သင့်ကိုအရပ်ရှည်တဲ့အသွင် ဖြစ်စေနိုင်မယ့် ဖက်ရှင်စတိုင်လ်များ
mystylemyanmar.com
|
2024-06-19

တကယ်တော့ အရပ်ပုတာဟာ စိတ်ရှုပ်စရာ စိတ်ညစ်စရာမဟုတ်ပါဘူး။ ဒေါက်မြင့်ဖိနပ်လှလှလေးတွေစီးပြီး အရပ်ရှည်တဲ့သွင်ကို စမတ်ကျကျ ဖန်တီးနိုင်ပါတယ်။

ဒါပေမယ့်လည်း အရပ်ရှည်တယ်ထင်ရဖို့ ကိုယ့်အတွက်တောင့်သက်သာမရှိလှတဲ့ ဒေါက်ဖိနပ်အမြင့်ကြီးတွေလည်း အမြဲတမ်းစီးစရာမလိုပါဘူး။

ဖက်ရှင် Tip & Tricks တွေကို နားလည်ပြီး အရပ်ရှည်တဲ့အသွင်ကို ဖန်တီးဝတ်ဆင်တတ်ရင် အရပ်ရှည်တဲ့သူတွေထက်တောင်ပိုပြီး စတိုင်ကျကျနဲ့ လန်းနိုင်ပါတယ်။

ဘယ်လိုဖက်ရှင်မျိုးက သင့်ကိုအရပ်ရှည်တဲ့အသွင်ဖြစ်စေနိုင်လဲဆိုတာ ကြည့်ရအောင်။




၁။ လူတော်တော်များများကတော့ Maxi Skirt လို့ ခေါ်တဲ့ ခြေမျက်စိဖုံးတဲ့ စကဒ်ရှည်ရှည်တွေကို အရပ်ပုတဲ့သူတွေနဲ့ မလိုက်ဖက်ဘူးလို့ ထင်ကြပါတယ်။ တကယ်တော့ Cutting ကောင်းတဲ့ Maxi Skirt တွေဟာ သင့်ကို အရပ်ရှည်တဲ့အသွင်ဖြစ်စေနိုင်ပါတယ်။ အပေါ်ဝတ် Top ကိုတော့ ကိုယ်နဲ့ Fitting ဖြစ်တာမျိုးကို ရွေးချယ်ပါ။




၂။ High Waisted ဘောင်းဘီတွေကလည်း သင့်ကိုအရပ်ရှည်သယောင်ဖန်တီးပေးနိုင်ပါတယ်။ ဘောင်းဘီ အတို (သို့) အရှည် မိမိနှစ်သက်ရာကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။




၃။ အရပ်ရှည်တဲ့အသွင်ဖြစ်စေဖို့ အဝတ်အစားရွေးချယ်တဲ့အခါမှာ အပေါ်အောက် အရောင်ကွဲတွေထက် အရောင်တူတာမျိုးကို ဝတ်ဆင်ပါ။



၄။ Vertical Stripes လို့ ခေါ်တဲ့ ဒေါင်လိုက်စင်း အဝတ်အစားမျိုးကလည်း သင့်ကိုအရပ်ရှည်တဲ့အသွင် ဖြစ်အောင် ပံ့ပိုးပေးနိုင်ပါတယ်။



၅။ ဖိနပ် ရွေးချယ်တဲ့အခါမှာ အနိမ့်ပဲဖြစ်ဖြစ်၊ အမြင့်ပဲဖြစ်ဖြစ် ထိပ်အချွန်ဖိနပ်မျိုးကိုပဲ ရွေးချယ်ပါ။ ထိပ်ဝိုင်းဖိနပ်တွေက သင့်ကိုလက်ရှိအရပ်ထက်ပိုပြီး ပုတယ်လို့ထင်ရစေတာမို့ပါ။

၆။ လည်ပင်းပေါက်ကို V Shape ပုံစံမျိုး ဝတ်ဆင်ခြင်းကလည်း သင့်ရဲ့ကျော့ရှင်းတဲ့လည်တိုင်ကို ပေါ်လွင်စေတာမို့ အရပ်ရှည်တယ်လို့ထင်ရစေမှာပါ။

၇။ အင်္ကျီနဲ့ စကဒ် ဝမ်းဆက်ပဲဖြစ်ဖြစ် တဆက်တည်းဂါဝန်ပဲဖြစ်ဖြစ် ဝတ်ဆင်တဲ့အခါ ခါးမှာ ခါးပတ်သေးသေးလေးပတ်ပြီးဝတ်ဆင်တာက ဒီတိုင်းကြီးဝတ်တာထက် သင့်အသွင်ကို ပိုပြီး သွယ်လျကျော့ရှင်းစေပါတယ်။


၈။ သင့်ရဲ့ဆံပင်တွေကို ထိပ်မှာ ဆံထုံးခပ်မြင့်မြင့်လေးထုံးပေးခြင်းဖြင့်လည်း သင့်ရဲ အသွင်ကို ရှည်သွယ်သယောင်ဖန်တီးနိုင်ပါတယ်။

၉။ နောက်ဆုံးအချက်အနေနဲ့ အကြံပေးချင်တာက အဝတ်အစားရွေးချယ်တဲ့အခါမှာ ရှည်လည်းမရှည် တိုတာလည်း မဟုတ်တဲ့ ဟိုမရောက် ဒီမရောက် ဖက်ရှင်တွေက သင်နဲ့အဆင်မပြေလှပါဘူး။ အရှည်ဆိုရင်လည်း ရှည်လွန်းတာမျိုး အတိုဆိုရင်လည်း Super Short အသွင်မျိုးကို ဝတ်ဆင်ပါ။

Images Source: Pinterest




Some text some message..