အဆီပြန်တဲ့ဆံပင်အတွက် အကောင်းဆုံး Shampoo များ
mystylemyanmar.com
|
2024-06-26

ကမ္ဘာကျော် Hairstylist တွေနဲ့ Dermatologist တွေရဲ့ အဆိုအရ အဆီပြန်တဲ့ဆံပင်အတွက် အကောင်းဖြစ်တဲ့ shampoo တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ဆံပင်က အရမ်းအဆီပြန်လို့ဆိုပြီး ခဏခဏလျှော်နေရင်လည်း ဆံပင်ကိုအဆီပြန်လာတာပဲ ရှိပါတယ်။ ဒါကြောင့် ဆံပင်က အရမ်းအဆီပြန်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ lifestyle နဲ့ ကိုယ်သုံးမယ့် shampoo ကအစ ပြောင်းလဲပစ်သင့်ပါတယ်။

Paul Mitchell Tea Tree Special Shampoo


Paul Mitchell’s Tea Tree Special Shampoo က tea tree oil, peppermint, lavender တို့နဲ့ပေါင်းစပ်ပြုလုပ်ထားပြီး ဦးရေပြားကို သန့်ရှင်းစေပါတယ်။ အညစ်အကြေးနဲ့ အဆီတွေကိုလည်း သေချာဖယ်ရှားပေးတဲ့အပြင် ဆံပင်အမျိုးအစား အားလုံးအတွက် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ သင်းပျံ့တဲ့ခံစားမှုနဲ့ ဆေးဖက်ဝင်အပင်တွေရဲ့ အနံ့ကြောင့် fresh ဖြစ်စေပါတယ်။

Oribe Serene Scalp Oil Control Shampoo


Sulfate-free shampoo ဖြစ်ပြီး အဆီပိုထွက်ခြင်းကို ထိမ်းချုပ်ပေးကာ ဆံပင်အဆီပြန်ခြင်းကိုလည်း လျှော့ချပေးပါတယ်။ Rosebay extract, marine algae, sugar-derived prebiotic တို့နဲ့ အဓိကပေါင်းစပ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။

Monday Haircare Clarify Shampoo


2023 Best of Beauty Award ရထားတဲ့ shampoo ဖြစ်ပါတယ်။ Grapefruit extract, coconut oil, vitamin E တို့နဲ့ အဓိကပေါင်းစပ်ပြုလုပ်ထားတာကြောင့် အဆီပိုတွေကို လျှော့ချပေးပြီး ဆံသားအတွက်လိုအပ်တဲ့ အာဟာရဓာတ်ကိုလည်း ဖြည့်ပေးပါတယ်။ ဒါကြောင့် ဦးရေပြားနဲ့နီးတဲ့နေရာက ဆံပင်တွေအဆီပြန်တာကိုလည်း သက်သာစေသလို ဆံပင်အောက်နား၊ အလယ်နား ခြောက်သွေ့တာတွေလည်း သက်သာစေပါတယ်။ ဦးရေပြားယားယံခြင်းကိုလည်း သက်သာစေပါတယ်။

Bumble and Bumble Sunday Shampoo


အဆီပိုများကို ဖယ်ရှားဖို့အတွက် အကောင်းဆုံး shampoo ဖြစ်ပြီး ginseng root extract ပါဝင်တာကြောင့် deep cleansing ဖြစ်စေပါတယ်။ ဆံသားကျန်းမာလှပစေဖို့လည်း အထောက်အကူပြုတဲ့ shampoo ဖြစ်ပါတယ်။

Philip B Peppermint Avocado Shampoo


Jojoba seed oil, avocado oil, sesame seed oil တို့နဲ့ အဓိကပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဆံပင်ကောက်ထားပြီး ဆံပင်အဆီပြန်တဲ့သူတွေအတွက် အထူးသင့်တော်ပါတယ်။ အဆီပြန်ခြင်းကို ထိန်းချုပ်ပေးပြီး ဆံသားကျန်းမာလှပစေပါတယ်။




Some text some message..