မိတ်ကပ်မလိုဘဲ လှပနေနိုင်မယ့်နည်းလမ်းတွေ
yoyarlay.com
|
2019-05-30



မိန်းကလေးတွေအနေနဲ့အပြင်သွားစရာရှိပြီဆိုရင် မိတ်ကပ်ကိုအချိန်ကုန်ခံပြီးလိမ်းရတာကြောင့် စိတ်ထဲမှာ “မိတ်ကပ်မလိမ်းရင် ငါမလှတော့ဘူး” လို့ တွေးမိတတ်ကြပါလိမ့်မယ်။ ဒါပေမဲ့ ပျိုမေတို့အဖို့ မိတ်ကပ်မလိမ်းဘဲနဲ့ လှပနေစေနိုင်မယ့်နည်းလေးတွေရှိနေပါတယ်။ ဒါကြောင့် ဖတ်ရှုလေ့လာနိုင်အောင် မျှဝေပေးလိုက်ပါရစေနော်။

၁။ မိတ်ကပ်မလိမ်းလည်းလှတယ် ဆိုတဲ့စိတ်မွေးပါ



အပြင်သွားတဲ့အခါ “မိတ်ကပ်မလိမ်းသွားရင် မလှဘူး” ဆိုတဲ့အတွေးမျိုးကို တွေးတာကို ဖျောက်လိုက်ပါ။ ပြီးတော့ “မိတ်ကပ်မသုံးဘဲလည်း ငါ့မျက်နှာလေးကလှနေမှာပဲ” လို့ စိတ်ထဲကအမြဲတွေးပါ။ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိဖို့ကအရေးကြီးပါတယ်။

၂။အသားအရေစိုပြေလှပအောင်နေပါ



မိန်းကလေးတစ်ယောက်အတွက်အသားအရေလှပဖို့လည်း လိုပါတယ်။အသားအရေလှနေရင်အပြင်သွားတဲ့အခါ မိတ်ကပ်ကိုအချိန်ပေးလိမ်းနေရတာမျိုး သိပ်မလိုတော့ပါဘူး။အသားအရေလှစေမယ့်အလှကုန်တွေ သုံးနိုင်သလို ကျန်းမာရေးလိုက်စားတာ လေ့ကျင့်ခန်းလုပ်တာတွေကလည်းအသားအရေကို ကြည်လင်ဝင်းပလာစေပါလိမ့်မယ်။

၃။ သဘာဝကပေးထားတဲ့ မျက်ခုံးမွေးရှိပြီသား



လူတိုင်းလူတိုင်းမှာ မွေးကတည်းက သဘာဝအတိုင်းပါလာတဲ့မျက်ခုံးမွေးရှိပြီးသားပါ။ ဒါကိုမှ ထပ်ပြီးခြယ်သတတ်ကြပါတယ်။ တကယ်တော့ ကိုယ့်မျက်ခုံးမွေးကိုအပြင်သွားခါနီးမှ ခြယ်သနေဖို့မလိုပါဘူး။အရင်တည်းက မျက်ခုံးမွေးပုံဖော်တာမျိုး၊ မျက်ခုံးမွေးပါးတာကို ထူလာအောင်လပြုပြင်တာမျိုးနည်းလေးတွေ လုပ်နိုင်ပါတယ်။ ဒါဆိုရင် သီးသန့်ကြီး ပြင်ဆင်နေစရာမလိုတော့ပါဘူး။

၄။ ကိုယ်နဲ့မတည့်တဲ့အလှကုန်တွေကို ရှောင်



မတည့်တဲ့အလှကုန်ပစ္စည်းတွေကို သုံးမိတဲ့အခါ မျက်နှာပေါ်မှာအဖုတွေ ဝက်ခြံတွေ ထွက်လာပါလိမ့်မယ်။ ဒါဆိုရင်အပြင်သွားတဲ့အခါ မိတ်ကပ်သုံးရပါပြီ။ ဒါကြောင့် မိတ်ကပ်မလိမ်းဘဲ လှနေအောင် မတည့်တဲ့အလှကုန်တွေကို မသုံးမိပါစေနဲ့။

၅။အစားပုံမှန်စား၊ ရေများများသောက်



အစားအစာတွေစားတဲ့အခါမှာလည်းအသား ငါးအသီးအရွက်တွေကို မျှတအောင် စားပေးသင့်ပါတယ်။ ဒါမှသာအသားအရေနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကိုအစုံအလင် ရရှိစေမှာပါ။ ရေသောက်ခြင်းကလည်း ဒီလိုပါပဲ။ မိတ်ကပ်မလိုဘဲလှပနေချင်ရင် ဒီအချက်လေးတွေကိုပါဂရုစိုက်သင့်ပါတယ်။

၆။ ဆံပင်ပုံစံ



အရာအားလုံးမှာအဆင်ပြေနေပြန်ပေမဲ့ ဆံပင်က ကြည့်မကောင်းဖြစ်နေရင်လည်းအဆင်မပြေနိုင်ပါဘူး။ ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ရုပ်ရည်အတွက်အရေးကြီးတဲ့အရာဖြစ်တာကြောင့် ဆံပင်ကိုလည်း ဆွဲဆောင်မူရှိအောင် ပြင်ဆင်ရမှာပါ။

၇။အပြုံး



ဘယ်လောက်ပဲလှနေပါစေအပြုံးဆိုတဲ့အရာလေးမရှိနေရင်အဲဒီလူက ရုပ်ဆိုးနေနိုင်ပါတယ်။ ဒါကြောင့် ပြုံးပါ၊ ရယ်ပါ။ ဒါမှ ကိုယ်ဟာအရာအားလုံးမှာပြည့်စုံတဲ့ မိတ်ကပ်မလိုဘဲလှပနေသူတစ်ယောက် ဖြစ်နိုင်ပါလိမ့်မယ်။


Ref: beautyandtips
Team (ရိုးရာလေး)
www.yoyarlay.com

#Team_yyl #beauty_yyl #knowledge_yyl


YOYARLAY Media & Online News



Some text some message..