Lotayamm

အမွေးအမှင်တွေ ရိတ်ပြီးတဲ့ အချိန်မှာ အသားတွေကြမ်းပြီး ကျန်ခဲ့လို့ စိတ်ညစ်နေသလား
sundaymyanmar.com
|
2019-03-02



အမွေးအမှင် တွေဆိုတာနဲ့ မိန်းကလေးတွေဟယ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်ကနေ လုံးဝပျောက် သွား စေချင်တတ်ကြတာ သဘာဝ ပါ။ ဆံပင်က လွဲရင်ပေါ့။ ဒါကြောင့် လည်း အလကားနေ ခြေမွေး လက်မွေး၊ ချိုင်းမွေးတွေကို ရိတ်ဖို့၊ ရှင်းဖို့ ကြိုးစားနေကြတာ မဟုတ် လား။

အထူးသဖြင့် ဂျုပ်တွေ၊ ဘလိတ်ဓားတွေသုံးပြီး ရိတ်လေ့ရှိ ကြပါတယ်။ အဲဒီလို ရိတ်ပြီးလို့ရှိရင် အသားအရေတွေ ကြမ်းပြီး ကျန်ခဲ့ တာကို တော်တော်များများ ကြုံ တွေ့ဖူးကြမှာပါ။ အဲဒီတော့ အမွေး အမှင်ကိုရှင်းပြီး တိုင်းနူးညံ့တဲ့ အသားအရေရရှိစေဖို့ ဘာဆက် လုပ်ဖို့လိုသလဲ ဆိုတာတွေကတော့


(၁) သခွာသီး
သခွာသီးဟာ အေးမြတဲ့ ဓာတ်ကို ပေးစွမ်းနိုင်တာကြောင့် သခွာသီးကို ပါးပါးလေးလှီးပြီး ရိတ်ထားတဲ့ နေရာတွေမှာ ကပ် ထားပေးပါ။ မိနစ်သုံးဆယ်လောက် ထားပြီးရင် ခွာလို့ရပါပြီ။ အဲဒီနည်း အတိုင်းလုပ်မယ်ဆိုရင် အသား တွေကြမ်းမှာ မပူပါနဲ့တော့။


(၂) ရှားစောင်းလက်ပပ်
ရှားစောင်းလက်ပပ်ရဲ့ အနှစ် ကိုထုတ်ယူပြီး အမွေးအမှင် ရိတ် ထားတဲ့ နေရာတွေကို ပွတ်ပေးပါ။ အေးမြပြီး အသားအရေထဲက ညစ်ညမ်းမှုတွေကို စုပ်ယူနိုင်တာမို့ လို့ ဒီနည်းကလည်း အသုံးဝင်ပါ တယ်။


(၃)ရေခဲ
ရေခဲတွေကို အိတ်တစ်ခုထဲ ထည့်ပြီး အမွေးအမှင် ရိတ်ထားတဲ့ နေရာကို ကပ်ပေးပါ။ ရေခဲအတုံး လိုက်မဟုတ်ရင်တောင် ရေခဲအ ကြေတွေကို အဝတ်တစ်ခုထဲ ထည့်ပြီး ကပ်ပေးတာကလည်း ကြမ်းတမ်းတဲ့ အသားအရေကို ပြန်လည် ကောင်းမွန်လာစေတာ အသေအချာပါပဲ။


(၄) သံလွင်ဆီ
သံလွင်ဆီဟာ ဆံပင်အတွက် သာမက ခန္ဓာကိုယ်တစ်ခုလုံး အတွက်အရမ်း အသုံးဝင်တဲ့အရာ ပါပဲ။ အမွေးအမှင်တွေ ရိတ်ထားလို့ ကြမ်းတမ်းနေတဲ့ အသားအရေပေါ် ကို သံလွင်ဆီလိမ်းပေးတာဟာ သင့်ရဲ့ အသားအရေကို ပြန်လည် အားပြည့်စေပြီး ညစ်ညမ်းကြမ်း တမ်းခြင်းကနေ ဝေးကွာသွားစေနိုင် ပါတယ်။


(၅) ပျားရည်
ပျားရည်စစ်မှပိုပြီး အာနိ သင်ရှိမယ်ဆိုတာကိုတော့ မမေ့ပါ နဲ့။ ပျားရည်စစ်စစ်ကို လက်ထဲ ထည့်ပြီး အမွေးအမှင် ရိတ်ထား တဲ့နေရာ တွေကိုစိမ့်ဝင်အောင် လိမ်းပေးပြီး မိနစ်၂၀ လောက် ထားပါ။ ပြီးတော့မှ ရေဆေးချ လိုက်ပါ။ ဒီနည်းအတိုင်း လုပ်မယ် ဆိုရင် မကြာခင်မှာဘဲ ကြမ်းတမ်း တာတွေပျောက်ပြီး စိုပြည့်ဝင်းလဲ့ လာစေမှာပါ။





ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..