အလှအပကိုဂရုစိုက်တယ်ဆိုရင် ဒီအချက်လေးတွေ လုံးဝမလုပ်နဲ့နော်
trend.com.mm
|
2019-02-28

မလှချင်တဲ့မိန်းကလေးဆိုတာ မရှိပါဘူးနော်။ဒါပေမဲ့ တစ်ချို့မိန်းကလေးတွေက ကိုယ့်အသားအရည်ကို ပျက်စီးအောင်အလှအပနဲ့ပတ်သက်ပြီး မှားယွင်းလုပ်မိနေတဲ့အပြုအမူလေးတွေရှိနေပါတယ်။ဘယ်လိုအမှားအယွင်းတွေကို မထင်မှတ်ပဲ လုပ်မိနေလဲဆိုရင်…


မျက်နှာကိုအလကားနေရင်း လက်နဲ့ထိနေတာမျိုး

လက်ဆိုတာ ပိုးမွှားတွေအဝင်ရောက်နိုင်ဆုံး၊အကူးစက်နိုင်ဆုံးအစိတ်အပိုင်းတစ်ခုပါ။ဒီလိုပိုးမွှားတွေရှိတဲ့လက်နဲ့ မျက်နှာကိုအမြဲလိုလိုထိမိနေမယ်။မျက်နှာကိုကိုင်နေမယ်ဆိုရင် လက်ကပိုးမွှားတွေဟာ သင့်မျက်နှာဆီကူးစက်သွားပြီး ဝက်ခြံ၊အမည်းစက်တွေဖြစ်ပေါ်လာပါလိမ့်မယ်။








နှုတ်ခမ်းကိုလျှာနဲ့သပ်မိနေတာမျိုး


နှုတ်ခမ်းခြောက်တယ်ဆိုပြီး လျှာနဲ့သပ်နေမယ်ဆိုရင် ပိုပြီးတော့တောင်ခြောက်သွေ့စေပါတယ်။ဒါကြောင့် လျှာနဲ့သပ်မယ့်အစား နှုတ်ခမ်းခြောက်တိုင်း
ရေလေးအနည်းငယ်သောက်သောက်ပေးပါ။နှုတ်ခမ်းသားနူးညံ့လှပအောင် တစ်ပတ်ကိုတစ်ခါလောက်နှုတ်ခမ်းကို သကြားနဲ့ပွတ်ပေးတာမျို
း၊ဂျင်းပြားလေးနဲ့ ၂မိနစ်လောက်ပွတ်ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။








မျက်လုံးကိုလက်နဲ့ ခဏခဏပွတ်နေတာမျိုး

မျက်လုံးယားတာတို့၊မျက်လုံးထဲတစ်ခုခုဝင်တဲ့အခါ လက်နဲ့ပွတ်မျိုးမလုပ်ပါနဲ့။မျက်လုံးဆိုတာ ခန္ဓာကိုယ်မှာအနူးညံ့ဆုံးအစိတ်အပိုင်းတစ်ခုပါ။ဒါကြောင့် မျက်လုံးယားယံတာမျိုးဖြစ်လာရင် တစ်ရှူး ဒါမှမဟုတ် လက်ကိုင်ပုဝါလေးနဲ့သုတ်ပေးပါ။


ဝက်ခြံပေါက်တဲ့အခါ လက်နဲ့ ခဏခဏသွားထိ၊ကုတ်ဖဲ့တာမျိုး


လက်မှာပိုးမွှားတွေရှိလို့ သွားထိလိုက်တဲ့အခါမှာ ဝက်ခြံတွေရောင်ရမ်းတာမျိုး၊ပိုပြီးများလာတာမျိုးဖြစ် တတ်ပါတယ်။လက်ကပိုးမွှားတွေက ချွေးပေါက်တွေထဲကနေတစ်ဆင့်အတွင်းပိုင်းထိဝင်သွားပြီး ဝက်ခြံတွေကအမြစ်မပြတ်နိုင်ဖြစ်နေပါလိမ့်မယ်။ဒါကြောင့် ဝက်ခြံတွေကို လက်နဲ့ကုတ်ဖဲ့တတ်တဲ့အကျင့်ရှိရင် ဒီနေ့ကစပြီး ဖျောက်သင့်ပါပြီ။








ဆံပင်ကိုအတင်းအကျပ်စည်းတာမျိုး

ဆံပင်တွေခဏခဏကျွတ်နေတယ်ဆိုရင် သင်ခဏခဏဆံပင်စည်းမိနေသလားစဉ်းစားပါ။တစ်ချို့ဆံပင်စည်းကွင်းတွေကအရမ်းတင်းလို့ ဆံပင်တွေပြတ်ထွက်တာမျိုးတွေဖြစ်တတ်ပါတယ်။ခေါင်းစည်းကွင်းရွေးတဲ့အခါ ဆံပင်ကိုမနာအောင်စည်းလို့ရတဲ့ခေါင်းစည်းကွင်းမျိုးရွေးပါ။ဆံပင်ကိုလည်းအတင်းအကျပ်စည်းတာမျိုးမလုပ်ပါနဲ့။


ခေါင်းလျှော်ပြီးတဲ့အခါအရေးမကြီးရင် ဒရိုင်ယာနဲ့မမှုတ်ပါနဲ့

အပူပေးပစ္စည်းတွေက ဆံပင်မှာရှိတဲ့အစိုဓာတ်ကို ခြောက်သွေ့စေပါတယ်။အဲ့ဒါကြောင့်အရေးကြီးကိစ္စမရှိရင် ဒရိုင်ယာနဲ့မှုတ်မယ့်အစား သဘက်နဲ့သုတ်ပါ။သဘာဝအတိုင်းဆံပင်တွေကိုခြောက်သွေ့အောင်ထားပါ။ဒရိုင်ယာနဲ့ဆံပင်ကိုအမြဲခြောက်အောင်လုပ်တာဟာ ဆံသားကိုပိုပျက်စီးစေပါတယ်။








လက်သည်းနီကို တစ်ဝက်တစ်ပျက်ထားတာမျိုး


လက်သည်းနီဆိုးထားတဲ့အခါ တစ်ရက်နှစ်ရက်လောက်ကြာရင် ပျက်တတ်ပါတယ်။အဲ့ဒီအခါ ဖျက်ရမှာပျင်းတယ်ဆိုပြီး မနေပါနဲ့။
လက်သည်းနီတစ်ဝက်တစ်ပျက်နဲ့က လက်ကိုပိုပြီးအရုပ်ဆိုးစေပါတယ်။တစ်ပတ်ကိုတစ်ခါလောက်သံပုရာသီးလေးနဲ့လက်သည်းတွေကိုပွ
တ်ပေးရင် လက်သည်းတွေလည်း ကျန်းမာလှပစေပါတယ်။


လက်သည်းမကြာခဏကိုက်တာမျိုး

တစ်ခါတစ်လေတော့ ဘာရယ်မဟုတ် လက်သည်းကို နေရင်းထိုင်ရင်း ကိုက်မိတတ်ပါတယ်။ဒါပေမဲ့ လက်သည်းကိုက်တာဟာ ကျန်းမာရေးကိုလည်းထိခိုက်နိုင်ပြီးလက်သည်းတွေကိုလည်းမလှမပဖြစ်စေပါတယ်။လူကြားထဲလက်သည်းကိုက်ရင်လည်းအများအမြင်မှာ မကောင်းပါဘူးနော်။ဒါကြောင့် လက်သည်းကိုက်တတ်တဲ့အကျင့်ကို ကြိုးစားဖျောက်ပါ။








Some text some message..