ကျန်းမာလှပသန်စွမ်းတဲ့လက်သည်းလေးတွေဖြစ်အောင် ဒီနည်းလမ်းလေးတွေနဲ့ဂရုစိုက်ကြမယ်
trend.com.mm
|
2019-03-06




မိန်းကလေးတစ်ယောက်ရဲ့အလှဟာ လက်သည်းလေးတွေမလှရင်လည်း မပြည့်စုံပါဘူးနော်။လက်သည်းလေးတွေလှပနေမှ ပျိုမေတို့ရဲ့
အလှဟာလည်း ပြီးပြည့်စုံနေမှာပါ။ဒါကြောင့် ကိုယ့်လက်သည်းလေးတွေ မကျိုးမပဲ့အောင်၊ကျန်းမာလှပသန်စွမ်းတဲ့လက်သည်းလေးတွေဖြစ်အောင်
ဘယ်လိုဂရုတစိုက်ထိန်းသိမ်းရမလဲဆိုတဲ့အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ်။ဘယ်လိုထိန်းသိမ်းရမလဲ?


*ရေများများထိတွေ့ခြင်းကို ရှောင်ပါ








လက်သည်းတွေကအမြဲတမ်းရေနဲ့ထိတွေ့နေမယ်ဆိုရင် လက်သည်းတွေကိုပျော့ပျောင်းလာစေပြီး ကျိုးပဲ့တာတွေဖြစ်လာတတ်ပါတယ်။
ဒါကြောင့် ရေများများထိတာကိုရှောင်ရမှာဖြစ်သလို ရေထိပြီးတဲ့အခါမှာလည်း လက်ကိုသေချာသုတ်ပေးသင့်ပါတယ်။


*ဓာတုဆေးတွေနဲ့ ဝေးဝေးနေပါ
တကယ်လှပပြီးကျန်းမာတဲ့လက်သည်းလေးတွေလိုချင်တယ်ဆိုရင် ဈေးသက်သာတဲ့လက်သည်းနီမျိုး၊ဓာတုဆေးပါတဲ့လက်သည်းနီ၊လက်သည်းဖျက်ဆေး
မျိုး မထိတွေ့တာအကောင်းဆုံးပါပဲ။


*မဖြစ်မနေ လက်သည်းနီဆိုးမယ်ဆိုရင်တောင် ခဏအနားပေးချိန်ရှိပါစေ








တကယ်လု့ိ လက်သည်းနီကို ဆိုးချင်တယ်။လက်သည်းနီဆိုးမှဖြစ်မယ်ဆိုရင်တော့ ဆိုးပြီးတဲ့အခါအချိန်အတိုင်းအတာတစ်ခုလောက်ထိ လက်သည်း
နီထပ်မဆိုးပဲအနားပေးထားသင့်ပါတယ်။တကယ်တန်ဖိုးကြီးပါတယ်ဆိုတဲ့လက်သည်းနီ၊လက်သည်းဖျက်ဆေးသုံးရင်တောင်အနားပေးဖို့လိုအပ်ပါတယ်။ဒါမှ
လက်သည်းလေးတွေ ကျန်းမာလှပနေမှာပါ။


*ကျန်းမာရေးနဲ့ညီညွတ်စွာစားပါ








ကျန်းမာရေးနဲ့ညီညွတ်စွာစားပေးတာကလည်း လက်သည်းအလွယ်တကူကျိုးပဲ့တာ၊လက်သည်းဖြူဖျော့တာမျိုးတွေမဖြစ်စေပါဘူး။ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ
အစိတ်အပိုင်းတွေကိုကျန်းမာစေတာဖြစ်လို့ လက်သည်းတွေကိုလည်းအားကောင်းအောင်ကူညီပေးနိုင်ပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားတာကလည်းသင့်လက်သည်းတွေလိုအပ်တဲ့သံဓာတ်ကိုဖြည့်စွမ်းပေးနိုင်ပါတယ်။


*ပုံမှန်အားဖြည့်ပေးပါ
လက်သည်းလေးတွေကျန်းမာလှပဖို့အားဖြည့်ပေးဖို့လည်းလိုပါတယ်။သံလွင်ဆီညတိုင်းပုံမှန်လိမ်းပေးတာ၊တစ်ပတ်တစ်ခါသံပုရာသီးလေးနဲ့ချေးချွတ်သန့်စင်
ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။သင့်ရဲ့လက်သည်းတွေကအဝါရောင်ဖြစ်နေမယ်ဆိုရင် သံပုရာရည်လေးနဲ့ မုန့်ဖုတ်ဆိုဒါကိုရောစပ်ပြီး ဖြူဝင်းသန့်ရှင်း
အောင်ချေးချွတ်ပေးပါ။


*ပုံမှန်လက်သည်းညှပ်ပေးပါ







လက်သည်းလေးတွေပုံကျချင်တယ်။လှပကျန်းမာပြီးသန့်ရှင်းသပ်ရပ်ချင်တယ်ဆိုရင် ပုံမှန်လက်သည်းညှပ်ပေးပါ။လက်သည်းအတိုလေးဖြစ်လေ လက်သည်းတွေကပိုပြီးကျန်းမာလှပလေပါပဲ။အရမ်းရှည်တဲ့အခါမှာ လက်သည်းတွေက ထိခိုက်ပျက်စီးလွယ်လာပါတယ်။ဒါကြောင့်လက်သည်းအတိုလေးကို သန့်ရှင်းလှပအောင်ထားတာက လက်သည်းတွေကိုပိုပြီးကျန်းမာအောင် ထိန်းသိမ်းတဲ့နည်းလမ်းတစ်မျိုးပါပဲ။

Ref:rd.com

Unicode


မိန်းကလေးတစ်ယောက်ရဲ့အလှဟာ လက်သည်းလေးတွေမလှရင်လည်း မပြည့်စုံပါဘူးနော်။လက်သည်းလေးတွေလှပနေမှ ပျိုမေတို့ရဲ့
အလှဟာလည်း ပြီးပြည့်စုံနေမှာပါ။ဒါကြောင့် ကိုယ့်လက်သည်းလေးတွေ မကျိုးမပဲ့အောင်၊ကျန်းမာလှပသန်စွမ်းတဲ့လက်သည်းလေးတွေဖြစ်အောင်
ဘယ်လိုဂရုတစိုက်ထိန်းသိမ်းရမလဲဆိုတဲ့အကြောင်းအရာလေးကို မျှဝေပေးချင်ပါတယ်။ဘယ်လိုထိန်းသိမ်းရမလဲ?

*ရေများများထိတွေ့ခြင်းကို ရှောင်ပါ


လက်သည်းတွေက အမြဲတမ်းရေနဲ့ထိတွေ့နေမယ်ဆိုရင် လက်သည်းတွေကိုပျော့ပျောင်းလာစေပြီး ကျိုးပဲ့တာတွေဖြစ်လာတတ်ပါတယ်။
ဒါကြောင့် ရေများများထိတာကိုရှောင်ရမှာဖြစ်သလို ရေထိပြီးတဲ့အခါမှာလည်း လက်ကိုသေချာသုတ်ပေးသင့်ပါတယ်။


*ဓာတုဆေးတွေနဲ့ ဝေးဝေးနေပါ
တကယ်လှပပြီးကျန်းမာတဲ့လက်သည်းလေးတွေလိုချင်တယ်ဆိုရင် ဈေးသက်သာတဲ့လက်သည်းနီမျိုး၊ဓာတုဆေးပါတဲ့လက်သည်းနီ၊လက်သည်းဖျက်ဆေး
မျိုး မထိတွေ့တာအကောင်းဆုံးပါပဲ။

*မဖြစ်မနေ လက်သည်းနီဆိုးမယ်ဆိုရင်တောင် ခဏအနားပေးချိန်ရှိပါစေ


တကယ်လု့ိ လက်သည်းနီကို ဆိုးချင်တယ်။လက်သည်းနီဆိုးမှဖြစ်မယ်ဆိုရင်တော့ ဆိုးပြီးတဲ့အခါ အချိန်အတိုင်းအတာတစ်ခုလောက်ထိ လက်သည်း
နီထပ်မဆိုးပဲ အနားပေးထားသင့်ပါတယ်။တကယ်တန်ဖိုးကြီးပါတယ်ဆိုတဲ့လက်သည်းနီ၊လက်သည်းဖျက်ဆေးသုံးရင်တောင် အနားပေးဖို့လိုအပ်ပါတယ်။ဒါမှ
လက်သည်းလေးတွေ ကျန်းမာလှပနေမှာပါ။

*ကျန်းမာရေးနဲ့ညီညွတ်စွာစားပါ


ကျန်းမာရေးနဲ့ညီညွတ်စွာစားပေးတာကလည်း လက်သည်းအလွယ်တကူကျိုးပဲ့တာ၊လက်သည်းဖြူဖျော့တာမျိုးတွေမဖြစ်စေပါဘူး။ခန္ဓာကိုယ်ရဲ့ဆဲလ်တွေ
အစိတ်အပိုင်းတွေကိုကျန်းမာစေတာဖြစ်လို့ လက်သည်းတွေကိုလည်း အားကောင်းအောင်ကူညီပေးနိုင်ပါတယ်။အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေစားတာကလည်းသင့်လက်သည်းတွေလိုအပ်တဲ့သံဓာတ်ကိုဖြည့်စွမ်းပေးနိုင်ပါတယ်။


*ပုံမှန်အားဖြည့်ပေးပါ
လက်သည်းလေးတွေကျန်းမာလှပဖို့ အားဖြည့်ပေးဖို့လည်းလိုပါတယ်။သံလွင်ဆီညတိုင်းပုံမှန်လိမ်းပေးတာ၊တစ်ပတ်တစ်ခါသံပုရာသီးလေးနဲ့ချေးချွတ်သန့်စင်
ပေးတာမျိုးလုပ်ပေးသင့်ပါတယ်။သင့်ရဲ့လက်သည်းတွေက အဝါရောင်ဖြစ်နေမယ်ဆိုရင် သံပုရာရည်လေးနဲ့ မုန့်ဖုတ်ဆိုဒါကိုရောစပ်ပြီး ဖြူဝင်းသန့်ရှင်း
အောင်ချေးချွတ်ပေးပါ။

*ပုံမှန်လက်သည်းညှပ်ပေးပါ

လက်သည်းလေးတွေပုံကျချင်တယ်။လှပကျန်းမာပြီးသန့်ရှင်းသပ်ရပ်ချင်တယ်ဆိုရင် ပုံမှန်လက်သည်းညှပ်ပေးပါ။လက်သည်းအတိုလေးဖြစ်လေ လက်သည်းတွေကပိုပြီးကျန်းမာလှပလေပါပဲ။အရမ်းရှည်တဲ့အခါမှာ လက်သည်းတွေက ထိခိုက်ပျက်စီးလွယ်လာပါတယ်။ဒါကြောင့်လက်သည်းအတိုလေးကို သန့်ရှင်းလှပအောင်ထားတာက လက်သည်းတွေကိုပိုပြီးကျန်းမာအောင် ထိန်းသိမ်းတဲ့နည်းလမ်းတစ်မျိုးပါပဲ။

Ref:rd.com




Some text some message..