၁၀ စက္ကန့်လောက် စိမ်လိုက်တာနဲ့ Spa သွားဖို့မလို မျက်နှာလေး ဖြူစင်ဝင်းပစေမယ့်နည်း
popolay.com
|
2019-03-05

ပျိုမေတို့ရေ မျက်နှာလေး ဝင်းပကြည်လင် သန့်ရှင်းဖို့အတွက်ဆိုရင်တော့ ဒီနည်းလမ်းလေးကို သုံးပြီး Spa သွားလို့ ကုန်ကျမယ့် စရိတ်တွေကို မုန့်တွေစားပြီး ဖက်ရှင်ပစ္စည်းတွေသာ ဝယ်လိုက်ပါတော့။

လွယ်ကူလျှင်မြန်အကုန်အကျသက်သာပြီး ၁၀ စက္ကန့်ပဲအချိန်ပေးရမယ်ဆိုရင် ယုံကြည်ဖို့တောင် ခက်မယ်ထင်တယ်နော်..။ တစ်ကယ်တော့ ဒီနည်းလေးက ကိုရီးယားအလှအပ နည်းပညာ ဗြူတီနည်းလမ်းလေးဖြစ်ပါတယ်။








ဒို့ကိုကိုတွေ ယမကာနဲ့ တွဲသောက်လေ့ရှိတဲ့ ဆော်ဒါရေ(Soda Water) က မျက်နှာလေး ဝင်းပအောင် ကူညီပါလိမ့်မယ်။ ဆော်ဒါရေထဲ မျက်နှာကို ၁၀ စက္ကန့်လောက် စိမ်ပေးထားခြင်းဖြင့်အရေပြားထဲကအဆိပ်တွေထွက်စေပြီး ချွေးပေါက်နဲ့အရေပြားတွေကို ချောမွတ် သန့်စင်စေပါတယ်။ ဒါ့အပြင်အဆီပိုတွေကို ဖယ်ရှားပြီး ချွေးပေါက်လေးတွေကို တင်းရင်းသွားစေတာကြောင့်အသားအရေ နုပျိုစေပါတယ်။




လိုအပ်တာလေးတွေက
ဆော်ဒါရေ(Soda Water)၊ Sparkling Water စတဲ့ တစ်ပုလင်း သို့မဟုတ် တစ်ဗူး။
(သတိပြုရန်။ ။ သကြားပါသော၊အရသာရှိသောအချိုရည်များနဲ့ မလုပ်ရပါ)
အဝကျယ် ပလပ်စတစ်ဇလုံ (မျက်နှာ ထည့်စိမ်နိုင်ရန်)



ပြုလုပ်ပုံအဆင့်ဆင့်



၁။ ပထမဦးစွာ မျက်နှာကို ရေအေးနဲ့အရင်သစ်ပါ။










၂။ ဆော်ဒါရေ နဲ့ ရိုးရိုးရေသန့် တို့ကို ဆတူ ၁:၁ ရောပါ (ဆိုဒါရေ + ရေသန့် ဆတူ) ဇလုံထဲ ရောထည့်ပါ။










၃။ ရောစပ်ထားသော ရေထဲကို ၁၀ စက္ကန့်  မျက်နှာနှစ်ထားပါ။



၄။ ၁၀ စက္ကန့်ပြည့်ပြီးနောက် မျက်နှာကို ရေထဲက ပြန်ခွာပါ။ နှာခေါင်းထဲ ဝင်နေတဲ့ ရေတွေကို မရှုသွင်းပဲ နှပ်ညှစ်သလို ညှစ်ထုတ်ပစ်ပါ။










၅။ ပြီးနောက် ဇလုံထဲက ရေနဲ့ပဲ မျက်နှာသစ်ဆပ်ပြာအပျော့စားနဲ့ သစ်ပြီး မျက်နှာသုတ်ပဝါအနုလေးနဲ့ ခြောက်သွေ့အောင် သုတ်ပါ။








ဖော်ပြပါနည်းလမ်းဟာ မျက်နှာအဆီပြန်သူများအတွက်အထူးသင့်လျှော်ပြီး တစ်ပတ်လျှင် နှစ်ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။ ထိခိုက်လွယ်တဲ့အသားအရေရှိသူတွေအနေနဲ့တော့ တစ်ပတ် တစ်ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။

နောက်ထပ် တစ်ချက်ကတော့ ညပိုင်းအိပ်ယာမဝင်မီမှာ ရေအေးနဲ့ မျက်နှာသစ်ပြီးနောက် ဆော်ဒါရေကို ဂွမ်းစလေးနဲ့ တို့ယူပြီး မျက်နှာကို သုတ်လိမ်းပေးနိုင်ပါတယ်။ ရေသန့်နဲ့ ပြန်ဆေးဖို့ မလိုပါဘူး။ မနက်ရောက်မှ မျက်နှာသစ်လိုက်ရင်ရပါပြီ။ ညတိုင်းလုပ်ပေးနိုင်ပါက မျက်နှာအသားအရေဟာ Spa သွားထားသလို သိသိသာသာ ကြည်လင်ဝင်းပလာတာကို ကိုယ်တိုင်ခံစားရမှာဖြစ်ပါတယ်။

(ပိုပိုလေး)




Some text some message..