အဆီဖုခဏခဏပေါက်တတ်တဲ့သူတွေအနေနဲ့ သတိထားဆင်ခြင်သင့်တဲ့အချက် ၅ ချက်
mystylemyanmar.com
|
2024-07-24

မျက်နှာမှာ အဆီဖုခဏခဏပေါက်လေ့ရှိတယ်ဆိုရင် ဒီအချက် ၅ ချက်ကို သတိထားဆင်ခြင်သင့်ပါတယ်။ ဂရုမစိုက်ပဲ မဆင်မခြင်လုပ်မိရင် အဆီဖုတွေပိုများလာပြီး ပိုဆိုးလာနိုင်ပါတယ်။

Skincare အလွန်အကျွံမသုံးမိပါစေနဲ့


Skincare ကို လိုတာထက်ပိုသုံးရင် အဆီဖု၊ ဝက်ခြံထွက်တာမျိုး ဖြစ်စေပါတယ်။ ဒါ့အပြင် အဆီပြန်တဲ့သူဆိုရင် serum တွေကို ကိုယ့် skin type နဲ့မကိုက်ညီတာတွေ သုံးမိပြီး အဆီဖု၊ ဝက်ခြံတွေ ပိုထွက်လာတာမျိုး ဖြစ်တတ်ပါတယ်။

Exfoliate မလုပ်ပဲမနေပါနဲ့


Exfoliate မလုပ်ရင် မျက်နှာမှာကပ်နေတဲ့ အဆီနဲ့အညစ်အကြေးတွေက ကြာလာရင် ချွေးပေါက်ပိတ်တာတွေဖြစ်ပြီး အဆီဖုထွက်လာစေပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ exfoliate ပုံမှန်လုပ်ပေးပါ။

ဆံပင်ကိုဂရုစိုက်ပါ


ဆံပင်က မျက်နှာကို အမြဲလိုလို ထိတွေ့နေတဲ့အတွက် ဆံသားမသန့်ရှင်းရင် အဆီနဲ့အညစ်အကြေးတွေ များနေရင် အဆီဖုထွက်တာမျိုးတွေ အရမ်းဖြစ်ပါတယ်။ ဒါကြောင့် ဆံပင်ကို ဂရုစိုက်ပါ။ ပုံမှန်ခေါင်းလျှော်ပေးပါ။

ဖုန်း၊ ခေါင်းအုံးစွပ် သန့်ရှင်းရေး


ဖုန်းပြောတဲ့အခါ ပါးနဲ့ကပ်နေတာဖြစ်တဲ့အတွက် ဖုန်းမှာကပ်နေတဲ့ အညစ်အကြေးတွေက ပါးကိုကပ်ပြီး အဆီဖုထွက်တာမျိုးတွေ ဖြစ်စေပါတယ်။ ဒါ့အပြင် ခေါင်းအုံးစွပ်ကိုလည်း တစ်ပတ်တစ်ကြိမ်၊ နှစ်ပတ်တစ်ကြိမ်လောက် လဲပေးသင့်ပါတယ်။ မျက်နှာနဲ့ထိနေရတဲ့အရာတွေက မသန့်ရှင်းရင် အဆီဖု၊ ဝက်ခြံတွေ ထွက်လာတော့တာပါပဲ။

အစားအသောက်ဂရုစိုက်ပါ


ကိုယ်က အဆီဖုထွက်လေ့ရှိတဲ့သူဆိုရင် အစားအသောက်ကို သေချာဂရုစိုက်ပေးရပါမယ်။ အာလူးကြော်စတဲ့ ဆီကြော်မုန့်တွေကို ရှောင်ရပါမယ်။ အဲ့တာတွေက ပိုပြီးအဆီပြန်တာ၊ အဆီဖုထွက်တာတွေ ဖြစ်စေပါတယ်။




Some text some message..