အမျိုးသားများအတွက် ၂၀၁၉ ခုနှစ်မှာ ရွေးချယ်သင့်တဲ့ ဆံပင်အရောင်များ
myanmaplatform.com
|
2019-01-07



၂၀၁၉ ခုနှစ်အတွင်းမှာ လူငယ်တွေအကြားရေပန်းစားပြီး ယောကျ်ားလေးအများစု ကြိုက်နှစ်သက်ကြမယ့် ဆံပင်အရောင်များကို ဖော်ပြပေးချင်ပါတယ်။ ဆံပင်တိုရင်ဘယ်လိုအရောင်နဲ့ လိုက်ဖက်မှုရှိမလဲ၊ ဆံပင်ရှည်ရင် ဘယ်လိုအရောင်နဲ့ လိုက်ဖက်မှုရှိလဲ၊ လူငယ်တွေအတွက်ရော ဘယ်လိုအရောင်က သင့်တော်မှုရှိမလဲ ဆိုတာတွေကိုအခုပဲဖော်ပြပေးလိုက်ပါတယ်။


(၁) တည်ငြိမ်တဲ့အညိုရောင်ဆံပင်ကာလာ


------------------------------







ဆံပင်ရှည်တဲ့သူတွေနဲ့ တကယ့်ကိုလိုက်ဖက်မှု ရှိမယ့်အရောင်ပါပဲ။ စမတ်ကျပြီးတော့ မိန်းကလေးအများစု ကြိုက်နှစ်သက်ကြတဲ့အရောင်ဖြစ်တာမို့လို့ နှုတ်ခမ်းနီမလေးတွေ ဆွဲဆောင်မှုရှိနေမှာအမှန်ပါပဲ။အညိုရောင်က ဘယ်တော့မှ မရိုးနိုင်တဲ့ ဆံပင်ကာလာထဲမှာ ပါဝင်တဲ့အတွက် လူကြိုက်များကြပါတယ်။


(၂)အညိုရင့်ရောင်


------------------







သက်လတ်ပိုင်းအရွယ်တွေနဲ့ gentleman ဆန်တဲ့အမျိုးသားများအတွက် လိုက်ဖက်မှု ရှိစေမယ့်အရောင်ပါပဲ။ ဆံပင်ဖြူထွက်လာလို့ စိတ်ညစ်မနေပါနဲ့။အညိုရင့်ရောင်ကို ဆိုးပြီး ဖုံးအုပ်နိုင်ပါတယ်။ လူငယ်တွေအတွက်သာမကအသက်အရွယ်မရွေး သင့်တော်မှု ရှိတဲ့အရောင်ဖြစ်တာမို့လို့အညိုရင့်ရောင်ကလည်း ရွေးချယ်သင့်တဲ့အရောင်ထဲမှာ ပါဝင်ပါတယ်။


(၃) လူငယ်ဆန်ဆန် ကာလာပေါင်းစပ်မှု


-----------------------------







လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့ လူငယ်ဆန်ဆန်ပုံစံကို သဘောကျတယ်ဆိုရင်တော့ ကာလာပေါင်းစပ်မှုကအထာကျလွန်းပါတယ်။ ဟိုက်လိုက်ဖောက်တာမျိုးလည်း မဟုတ်ဘဲနဲ့ ဆံပင်အပေါ်ယံလွှာကို တောက်ပတဲ့အရောင် ဆိုးလိုက်တာမျိုးပါ။ နဂိုဆံပင်အနက်ရောင် ပေါ်မှာကိုမှ ခရမ်းဖျော့ရောင်၊အနီရောင်၊ ကြေးနီရောင် စတဲ့အရောင်ကို ဆံသားအပေါ်လွှာမှာ ဆိုးလိုက်ပါ။ ဒါဆိုရင် ဆံသားပျက်စီးမှုကလည်း ထင်သလောက်မပျက်စီးတော့ဘဲ မလိုချင်တော့တဲ့အခါမှာဆိုရင် ညှပ်ထုတ်လိုက်ရုံပါပဲ။


(၄) တောက်တောက်ပြောင်ပြောင်အမည်းရောင်


-----------------------------------







အရောင်ကာလမျိုးစုံကို မဆိုးချင်ဘူး၊ လူအများကြား ကွဲထွက်နေတာမျိုးကို မလိုချင်ဘူးဆိုရင်တော့ တောက်ပြောင်တဲ့အမည်းရောင်ကို ဆိုးလိုက်ပါ။ ဆံပင်အမည်းရောင်က ဆွဲဆောင်မှု မရှိဘူးလို့ မထင်လိုက်ပါနဲ့နော်။ ဆံပင်ဘေးဘက်ကိုအပြောင်ရိတ်လိုက်ပြီး၊အလယ်ကဆံပင်တွေကိုအမည်းရောင် ဆိုးလိုက်ရင် တကယ့်ကိုအထာကျပြီး လူငယ်ဆန်ပါတယ်။


(၅) Gentleman ဆန်တဲ့ ရွှေအိုရောင်ဆံပင်ကာလာ


-------------------------------------







သက်လတ်ပိုင်းအရွယ် ဖြစ်တာမို့လို့ ဆံပင်အရောင်ဆိုးလိုက်ရင် ကလေးဆန်သွားမယ် လို့မထင်လိုက်ပါနဲ့နော်။ ရွှေအိုရောင်ဆံပင်ကာလာက သက်လတ်ပိုင်းအရွယ်တွေအတွက် လိုက်ဖက်မှုရှိတဲ့အရောင်ပါ။ တောက်ပလွန်းတဲ့အရောင်မျိုး မဟုတ်တဲ့အတွက် လူအများကြားမှာ ကွဲထွက်နေတာမျိုးလည်း မဖြစ်တော့ပါဘူး။ ဆံပင်တိုတဲ့သူတွေအနေနဲ့ ရွှေအိုရောင်ဆံပင်ကို ဆိုးမယ်ဆိုရင် Gentleman ဆန်ဆန်နဲ့ ကြည့်ကောင်းနေမှာပါ။




Some text some message..