လူမမြင်အောင် လျှို့ဝှက်တတ်တူးထိုးဖို့ ရွေးသင့်တဲ့ နေရာ ( ၄ ) ခု
mystylemyanmar.com
|
2024-07-03

တချို့က တတ်တူးထိုးရတာကြိုက်ပေမယ့် လူမြင်မှာ ၊ ထင်သာမြင်သာရှိမှာကိုတော့ မကြိုက်ကြပါဘူး။ ဒါဆိုရင် ကိုယ့်ရဲ့တတ်တူးကို လူမမြင်အောင် လျှို့ဝှက်တတ်တူးထိုးလို့ရတဲ့ နေရာလေးတွေ ပြောပြချင်ပါတယ်။ ဒီနေရာလေးတွေက အဝတ်အစားနဲ့ရောနေ ၊ ဖုံးနေတဲ့နေရာလေးတွေမလို့ လူမြင်မှာကို သိပ်ပြီးစိုးရိမ်စရာ မလိုလောက်ပါဘူး။

1. Side Rib Hidden Tattoo


နာတာကို ခံနိုင်ရည်ရှိရင် နံရိုးပေါ်မှာ ဒီလို လိပ်ပြာပုံလေး ဒါမှမဟုတ် ပန်းပုံလေးတွေ ထိုးကြည့်ပါ။ ဘေးနံရိုးက အဝတ်နဲ့ဖုံးနေတာမလို့ လူမြင်မှာလည်း ပူစရာမလိုပါဘူး။

2. Shoulder Hidden Tattoo


အများအားဖြင့် အင်္ကျီလက်လေးတွေနဲ့ ဖုံးနေတဲ့ ပခုံးနေရာမှာလည်း လျို့ဝှက်တတ်တူးအနေနဲ့ ထိုးလို့ရပါသေးတယ်။

3. Ankle Hidden Tattoo


လျှို့ဝှက်တက်တူးထိုးချင်တယ်ဆိုရင် ဘောင်းဘီ ၊ ခြေအိတ်တို့နဲ့ ဖုံးနေတဲ့ ခြေကျင်းဝတ်မှာထိုးဖို့လည်း ထိုးဖို့လည်း ရွေးလို့ရပါသေးတယ်။

4. Side Back Hidden Tattoo


နောက်ကျောဘက် ကျောနေရာက ကျယ်တဲ့အပြင် အဝတ်အစားအမြဲရှိနေတာမလို့ လျှို့ဝှက်တတ်တူးထိုးဖို့‌ ကောင်းတဲ့နေရာပါပဲ။




Some text some message..