အလှအပရေးရာအတွက် ရှောက်သီးကို ဘယ်လိုအသုံးပြုမလဲ
healthcare.com.mm
|
2019-05-24


ရှောက်သီးဟာအသားအရေနဲ့ ဆံပင်အတွက် လွန်စွာကောင်းကျိုးပြုသလို ရှောက်သီးဟာအလှအပအတွက် များစွာအကျိုးရှိပါတယ်။ ၁။အစိုဓာတ်ထိန်းခရင်မ်အုန်းရည်အနည်းငယ်နဲ့ ရှောက်ရည်အနည်းငယ် ကို ရောစပ်ပါ။အုန်းရည်ကအသားအရည်ကိုအစိုဓာတ်ထိန်းပေးပြီး ရှောက်ရည်ကအသားအရည်ကို ကြည်လင်ဝင်းလက်စေပါတယ်။ ၂။ တံတောင်ဆစ်နှင့် ဒူးခေါင်းဂျီးချွတ်ဆေး ညိုမည်းနေတဲ့ တံတောင်ဆစ်နဲ့ ဒူးခေါင်းတွေကို ရှောက်သီးတစ်ခြမ်းနှင့် ပွတ်တိုက်ပေးပါ။ ဖြူဝင်းလာပါလိမ့်မယ်။ ၃။အမည်းစက် ပျောက်ဆေး ရှောက်သီးတွေဟာ ဘတ်တီးရီးယားတွေကို တိုက်ဖျက်နိုင်တာကြောင့် ဝက်ခြံပျောက်ကင်းစေပါတယ်။ ဝက်ခြံကြောင့်ဖြစ်တဲ့အမည်းစက် နေရာတွေကိုလည်းရှောက်ရည် လိမ်းပေးပါကအမည်းစက်တွေ မှေးမှိန် သွားပါလိမ့်မယ်။ ၄။ မျက်နှာ သန့်စင်ဆေးရည် ပေါင်းခံရေ (၆)အောင် စလောက်ထဲမှာ ရှောက်ရည် (၂) စက် နဲ့ လက်ဖက်အနှစ်အဆီကိုရောပါ။ ရောစပ်ထားတဲ့အရည်ကို ဝါဂွမ်းဖြင့် တိုနာကဲ့သို့ လိမ်းနိုင်ပါတယ်။ ၅။ သွားဖြူဆေး ရှောက်ရည်နဲ့ မုန့်ဖုတ်ဆော်ဒါကိုရောပြီး ဝါဂွမ်းနဲ့ သွားတွေကို သုတ်လိမ်းပါ။ ထိုနောက် သွားပွတ်တံနဲ့ သွားတိုက်ပြီး ပလုတ်ကျင်းလိုက်ပါ။ ဒီနည်းဟာ သွားဆရာဝန်ထံသွားတာထက်တောင် ပိုထိရောက်ပါတယ်။ ၆။အနာအရောင်ကျဆေး ရောင်ကိုင်းနေသောအနာကို ရှောက်ဆီ လိမ်းပေးပါကအနာမြန်မြန်ကျက် လွယ်ပါတယ်။ ၇။အသားအရေဖြူဝင်းဆေး ရှောက်သီးတွေ မှာ VITAMIN C နဲ့ CITRIC ACID ကြွယ်ဝတာကြောင့်အချိန်ကြာကြာအသုံးပြုရင်အသားအရေ ို ဖြူဝင်း လာစေပါတယ်။ ရှောက်သီးဟာအရေပြားပေါ်ကအမည်းစက်တွေနဲ့ နေလောင်ကွက် တချို့ကို ပျောက်ကင်းစေပါတယ်။ ဒါပေမဲ့ သတိပြုရန်မှာအရေပြားပေါ်တွင် ရှောက်ရည်လိမ်းပြီး နေပူထဲ မထွက်ပါနှင့်။ ခရမ်းလွန် ရောင်ခြည် သက်ရောက်မှု ပိုအားကောင်းစေလို့ ဖြစ်ပါတယ်။ ၈။အဆီပြန်ပျောက်ဆေး ရှောက်သီးဟာ မျက်နှာပေ ါ်ကအဆီပိုတွေကို ဖယ်ရှားနိုင်ပြီးအဆီပြန်ခြင်းကို သက်သာစေပါတယ်။ ၉။ နှုတ်ခမ်းဆေးအိပ်ရာမဝင်ခင် နှုတ်ခမ်းကို ရှောက်ရည်လိမ်းပေးပါ။ မနက်ရောက်ရင် ဆေးကြောလိုက်ပါ။ နှုတ်ခမ်းက ဆဲလ်အသေတွေနဲ့ ခြောက်သွေ့မှုကို ဖယ်ရှားပေးပါတယ်။ သတိပြုရန်မှာ နှုတ်ခမ်ကွဲနေတဲ့အချိန်မှာ ရှောက်ရည်မလိမ်းပါနဲ့။ ၁၀။ လက်သည်းအားကောင်းဆေး လက်သည်းနီ ခဏခဏဆိုးတာကြောင့် လက်သည်း ပျက်စီးနေပါသလား။ သံလွင်ဆီနဲ့ ရှောက်ရည်ကို ရောပ် ထားတဲ့အရည်ထဲမှာ လက်သည်းတွေကို နှစ်ပါ။ လက်သည်း ဝါခြင်း၊ လက်သည်း ကြွပ်ဆတ် မာကြောခြင်းတွေကို ကုသပေးပါတယ်။ ၁၁။ ဆံပင်အရောင် တောက်ဆေး နေပူထဲ မထွက်ခင် ဆံပင်ကို ရှောက်ရည် လိမ်းပေးပါ။ ရှောက်ရည်က ဗောက်နဲ့ ဦးရေပြား ခြောက်သွေ့ခြင် ကို ကာကွယ်ပေးပါတယ်။ Credit : လရိပ်ချိုသင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။





Some text some message..