံးမွှေးကို တစ်မျှင်ချင်း သေချာသပ်သပ်ရပ်ရပ်လေးဖြစ်အောင် ဆွဲပေးပါ။


ပန်းရောင်နဲ့အညိုရောင် Eyeshadow ကိုစပ်ပြီးတော့ မျက်လုံးအောက်နားထောင့်လေးကို ခြယ်ပါမယ်။


မျက်ခွံကိုလည်း ပန်းရောင်နဲ့အညိုရောင် Eyeshadow ကိုပဲ စပ်ပြီးတော့ခြယ်ပါမယ်။


အညိုရောင် Eyeshadow ကို မျက်ခွံတစ်ဝက် ထပ်ခြယ်ပါမယ်။


ခဲရင့်ရောင် Eyeshadow ကို မျက်ခွံထောင့်မှာ တစ်ဝက်လောက် ပုံမှာခြယ်ပြထားသလို ခြယ်ပေးပါ။


ပြီးရင် Eyeshadow Brush နဲ့ Blend လုပ်လိုက်ပါ။


ပြီးရင်တော့ Eyeliner ဆွဲပါမယ်။ မျက်ရစ်မရှိတဲ့သူတွေက Eyeliner ကို အရမ်းပါးအောင်မဆွဲပါနဲ့။ Wings ထွက်အောင်လည်း ဆွဲပေးပါ။


Eye Look လေးပိုလှသွားအောင် မျက်တောင်တုတပ်ပါမယ်။ အရမ်းကြီးတာမျိုးမဟုတ်ပဲ Normal Size လေးပဲ တပ်ပေးပါ။ ပြီးရင် Mascara နဲ့ မျက်တောင့်ကော့ပါမယ်။



အဖြူရောင် Eyeshadow (သို့) Highlighter ကို မျက်လုံးအောက်နားနဲ့ မျက်လုံးအရှေ့ထောင့်လေးမှာ ခြယ်ပါမယ်။



နှုတ်ခမ်းနီကို အညိုရောင်ဘက်သွားတာပဲဖြစ်ဖြစ် ကိုယ်ကြိုက်တဲ့အရောင် ဆိုးလို့ရပါတယ်။ ဒါပေမယ့် အရမ်းတောက်တဲ့ Color တွေမဆိုးပဲ ငြိမ်တဲ့ Color လေးပဲ ဆိုးပေးပါ။


ဒါဆိုရင်တော့ မျက်ရစ်မရှိတဲ့ ကောင်မလေးတွေအတွက် လှပတဲ့ Daily Makeup Look လေးကို ရရှိသွားပါပြီ။





Some text some message..