မိတ်ကပ်မလိမ်းထားပဲ ပင်ကိုယ်လှလို့ချီးကျူးခံနေရတဲ့ Black Pinkအဖွဲ့ဝင်လေးတွေ
popolay.com
|
2019-02-25

အဆို၊အက၊ Rapအစရှိတဲ့ talents တွေမှာပိုင်နိုင်လှတဲ့ Black Pinkအဖွဲ့ဝင်လေး တွေရဲ့အလှတရားကလဲ ပြီးပြည့်စုံတယ်ဆိုတာငြင်းလို့မရပါဘူးနော်။အထူးသဖြင့် မိန်းကလေးအိုင်ဒေါအဆိုတော် တော်တော်များများက ကိုယ့်ရဲ့ မိတ်ကပ်မပါတဲ့မျက်နှာကိုလူရှေ့ကို ထုတ်ပြဖို့ မဝံ့ရဲကြပါဘူး။ မိတ်ကပ်အပြင်အဆင်နဲ့အဝတ်အစားတို့မှာ လိုလေသေးမရှိ ပြီးပြည့်စုံအောင်ပြင်ဆင်ပေးတတ်ကြတဲ့ စတိုင်လစ်၊ မိတ်ကပ်ဆရာတို့ ကြောင့်အိုင်ဒေါလေးတွေရဲ့အလှကလဲပြီးပြည့်စုံနေကြတာပါ။







Black Pinkအဖွဲ့ဝင်လေးယောက်ဖြစ်တဲ့ Jennie, Jisoo, Lisa , Rose တို့ကတော့ဒီလိုမဟုတ်ပါဘူး။ သူတို့မိတ်ကပ်မလိမ်းထားတဲ့ မျက်နှာနဲ့လဲအပြင်ထွက်ကြပါတယ်။ Black Pinkအဖွဲ့ဟာ လတ်တလော ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေလုပ်နေရတာကြောင့် တစ်နိုင်ငံနဲ့ တစ်နိုင်ငံကူးသန်းသွားလာရင်း မအားလပ်နိုင်ကြပါဘူး။













Black Pink ရောက်တဲ့နိုင်ငံတိုင်းရဲ့လေဆိပ်မှာ သူတို့ကို ချစ်တဲ့ပရိတ်သတ်တွေကသောင်းသောင်းဖြဖြကြိုဆိုကြတာတွေ့ရမှာပါ။ Black Pink ကိုလေဆိပ်မှာ သွားရောက်တွေ့ဆုံတဲ့ နိုင်ငံတကာက ပရိတ်သတ်တွေပြောကြားချက်အရ Black Pinkအဖွဲ့ဟာ ဒီတိုင်းပြင်ပမှာဆိုရင်အထူးတလည်မိတ်ကပ်လိမ်းတာမျိုးမရှိကြောင်း တွေ့ရှိရပါတယ်။









Jennie








Rose'




မိတ်ကပ်မလိမ်းထားလဲ သူတို့ရဲ့ ချစ်စရာကောင်းတဲ့အသွင်အပြင်လေးတွေက ကွယ်ပျောက်မသွားတာကြောင့် ပရိတ်သတ်အပေါင်းကအချစ်ပိုနေကြတာကိုတွေ့ရမှာပါ။







Lisa








Jisoo


ပရိတ်သတ်ကြီးရေ Black Pinkအဖွဲ့ဝင်လေးတွေက မိတ်ကပ်မပါလဲ ချစ်ဖို့ကောင်းတယ်မဟုတ်လား၊ ထင်မြင်ချက်လေးတွေပေးခဲ့ကြပါဦး။

Double Paing (ပိုပိုလေး)






Some text some message..