မျက်တောင်မွှေးတွေ ကျွတ်ထွက်နေရတဲ့အကြောင်းအရင်း
myanmaplatform.com
|
2019-02-15



လူတစ်ယောက်ရဲ့ မျက်နှာအလှကို ပုံဖော်ပေးနိုင်တာ ကလည်း မျက်ခုံး၊ မျက်လုံးလေးတွေပါပဲ။ တစ်ယောက်ယောက်နဲ့ မျက်နှာချင်းဆိုင်မိပြီဆိုတာနဲ့ မျက်ခုံး၊ မျက်လုံးကိုအရင်ဦးဆုံး သတိထား ကြည့်မိကြပါတယ်။ မျက်လုံးဝိုင်းဝိုင်းနဲ့ မျက်တောင်ကော့ကော့ရှည်ရှည်လေး ပိုင်ဆိုင်ထားသူဆိုရင် လူအများကြား ပိုမိုထင်ပေါ်လှပစေပါတယ်။ ဒါ့ကြောင့် ကိုယ့်ရဲ့ မျက်ဝန်းအလှကို သေချာထိန်းသိမ်း တတ်ဖို့အရေးကြီးပါတယ်။ မျက်ဝန်းအလှကို ပံ့ပိုးပေးတဲ့ မျက်တောင်ကော့ကော့ ရှည်ရှည်လေးတွေ ပျက်စီးမှု မရှိရလေအောင်အခုဖော်ပြပေးမယ့်အချက်များကို သတိထားဖို့တော့ လိုပါတယ်နော်။


(၁) မျက်တောင်ဆက်ခြင်း

မျက်တောင်ဆက်တာကလည်းအလှအပ စိတ်ဝင်စားသူတွေအကြား ရေပန်းစားလျက် ရှိနေပါတယ်။ မျက်တောင်ဆက်တာက မျက်တောင်ရှည်လျားလှပဖို့အတွက်အမြန်ဆုံးနည်းလမ်းဖြစ်တယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ ရှိနေပါတယ်။ မျက်တောင်ဆက် လိုက်တဲ့အတွက် မူလ မျက်တောင် လေးလံ သွားစေပြီး မျက်တောင်ဆဲလ်တွေကို ထိခိုက်ပျက်စီးစေနိုင်ပြီးအချိန်ကြာလာတဲ့အခါ မျက်တောင်တွေ ကျွတ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် မကြာဏ မျက်တောင်ဆက် တာကို ရှောင်ကြဉ်သင့်ပြီးတော့ ပြုလုပ်မယ်ဆိုရင်လည်း သန့်ရှင်းပြီး စိတ်ချရတဲ့အလှပြင်ဆိုင်တွေမှာပဲ ပြုလုပ်ပါ။


(၂) မျက်လုံးပွတ်ခြင်း

မျက်လုံးယားတဲ့အခါ ဖုန်မှုန့်ဝင်တဲ့အခါမှာ မျက်လုံးကို ပြင်ပြင်းထန်ထန်ပွတ်မိလိုက်ကြပါတယ်။ တခါတရံဆိုရင်အကြောင်းမရှိဘဲ မျက်လုံးပွတ်နေမိတဲ့ သူတွေလည်း ရှိပါတယ်။ ဒီအကျင့်ကို ဖျောက်ဖို့ လိုပါတယ်။ မျက်လုံးကနူးညံ့တဲ့အစိတ်အပိုင်းတစ်ရပ်ဖြစ်တဲ့အတွက် ညင်သာစွာ ထိတွေ့ဖို့ လိုပါတယ်။ ပြင်းပြင်းထန်ထန် ပွတ်တိုက်မိမယ်ဆိုရင် မျက်တောင်များ ကျိုးကြေပျက်စီးသွား နိုင်ပါတယ်။ ဒါ့အပြင် မျက်နှာသစ်ပြီးတဲ့အခါမှာလည်း မျက်နှာသုတ်ပုဝါနဲ့ မျက်ဝန်းတစ်ဝိုက်ကို ကြမ်းကြမ်းတမ်းတမ်းမပွတ်တိုက်မိအောင် သတိထားပါ။


(၃) မိတ်ကပ်မဖျက်ဘဲအိပ်ခြင်း

မိန်းကလေးတွေအနေနဲ့ သတိထားသင့်တဲ့အချက်ပါပဲ။ ညဘက်အိပ်ရာမဝင်ခင် မိတ်ကပ်ဖျက်ပြီး မျက်နှာသန့်စင်ပေးဖို့ မမေ့ပါနဲ့။ တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်ကြောင့် မျက်နှာပြင်ပေါ် ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေကတစ်ဆင့်အသားအရေပျက်စီးစေနိုင်ပါတယ်။ မျက်တောင်ကော့ဆေးအသုံး ပြုထားတဲ့ သူတွေအနေနဲ့လည်း makeup removerနဲ့ သေချာသန့်စင်ပေးသင့်ပါတယ်။ ပြီးရင်တော့ မျက်တောင်ကျိုးပဲ့ခြင်း မရှိစေဖို့ မျက်တောင်မွှေးတွေကို ကြက်ဆူဆီ၊ ဒါမှမဟုတ် ဗီတာမင်အီး သုတ်လိမ်းပေးနိုင်ပါတယ်။


(၄)အရည်အသွေးနိမ့်တဲ့အလှကုန်များအသုံးပြုခြင်း

အရည်အသွေးနိမ့်တဲ့အလှကုန်ပစ္စည်းတွေ ကလည်း မျက်တောင်များကို ပျက်စီးစေတဲ့အကြောင်းအရင်း တစ်ရပ်ပါပဲ။အထူးသဖြင့် သက်တမ်းကုန်လွန်နေတဲ့ မျက်တောင်ကော့ဆေးများနဲ့အရည်အသွေးနိမ့်တဲ့ မျက်တောင်ကော့ဆေးတွေက မျက်ဝန်းအလှကို ပျက်စီးစေပါတယ်။ ဘတ်တီးရီးယားပိုးမွှားများ ကပ်ငြိသွားစေနိုင်ပြီး မျက်တောင်ကျွတ်လွယ်စေတဲ့အတွက် မျက်တောင်ကော့ဆေး၊အိုင်းလိုင်နာကိုအချိန်ကြာရှည်စွာအသုံးမပြုသင့်ဘဲ သုံးလတစ်ကြိမ်အသစ်လဲလှယ်အသုံးပြုသင့်ပါတယ်။


(၅) မျက်တောင်ကော့စက်အသုံးပြုခြင်း

မျက်တောင်ကော့ကော့လေး ဖြစ်နေစေဖို့အတွက် မျက်တောင်ကော့ဆေးကိုအသုံးပြုရုံသာမက မျက်တောင်ကော့စက်ကိုလည်းအသုံးပြုကြပါသေးတယ်။ မျက်တောင်ကော့စက်နဲ့ ကော့တာက မျက်တောင်ကို နှစ်ဆပိုမိုရှည်လျားသယောင် ထင်ရတဲ့အတွက် မိန်းကလေးအများစုအသုံးပြုနေကြတာပါ။ ဒါပေမယ့်အထူးသတိပြုရမှာကတော့ မျက်တောင်ကော့ဆေးအသုံးပြုပြီး မျက်တောင်ကော့စက်နဲ့ ပြန်မကော့သင့်ပါဘူး။ ဒီလိုပြုလုပ်ခြင်းက မျက်တောင်များကို ကျွတ်လွယ်စေပါတယ်။




Some text some message..