အိပ်ရာထတဲ့အခါ နူးညံ့အိစက်နေတဲ့ မျက်နှာလေး ပိုင်ဆိုင်ရစေဖို့
hellosayarwon.com
|
2019-02-25

ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ မိန်းကလေးတွေသာမက ယောက်ျားလေးတွေပါ

အလှအပရေးရာ ကို စိတ်ဝင်စားလာကြပါတယ်။အသားအရေကို ဂရုစိုက်ပြီး ထိန်းသိမ်းကြတယ်။အလှကုန်ပစ္စည်းတွေကိုအသုံးပြုလာကြတယ်။အလှအပဆိုင်ရာ နည်းလမ်းတွေ ရှာဖွေဖတ်ရှုလာကြတယ်။ လူတော်တော်များများ မေ့တတ်ကြတဲ့အရာကတော့

အိပ်စက်ခြင် းပါပဲ။ လူတစ်ယောက်ရဲ့ တစ်နေ့အိပ်ချိန်ဟာလည်း ကိုယ့်ရဲ့

အသားအရေေ ပါ်မှာ သက်ရောက်မှုတွေအများကြီး ဖြစ်စေနိုင်ပါတယ်။အိပ်ချိန်ပြည့်ဝမှ ကျန်းမာမယ်။ လန်းဆန်းတက်ကြွပြီး

စိတ်ရွှင်လန်း မယ်။ တစ်နေ့တာလုံးအားအင်တွေ ပြည့်ဝနေစေမယ်။ ဒါ့အပြင်အသားအရေကိုပါ လန်းဆန်းစေပါတယ်။

အိပ်စက်ခြင်းဟာအသားအရေကို ဘယ်လိုသက်ရောက်မှု ရှိစေလဲ။
ညဘက်မှာအိပ်ရေးမဝတဲ့ သူတွေဟာ မနက်ခင်းထလာတဲ့အခါ မျက်ရစ်ပျော့တွဲနေတာ၊ မျက်လုံးတွေ မို့ဖောင်းအစ်နေတာ၊ ပန်ဒါမျက်ဝန်းလို့ လူသိများကြတဲ့

မျက်ကွင်းညို တာ၊အသားအရေ ဖြူဖပ်ဖြူရော် ဖြစ်နေတာ၊

အရေးအကြောင်းေ တွ ထင်လာတာအစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ကိုအနည်းဆုံးအိပ်ချိန် ၇နာရီ ရှိဖို့အရေးကြီးပါတယ်။

အိပ်ရေးဝ မှသာအရေပြားဆဲလ်အသစ်တွေ လျင်မြန်စွာ ထုတ်လုပ်ပေးနိုင်ပြီးအသားအရေကို ကြည်လင်စေမှာပါ။ ဒါ့အပြင်အိပ်နေတဲ့အချိန်မှာအရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်တွေကို ဖြည်းဖြည်းချင်း ပြန်လည်ပြုပြင်ပေးပါတယ်။ ဒီတော့ မနက်ခင်းနိုးထလာတဲ့အခါ မှန်ကြည့်လိုက်တိုင်း ကျန်းမာလှပပြီး နူးညံ့အိစက်နေတဲ့အသားအရေလေး ပိုင်ဆိုင်ရစေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးလိုက်မယ်နော်။

၁။အိပ်ရေးဝအောင်အိပ်ပေးပါ။
အိပ်ချိန်ပြည့်ဝခြင်းဟာအလှအပရေးရာအတွက်သာမက ကျန်းမာရေးအတွက်ပါ ကောင်းကျိုးများစွာ ဖြစ်စေပါတယ်။အိပ်ရေးမဝတဲ့အခါမှာ

အိုမင်းရင့်ရော် လာမယ်၊ ပတ်ဝန်းကျင်နဲ

့ နေရောင်ခြည်ဒဏ်ေ ကြာင့် ပျက်စီးနေတဲ့အသားအရေကို လျင်မြန်စွာ ပြုပြင်မပေးနိုင်တော့ပါဘူး။ ဒီအခါမှာ ဆဲလ်သေတွေ စုမိပြီးအသားအရေဟာအရောင်မှိန်လာမယ်။ ဒါကြောင့် မနက်နိုးထလာတဲ့အခါအသားအရေလေး စိုပြေနေစေချင်ရင်အိပ်ရေးဝအောင်အိပ်ပေးဖို့ လိုအပ်ပါတယ်။

၂။ မအိပ်ခင် မျက်နှာသစ်ဖို့ မမေ့ပါနဲ့။
အသားအရေထိန်းသိမ်းဖို့အခြေခံကျတဲ့အချက်တွေထဲက တစ်ခုအပါအဝင်ပါပဲ။ တစ်နေ့တာလုံး ဖုန်တွေ၊အဆီတွေဟာ မျက်နှာပေါ်မှာ စုနေပါတယ်။ မျက်နှာမသစ်ပဲ ဒီအတိုင်းအိပ်လိုက်တဲ့အခါအရေပြားအတွင်းမှာအညစ်အကြေးတွေ ပိတ်မိနေတဲ့အတွက် ပျက်စီးနေတဲ့ ဆဲလ်တွေကို ကောင်းစွာ မပြုပြင်နိုင်တော့ပါဘူး။ ကြာလာရင် ချွေးပေါက်ကျယ်တာ၊အသားအရေခြောက်တာ၊အနီကွက်ထတာ၊ ဝက်ခြံ၊အဖုအပိမ့်ထွက်လာတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မအိပ်ခင်လေးမှာ မျက်နှာကို သေချာသန့်စင်ပေးပါ။

မိတ်ကပ်ေ တွ လိမ်းထားတာ ရှိရင် ဖျက်ပေးပါ။

၃။အစိုဓာတ်နဲ့ ရေဓာတ်ပြည့်ဝနေပါစေ။
နူးညံ့စိုပြေတဲ့အသားအရေလေး ပိုင်ဆိုင်ရဖို့ ကိုယ်ခန္ဓာက

အစိုဓာတ် နဲ့ ရေဓာတ်ပြည့်ဝနေဖို့ လိုအပ်ပါတယ်။အစိုဓာတ်ဟာ ခန္ဓာကိုယ်အပြင်ကနေ ချွေးပေါက်ထိ စိမ့်ဝင်စေတယ်။ ရေဓာတ်ဟာ ခန္ဓာကိုယ်အတွင်းကနေအသားအရေကို ပြုပြင်ပေးနိုင်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ပြီးတိုင်းအစိုဓာတ်ထိန်းခရင်မ် တစ်မျိုးမျိုး လိမ်းပေးပါ။

ရေဓာတ် ခမ်းခြောက်မှု မဖြစ်စေဖို့ ကိုယ့်အိပ်ရာနားမှာ ရေဘူးတစ်ဘူးအမြဲဆောင်ထားပါ။ တစ်ရေးနိုးရင်း ရေတစ်ငုံလောက် သောက်ပေးပါ။ မနက်နိုးလာရင်လည်း ရေတစ်ဖန်ခွက်အပြည့် သောက်ပေးပါ။

၄။ ပက်လက်အနေအထားနဲ့ ကျောမှီအိပ်ပေးပါ။
လူတော်တော်များများက ဘေးစောင်းအိပ်တတ်တဲ့အကျင့်ရှိပါတယ်။ ဘေးစောင်းအိပ်တဲ့အခါ မျက်နှာကို ဖိထားသလို ဖြစ်စေတာကြောင့်အသားအရေကို ပွန်းပဲ့စေတာ၊ ယားယံစေတာ ဖြစ်စေသလို ဖိမိ၊ တိုက်မိတာကြောင့်လည်းအရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ပက်လက်အိပ်တဲ့အလေ့အကျင့်မျိုး လုပ်ထားပေးပါ။ ဘေးစောင်းပဲအိပ်ချင်တယ်ဆိုရင်လည်းအသားအရေကို မထိခိုက်စေမယ့် ပိုးသား၊ ချည်သား ခေါင်းအုံးစွပ်မျိုး စွပ်ပေးပါ။

၅။အိပ်နေစဉ် ခေါင်းကို မြင့်မြင့်ထားပါ။
ညဘက်တွေမှာ ဟောက်တတ်တာ၊ နှာရည်ယိုကျတာကြောင့့်အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။အိပ်ရေးမဝတဲ့အခါအသားအရေ ပျက်စီးလာမယ်ဆိုတာ ပြောစရာတောင် လိုမယ်မထင်တော့ပါဘူးနော်။အိပ်နေစဉ် ခေါင်းကို မြင့်မြင့်ထားပေးတဲ့အခါ မျက်လုံးမို့ဖောင်းတာ၊ မျက်ကွင်းညိုတာကို သက်သာစေတယ်။အရေပြားတွင်း သွေးလည်ပတ်မှု ကောင်းစေပါတယ်။ ဒါကြောင့် ကိုယ့်ခေါင်းအုံးက သေးတယ်ဆိုရင်လည်းအောက်ကနေ ခေါင်းအုံးတစ်ထပ် သို့မဟုတ် စောင်ကို လိပ်ပြီး ခံပြီးအိပ်ပေးပါ။

၆။ တစ်ရေးအိပ်နေစဉ် နေနဲ့ ဝေးရာမှာအိပ်ပေးပါ။
နေ့လည်နေ့ခင်းမှာ တစ်ရေးအိပ်တတ်တဲ့အကျင့်ရှိတဲ့သူဆိုရင် နေရောင်ခြည် တိုက်ရိုက်ကျတဲ့ နေရာမှာအိပ်တာမျိုး ရှောင်သင့်ပါတယ်။ နေရောင်ခြည်ဟာအရေပြားနဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါမှာအသားအရေကို ညိုမည်းပျက်စီးလာစေတယ်။အိုမင်းစေတယ်။အိပ်ပျော်နေတာကြောင့် နေလောင်ကာခရင်မ်တွေ မလိမ်းထားမိတဲ့အခါ ပိုပြီးတောင် ဆိုးနိုင်ပါတယ်။ ဒါကြောင့် နေ့လည်ဘက် ခဏမှိန်းမယ်ဆိုရင်လည်း နေအလင်းရောင် မကျတဲ့အခန်း၊အမှောင်တစ်နေရာရာမှာအိပ်ပေးပါ။ ကျန်းမာလှပပြီး စိုပြေတဲ့အသားအရေမျိုး ပိုင်ဆိုင်ရဖို့ သိပ်ပြီးအချိန်ပေးစရာမလိုပါဘူး။အိပ်တဲ့အချိန်မှာ ဒီနည်းလမ်းတွေကို နေ့စဉ်ပြုလုပ်ပေးမယ်။အစားအသောက်ကိုလည်း ဆင်ခြင်မယ်။အသားအရေကိုလည်း ပုံမှန်ထိန်းသိမ်းပေးမယ်ဆိုရင်အချိန်တိုအတွင်းမှာ နူးညံ့စိုပြေတဲ့အသားအရေမျိုး ပိုင်ဆိုင်ရမှာအသေအချာပါပဲ။  

Hello Health Group  သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။




Some text some message..