
လူတစ်ယောက်ရဲ့ စိတ်သဘောထား၊ လူမှုဆက်ဆံရေး၊ သန့်ရှင်းသပ်ရပ်မှုတွေက သူ့မှာရှိတဲ့ ဆံပင်ပုံစံနဲ့လည်းအများကြီး သက်ဆိုင်တာမို့ ဆံပင်ဆိုတာ လူသားရဲ့ ဒုတိယမျက်နှာလို့တောင် ဆိုစမှတ်ပြုကြပါတယ်။
တစ်ဖက်ကကြည့်ရင်တော့ ပုံတုံးပြီး မှားယွင်းမလိုက်ဖက်တဲ့ ဆံပင်ပုံစံကြီးနဲ့ဆို ဘယ်လောက် နေရခက်တယ်၊ ဘယ်လိုစိတ်တွေ ရှုပ်သွားတတ်တယ်စသဖြင့်အကျိုးအပြစ်က ရှိနေပါသေးတယ်။ ဒါကြောင့် ကိုယ်စိတ်ချလို့ရမယ့် ဆံပင်ညှပ်ဆရာတွေရှိမယ့် ရန်ကုန်မြို့ရဲ့ နာမည်ကျော်ဆံသဆိုင်တွေကို ညွှန်းလိုက်ရပါတယ်။
၁။ Hair Republic
နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင်တွေ၊ မော်ဒယ်တွေနဲ့အလှအပ ကြိုက်တဲ့အသိုင်းအဝိုင်းက ပျိုမဒီတွေအားထားစရာ ဆံပင်ညှပ်ဆိုင်ဖြစ်ပြီး ဆံပင်ဒီဇိုင်းတွေ ဖန်တီးရာမှာ ၁၅ နှစ်ကျော်အတွေ့အကြုံတွေ ရှိနေပါတယ်။ ဒီဆိုင်က သုံးသမျှအလှကုန်နဲ့ ဆံပင်ဆိုင်ရာပစ္စည်းတွေက စင်ကာပူနိုင်ငံက တိုက်ရိုက်မှာယူသုံးစွဲတာဖြစ်သလို ဥရောပ၊အမေရိကတိုက်တွေက နာမည်ကျော်တံဆိပ်တွေကိုလည်း စင်ကာပူနိုင်ငံကတစ်ဆင့် မှာယူအသုံးပြုကြပါတယ်။ တော်လွန်းတဲ့ ဆံသဆရာတွေရှိပြီး ရုံးပိတ်ရက်တွေမှာတော့ ကိုယ့်အလှည့်ရောက်ဖို့ မလွယ်တာကြောင့် စောစောအကြောင်းကြားထားရ ပါမယ်နော်။ နေ့စဉ် မနက် ၁၀ နာရီက ည ၈ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၁၃၅၊ ဒုတိယထပ်၊အင်းလျားလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၂၆၃၈၈၈၀ဝ၃
၂။ Tony Tun Tun
ဆယ်စုနှစ် သုံးခုကို ကျော်ဖြတ်လာပြီဆိုတော့ နှစ် ၃၀ ကျော်အတွေ့အကြုံတွေနဲ့ ဆံပင်ဒီဇိုင်း ပညာရှင်တွေရဲ့အရည်အချင်းတွေက ငြင်းစရာတောင် မရှိတော့ပါဘူး။ ရန်ကုန်နဲ့ မန္တလေးမြို့တွေမှာ ဆိုင်ခွဲပေါင်း ၂၃ ဆိုင်အထိ ဖွင့်ထားတာကြောင့်လည်း နာမည်အကြီးဆုံးနဲ့ ဆိုင်ခွဲအများ ဆုံး ဆံကေသာအလှပြင်ဆိုင် ဖြစ်နေတာပါ။ ဆိုင်ခွဲတွေအလိုက် ဖွင့်ချိန် ကွာသွားပေမယ့်အများစုကတော့ မနက် ၉ နာရီကနေ ည ၁၀ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၂၇၉/၂၈၁၊အနော်ရထာလမ်း (ဂျန်းရှင်းမော်တင်အနီး)၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၂၂၂၅၃၇
၃။ Spice Girls
စဖွင့်ကတည်းက တိကျသပ်ရပ်တဲ့ ဆံပင်ဒီဇိုင်းတွေကြောင့် နာမည်ကျော်ခဲ့တဲ့ ဆံသဆိုင်ဖြစ်ပြီး နောက်ပိုင်းမှာအလှကုန်ပစ္စည်းရောင်းတဲ့ စင်တာတစ်ဖြစ်လဲ လက်သည်းခြေသည်းအလှဆင်ရာ၊ ပွဲတက်မိတ်ကပ်တွေပြင်ဆင်ရာ ဆိုင်တစ်ဆိုင်အဖြစ်အောင်မြင်ခဲ့ပါတယ်။ ဆံပင်အရောင်အသွေးအစုံအလင် ဆိုးနိုင်သလို လိုချင်သလို ပုံသွင်းဆံသပေးတာမို့အမြဲတမ်းဖောက်သည်အမျိုးသမီးတွေလည်း ရှိပါတယ်။ နေ့စဉ် မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၃၄/ဘီ၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၀ဝ၇၀ဝ၈၉၄
၄။ T – 8
ရန်ကုန်မြို့မှာ ပထမဆုံး ခေါင်းအစ ခြေအဆုံးအလှပြင်နိုင်တဲ့ ဆံပင်ညှပ်ဆိုင်ဖြစ်ပြီး ဆံကေသာထိန်းသိမ်းဖို့အတွက် လိုအပ်သမျှအဆင့်တွေအားလုံး လည်း ဝန်ဆောင်မှုပေးနေပါတယ်။အမျိုးသမီးသီးသန့်မဟုတ်ဘဲအမျိုးသားတွေပါအကြိုက်တွေ့တဲ့ နေရာဖြစ်ပြီး လူကြိုက်များတဲ့ ဆံပင်အလှပြင်ဆိုင် တွေပါ။ ဆိုင်ခွဲ ၁၃ ဆိုင်အထိ ဖွင့်လှစ်လာနိုင်ပြီးအများဆုံးက ဈေးဝယ်စင်တာတွေမှာ ဖွင့်လှစ်ထားပါတယ်။ နေ့စဉ် မနက် ၉ နာရီက ည ၈ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၂၀၇/၂၀၈၊ ဆူးလေ စကွဲလ်စင်တာ၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၅၆၇၈၂၆၉၉
၅။ 808
ဒီအလှအပစင်တာကတော့ ဆံပင်အတွက်ရော မျက်ခုံး၊ မျက်တောင်၊ မျက်ရစ်လိုင်နာတွေပါ တက်တူးထိုးပေးတဲ့၊ တခြားအလှအပဆိုင်ရာ ဝန်ဆောင်မှုတွေလည်းရတဲ့ နေရာဖြစ်ပါတယ်။ ဒီဇိုင်းအမျိုးမျိုးတွေနဲ့ ဆံပင်ကောက်တာတွေက ဒီဆိုင်ရဲ့ နာမည်ကြီးအချက်ဖြစ်ပြီး ဆံပင်အရှည် ဆက်ပေးတာမျိုးလည်း ပျိုမေတွေအားပေးကြပါတယ်။ တရုတ်၊ ကိုရီးယား၊ ဂျပန်စတဲ့ ဆံပင်ညှပ်ဆရာတွေရှိကြပြီး နေ့စဉ် မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၃၁၀၊အနော်ရထာလမ်းနှင့် ဝါးတန်းလမ်းထောင့်၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၅၅၀၃၈၄၆
၆။ Hello
ဒီ ဆံပင်အလှပြင်ဆိုင်ကတော့ ခေတ်ရေစီးကြောင်းအလိုက် ပြောင်းလဲ လာတဲ့ ဆံပင်အရောင်တွေ၊ ကောက်သားတွေ၊ ဒီဇိုင်းတွေကိုအမီလိုက်နိုင်တဲ့ ဆိုင်တစ်ဆိုင်ပါ။ မခိုင်က ဒီဆိုင်ရဲ့ ဦးဆောင်သူတစ်ဦးဖြစ်ပြီး ဆံပင်ညှပ်တာကအစ မိတ်ကပ်ပြင်တာအဆုံး သူ့ရဲ့အဖွဲ့သားတွေနဲ့အကောင်းဆုံး ပံ့ပိုးပေးနိုင်ပါတယ်။ နာမည်ကျော်မင်းသမီးတွေကို ံနူသ က ပြင်ဆင်ပေးထား တဲ့ပုံတွေ လတ်တလောမှာ ခေတ်စားနေတာပါ။ နေ့စဉ် မနက် ၉ နာရီက ည ၈ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၅၉၊၆၁၊၆၃၊ မြေညီထပ်၊ စိတ္တသုခလမ်း၊ ကျောက်မြောင်း၊ ရန်ကုန်မြို့။ ဝ၁ ၅၄၀ဝ၇၀
၇။ သီရိရွှေစင်
နှစ် ၂၀ ကျော်သက်တမ်းနဲ့ ဆံပင်အလှပြင် ဆိုင်ဖြစ်ပြီး တစ်ခေတ်တစ်ခါက ဆံပင်ဖြောင့်တာတွေ နာမည်ကျော်ချိန်မှာ ပျိုမေတွေအသည်းစွဲပြီး နေရာလုခဲ့ရတဲ့ ဆိုင်ဖြစ်ပါတယ်။ လက်ရှိအချိန်အထိလည်း ကိုယ်စိတ်ကူးထားတဲ့ ဆံပင်ဒီဇိုင်းကို ပုံကျအောင် ညှပ်ပေးနိုင်တဲ့အမျိုးသမီး ဆံပင်ညှပ်ဆရာတွေကြောင့်အောင်မြင်နေဆဲပဲဖြစ်ပါတယ်။ နေ့စဉ် မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၁၅၂၊ ဆရာစံလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၁ ၅၄၂၄၄၃
၈။ The K Salon
အမိုက်စား စူပါမော်ဒယ်တွေ သွားလေ့ရှိတဲ့ ဆံပင်အလှပြင်ဆိုင်ဖြစ်ပြီး ဆံပင်အရောင် ဆိုးတာတွေ၊ ဆံပင်ကောက်တာတွေမှာ နာမည်ကြီးပါတယ်။ စိတ်ချရတဲ့ ဆံကေသာအလှပြင်ပစ္စည်းတွေသာအသုံးပြုထားတာမို့ လူသိများတဲ့ဆိုင်ပါ။အမျိုးသား၊အမျိုးသမီးအားလုံးအတွက် ဆံပင်အလှပြင်နိုင်တဲ့ ဆိုင်ဖြစ်ပြီး နေ့စဉ်(တနင်္လာနေ့ကလွဲရင်) မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၁အေ၊ သီရိလမ်း၊ ၁၄ ရပ်ကွက်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၄၂၈၀၇၇၈၀၇
၉။ Fancy House
ဒီ သက်တမ်းရှည် ဆံပင်အလှပြင်ဆိုင်ဟာလည်း နိုင်ငံတကာက နာမည်ကျော်ပစ္စည်းတွေကိုသာ ဆံပင်နဲ့ တခြားအလှအပဆိုင်ရာ ဝန်ဆောင်မှု တွေအတွက်အသုံးပြုတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ပါတယ်။၂၀၁၉ ခုနှစ်အတွက် ခေတ်စားမယ့် ဆံပင်အရောင်နဲ့ ဒီဇိုင်းတွေကို ပျိုမေတွေအတွက် ဖန်တီးပေးနေတာပါ။ နေ့စဉ် မနက် ၉ နာရီက ည ၇ နာရီအထိ ဖွင့်ပြီး ကြိုတင် စာရင်းပေးပြီး နေရာယူသင့်ပါတယ်။ လိပ်စာ-အမှတ် ၅၆ ဘီ၊ ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်မြို့။ ဝ၉ ၂၆၃၂၀ဝ၀၃၃
၁၀။ Amazing hair and Beauty Studio
ဒီဆိုင်မှာတော့ ဆံပင်ညှပ်တာ၊ ကောက်တာ၊ ဖြောင့်တာ၊ ဆေးဆိုးတာတွေအပြင် ဆံကေသာထိန်းသိမ်းပေးတာနဲ့ ပိုရှည်သွားအောင် ဆံပင်ဆက်ပေးတာတွေမှာ နာမည်ကျော်ပါတယ်။ သက်တန့် ရောင်စဉ်အစုံလိုက်ကို လိုက်ဖက်တဲ့ ဆံပင်ဒီဇိုင်းနဲ့ ဆိုးပေးထားတာကိုက ဆိုင်ရဲ့အမှတ်အသားပါပဲ။ မျက်ခုံးတက်တူးထိုးတာ၊ မျက်တောင်ဆက်တာတွေမှာလည်း လူကြိုက်များကြပါတယ်။ တနင်္လာနေ့ကလွဲရင် နေ့စဉ် မနက် ၉ နာရီက ည ၉ နာရီအထိ ဖွင့်ပါတယ်။ လိပ်စာ-အမှတ် ၁၁၊ ကျိုက်လတ်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။ ဝ၉ ၇၉၆၅၇၇၈၄၈