Lotayamm

Glow Skin လေးပိုင်ဆိုင်နိုင်ဖို့ ညအိပ်ရာဝင်ချိန် မိမိအသားရည်ကိုဂရုစိုက်ဖို့…
trend.com.mm
|
2019-01-08

မျက်နှာဝင်းဝင်းလေးနဲ့ အစိုဓာတ်ပြည့်ဝတဲ့ healthly glow skin လေးကို မိန်းကလေးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ ပိုင်ဆိုင်ချင်ရင်တော့ မပျင်းဖို့လိုပါတယ်။ တနေကုန်သွားလာလှုပ်ရှားနေရင်းနဲ့ လေထုနဲ့ညစ်ညမ်းတဲ့ဖုန်မှုန့်တွေဟာ မျက်နှာမှာကပ်နေတတ်ပါတယ်။ မိတ်ကပ်တွေကလည်း တနေကုန်လိမ်းထားပြီိးရင် ဖုန်တွေနဲ့အတူညစ်ပတ်နေတော့မှာပါ။








ဒါကို သေချာမသန့်ရှင်းပဲ ပြီးစလွယ်လေး မျက်နှာသစ်ပြီးအိပ်လိုက်မယ်ဆိုရင် နက်နေ့မနက်မှာ
မလှပတဲ့မျက်နှာကြီးနဲ့ အိပ်ရာထရတော့မယ့်အရေးကို တွေးကြီးလိုက်ပါ။ မနက် အိပ်ရာထတာတောင် လှလှပပနဲ့ နိုးထချင်တဲ့ မိန်းကလေးတွေချည်းပါပဲ။ ဒါဆို ညဘက်အိပ်ရာမဝင်ခင် မိမိမျက်နှာအသားရည်ကို ဒီလိုဂရုစိုက် ထိန်းသိမ်းပေးဖို့လိုတာပေါ့။








အပြင်က ပြန်လာပြီဆိုတာနဲ့ မိတ်ကပ်ကိုတန်းဖျက်ပေးပါ။ မိတ်ကပ်ဖျက် တာဝါတွေ၊ မိတ်ကပ်ဖျက်
တိုနာရည်တွေ စိတ်ကြိုက်ဝယ်လို့ရနေပါပြီ။ မျက်လုံးနဲ့ နှုတ်ခမ်းကို ဦးစားပေးအရင်ဖျက်ပေးပြီး နောက်မှ ကျန်တဲ့နေရာတွေကိုဖျက်ပေးပါ။







နောက်တစ်ဆင့်ကတော့ အသားရည်အတွက် ထိရောက်မယ့် မျက်နှာသစ်ဆေးလိုပါတယ်။ Cleaning Foam က မျက်နှာအသားရည်ကို သေချာမသန့်စင်ပေးနိုင်ရင် မိတ်ကပ်ဘယ်လောက် လိမ်းလိမ်း အဆင်ပြေမှာမဟုတ်ပါဘူး။ ဒါကြောင့် မှန်ကန်တဲ့ cleaning foam ရွေးချယ်နိုင်ဖို့ လိုပါတယ်။







မျက်နှာသစ်ပြီးပြီိဆိုတာနဲ့ တိုနာကတော့ မဖြစ်မနေလိမ်းပေးသင့်ပါတယ်။ ချွေးပေါက်ကျယ်တာတွေ၊မျက်နှာပေါ်မှာရှိတဲ့ အညစ်ကြေးတွေကို သူကနောက်တစ်ဆင့် သန့်စင်ပေးမှာဖြစ်ပါတယ်။ တိုနာကောင်းကောင်းလေး တစ်ဗူးသာဝယ်ထားရင် အကြာကြီးအသုံးခံပါတယ်။ ဈေးကြီးသလို အရည်သွေးကောင်းဖို့လည်း လိုအပ်တာပေါ့။







ပြီးရင်တော့ နောက်ဆုံးအနေနဲ့ ညဘက်လိမ်းအိပ်တဲ့ night cream (သို့) serum ကိုလိမ်းအိပ်ပေးရုံပါပဲ။ မိမိအသားရည်ပေါ်မူတည်ပြီး serum ကိုရွေးချယ်ပါ။ ဒီထက်ပိုပြီး မျက်နှာအသားရည်လေး နူးညံ့ပြီး ချောမွေ့ချင်တယ်ဆိုရင် Facial Oil လိမ်းပေးပါ။







အသားရည်ခြောက်သူတွေအတွက် အဆင်ပြေပါတယ်။ တစ်နေ့တာ ပင်ပန်းနွမ်းနွယ်သမျှကို ပြေလျော့စေပါတယ်။

ဖြစ်နိုင်မယ်ဆိုရင် တစ်ပတ်ကို သုံးကြိမ်လောက် mask လေးတွေကပ်ပေးပါ။







ကိုယ်က မိတ်ကပ်အမြဲလိမ်းပြီး အပြင်သွားရတာများသူဆို တပတ်သုံးကြိမ်လောက် mask ကပ်မှ အသားရည်ကပုံမှန်အတိုင်းရှိနေမှာပါ။


ကျန်းမာတဲ့အသားရည် ပိုင်ဆိုင်ဖို့ဆိုတာ မိတ်ကပ်ကောင်းကောင်းသုံးနိုင်ရုံနဲ့မဟုတ်သေးပဲ skincare မှန်ကန်အောင်လည်း ရွေးချယ်သုံးစွဲတတ်ဖို့လိုပါတယ်။ ပစ္စည်းစုံရှိရက်နဲ့ ပျင်းနေလို့တော့ မရဘူးနော်။သေချာ ဂရုစိုက်ပါ။ ပေးရတဲ့ဈေးတွေ ၊ အချိန်တွေနဲ့တန်အောင် လှပကျန်းမာတဲ့အသားရည်လေးကို ရရှိလာပါလိမ့်မယ်။ တောင်ကိုရီးယားရဲ့နာမည်ကြီး make up artist ” Pony” ရဲ့Nighttime Skin Care Routine ဗီဒီယိုးလေးကိုလည်း ဖော်ပြပေးလိုက်တယ်နော်။








ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..