11 Basic Beauty Tips for Summer
moda.com.mm
|
2019-03-15



မြန်မာနိုင်ငံမှာ နေတဲ့လူတိုင်း ကြောက်ရတဲ့ ပူပူပြင်းပြင်း နွေရာသီရောက်လာပြီနော်။ ပူလွန်းလို့အပြင်ကို ထွက်ဖို့ဆန္ဒမရှိပေမယ့် မဖြစ်မနေထွက်ရမယ့်အချိန်မျိူးတွေမှာအကာအကွယ်နဲ့ ထွက်ဖို့ လိုပါတယ်။အဝတ်အစားရွေးချယ်တဲ့နေရာမှာလည်းအရောင်နုနုနဲ့ ချောင်ချောင်ချိချိ ချည်သားတွေကိုသာ ဝတ်ဆင်သင့်တယ်နော်။ မိန်းကလေးတွေအနေနဲ့လည်းအလှပြင်တဲ့နေရာမှာအခက်ကြုံ ရတဲ့အတွက် လိုက်လုပ်ရလွယ်ကူပြီးအကျိူးရှိစေမယ့်အချက်လေးတွေကို မျှဝေပေးလိုက်ရပါတယ်။ ပျိူပျိူမေတို့အပူဒဏ်ကိုအံ့တုပြီးအစွမ်းကုန်လှနိုင်ကြပါစေနော်။


Moisturizer
Moisturizing ကအသားအရေအတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ရေဓာတ်ကိုအသားအရေကွဲအက် ပျက်စီးတတ်တဲ့ ဆောင်းတွင်းမှာသာ လိုအပ်တာ မဟုတ်ပဲ ပူ့ပြင်းတဲ့နွေရာသီမှာပါ လိုအပ်ပါတယ်။ ပူပြင်းတဲ့ နွေရာသီက ခန္ဒာကိုယ် ကို ရေဓာတ်ခန်းခြောက်စေပြီးအသားအရေကို မွဲခြောက်ပျက်စီးစေပါတယ်။ Moisturizer က နေလောင်ခြင်းနဲ့အရေပြားထဲ ပိုးဝင်ရောက်မှုတွေကနေ ကာကွယ်ပေးပါတယ်။ Moisturizer ရွေးချယ်တဲ့နေရာမှာ Non Greasy နဲ့Water Baseအမျိူးအစားကိုမှ Vitamin E ပါဝင်တာမျိူးအသုံးပြုဖို့ လိုပါတယ်။





Exfoliate
အရေပြားကနေ Skin care Product တွေကောင်းကောင်းစုပ်ယူဖို့အသားအရေ သန့်စင်နေဖို့လိုပါတယ်။ Exfoliate ပုံမှန်ပြုလုပ်တာက ချွေးပေါက်ပိတ်တာကို ဖြစ်စေတဲ့ Dead Skin ကို ဖယ်ရှားပေးပါတယ်။ ဒါ့အပြင် Makeup လိမ်းတဲ့အခါမှာ Makeup သားတက်စေပြီး ကြည်ကြည်လင်လင်နဲ့လှနေစေမှာပါ။ တစ်ခု သတိထားရမှာက Exfoliate ကိုနေ့တိုင်းမလုပ်သင့်တာပါပဲ။ ဒီလို လုပ်တာကအသားအရေကို နီမြန်းစေပြီး ယားယံမှုနဲ့ Breakout တွေကိုဖြစ်စေပါတယ်။ တစ်ပတ် ပုံမှန် နှစ်ကြိမ်၊ သုံးကြိမ်သာ ပြုလုပ်သင့်ပြီး ညနေပိုင်းမှာသာ ပြုလုပ်ဖို့ကိုလည်း သတိထားရမှာပါ။


Water
နွေရာသီမှာ ချွေးထွက်များပြီး ရေဓာတ်ခမ်းခြောက်တာ လူတိုင်းအသိနော်။ ခန္ဒာကိုယ်ထဲမှာ ရှိတဲ့ရေဓာတ် ထိန်းသိမ်းဖို့နဲ့Dehydration မဖြစ်စေဖို့တစ်ရက်ကို ရေ ၈ခွက်အနည်းဆုံးသောက်သင့်ပါတယ်။


Sunscreen
နေပူထဲကို Sunscreen မလိမ်းပဲ ထွက်တာကို ရှောင်ရမှာပါ။ Sunscreem က မဖြစ်မနေ လိမ်းဖို့လိုအပ်ပြီးအသားအရေကို နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။ ခရမ်းလွန်ရောင်ခြည်ကအရေပြားရောဂါ၊အရေးအကြောင်းနဲ့အစက်အပြောက်တွေကို ဖြစ်စေပါတယ်။ Sunscreen ရွေးချယ်တဲ့နေရာမှာ SPF 30 နဲ့အထက်ကိုသာ ရှာဖွေဝယ်ယူသင့်ပြီး နာရီအနည်းငယ်ကြာပြီးတိုင်း ပြန် လိမ်းပေးဖို့လည်းလိုအပ်တယ်နော်။


Aloe Vera
အရေပြား ပြဿနာ တော်တော်များများကို ရှားစောင်းလတ်ပတ်က သိသိသာသာ ကာကွယ်ပေးပါတယ်။ နေပူထဲထွက်တာများတဲ့အချိန်တွေမှာ ခန္ဒာကိုယ်ပေါ် ရှားစောင်းလတ်ပတ် Gel တင်လိုက်တာကအသားအရေကိုအေးမြစေပြီး နေလောင်ဒဏ်မှ ကာကွယ်ပေးပါတယ်။





Makeup
နွေရာသီက ပူပြင်းတဲ့အတွက် မိတ်ကပ်လိမ်းတဲ့နေရာမှာ ပေါ့ပေါ့ပါးပါးနဲ့အရောင်နုနုလေးတွေအသုံးပြုသင့်ပါတယ်။ Summer နဲ့လိုက်ဖက်တဲ့ Natural Color တွေရွေးချယ်တာက သဘာဝဆန်ဆန်လှနေစေမှာပါ။ မိတ်ကပ်ကိုလည်း ပါးပါးလေးနဲ့Oil Free Product ကိုသာအသုံးပြုသင့်တယ်နော်။


Primer
ချွေးထွက်လွယ်အဆီပြန်လွယ်တဲ့အတွက် Primer ကို မဖြစ်မနေသုံးသင့်ပါတယ်။ Primer က မိတ်ကပ်သား မရွေ့စေပဲ တာရှည်ခံစေပါတယ်။ Primer က မျက်နှာနဲ့Foundation ကိုအလွှာတစ်ခုအနေနဲ့ ကာကွယ်ပေးထားတာမို့တစ်နေကုန်အလှမပျက်ပဲ သွားလာနိုင်မှာ ဖြစ်ပါတယ်။


Sweat Proof
Eye makeupအတွက် Water Proof Sweat Proof တွေကို သုံးဖို့အရေးကြီးပါတယ်။ Eye Liner ကအစ Eyebrow၊ Mascaraအဆုံး ဒီလို Type ထဲက ရှာဝယ်ဖို့လိုပါတယ်။ မဟုတ်ရင် Panda Eye နဲ့ဖျက်ရ ပြုမရနဲ့ ဒုက္ခများနေရမှာပါ။ ချွေးထွက်လွယ်တဲ့အတွက် ဒီရာသီမှာ မိတ်ကပ် Product တွေကို Sweat Proof သာ သုံးတာအကောင်းဆုံးပါပဲ။ Eyeshadow ကို Cream Shadowအမျိူးအစားကို သုံးဖို့အကြံပေးချင်ပါတယ်။ Powder Eyeshadow တွေကအဆီပြန်လွယ်ပြီး ကြာရှည်မခံတဲ့အပြင် ချွေးပေါက်ကိုလည်း ပိတ်စေတဲ့အတွက်ကြောင့်ပါ။


Glowy Glow
Sun Kiss Skinအတွက် High Light တွေ Bronzer တွေကို ချန်ထားလို့မရပါဘူး။ နေရောင် ထိလွယ်တဲ့နေရာတွေဖြစ်တဲ့ နဖူး၊ ပါးရိုးတစ်လျှောက်နဲ့ နှုတ်ခမ်းအပေါ်နားလေးတွေကို Highlighter လိုက်ထည့်လိုက်ပါ။ သဘာဝကျစေဖို့အတွက်အနည်းငယ်တောင် သုံးဖို့လည်း သတိထားရမှာပါ။





Lips
နှုတ်ခမ်းတွေကိုလည်း ဂရုစိုက်ဖို့လိုတယ်နော်။ နှုတ်ခမ်းပေါ်က Skin က Sensitive ဖြစ်လွယ်ပြီး နေရောင်ခြည်က နှုတ်ခမ်းသားကို ခြောက်သွေ့စေတဲ့အတွက် SPF ပါတဲ့ Lip Blam တွေဆောင်ထားရမယ့်အချိန်ပါ။


Healthy Hair နွေရာသီမှာ ဖြစ်တဲ့ ပူျအိုက်စိုထိုင်းတဲ့ ပတ်ဝန်းကျင်က ဆံပင်သားကို ပျက်စီးစေပါတယ်။ ဆံပင်သား ခြောက်သွေ့လွယ်ပြီး ဖွာလွယ်တဲ့အတွက်ကြောင့် ထိန်းသိမ်းဖို့လိုပါတယ်။ Coconut Oil ပါတဲ့ Treatment တွေက ဆံသားတွေကိုအားဖြည့်ပေးပြီး နူးညံပျော့ပြောင်းစေပါတယ်။ ခေါင်းလျှော်ထားပြီး တစ်ရက်တောင်မခံတဲ့ ဒီရာသီမှာ ရေအေးအေးနဲ့ဦးရေပြားကို ဖြန်းတာကအပူဒဏ်ကို သက်သာစေပါတယ်။အနံ့ပါတဲ့ Hair Spray တွေကလည်း ဆံသားကို ကာကွယ်ပေးပြီး သန့်ရှင်းစေပါတယ်။





Editor: Pan JN




Some text some message..