မျက်နှာလေးအမြဲ လှပစေနိုင်ဖို့လိုက်နာရမယ့်နည်းလမ်းများ
pissayanews.com
|
2019-06-06



မျက်နှာလေးတွေက ရေဓါတ်ပြည့်ဝပြီး စိုစိုပြေပြေလှပနိုင်ဖို့အတွက်အင်မတန်မှအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် မျက်နှာလေးက လူတစ်ယောက်ရဲ့အလှအပကိုအဓိကဖော်ပြနေတာပဲဖြစ်ပါ တယ်။ ဒါကြောင့် မျက်နှာလေးလှလှပပ ရရှိစေနိုင်ဖို့အတွက်အလွယ်ကူဆုံးနည်းလမ်းလေးတွေကို Pissaya လေဒီတို့အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

မျက်နှာလေးစိုစိုပြေပြေနဲ့အများအမြင်မှာ ထင်ရှားစွာ ဖြစ်နေဖို့ဆိုရင် ဒီအချက်လေးတွေကို စပြီးလုပ် ကြည့်လိုက်တော့နော်။

လုပ်ရမယ့်နည်းလမ်းလေးတွေကတော့
အသားအရေလေးက ရေဓါတ်ပြည့်ဝနေရင် စိုပြေမှာအမှန်ပါပဲ။ရေဓါတ်ပြည့်ဝတာက မျက်နှာအဆီပြန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် လေဒီလေးတို့ ရေများများသောက် ပေးဖို့လိုအပ်ပါတယ်။
မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ပုံမှန်ရှင်းထုတ်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆို ရင် မျက်နှာအရေပြားမှာရှိတဲ့ ဆဲလ်သေတွေဟာ ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံနဲ့အခြားအသားအရေပြဿာနတွေဖြစ်ပေးတတ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ဆေးတစ်ခုခုကို နေ့တိုင်းမသုံးရင်တောင် တစ်ပတ်တစ်ခါလောက်သုံးပေးသင့်ပါတယ်။
နေ့စဉ် စားသောက်နေထိုင်မှုပုံစံကိုပြောင်းလိုက်ပါ။ ဘာကြောင့်လဲဆိုရင် တစ်နေ့တာစားသမျှအစားအစာတွေဟာ ညီညွှတ်မျှတဖို့လိုအပ်ပါတယ်။အသီးအရွက်ကို များများစားသုံးပေးခြင်း ဖြင့်ဖြတ်သန်းလိုက်ပါ။
လေဒီတို့နဲ့သင့်တော်မယ့် moisturiser တစ်မျိုးမျိုးကို သုံးပေးပါ။အသားအရေလေးတွေ စိုပြေ ပြီးလှလာပါလိမ့်မယ်။
အလှအပနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေဝယ်တဲ့အခါမှာလည်း ကိုယ်နဲ့အဆင်ပြေလိုက်ဖက်မယ့် ဆိုတဲ့အမျိုးအစားလေးတွေကို ရွေးချယ်ပြီးဝယ်ယူပါနော်။ မရွေးချယ်ပဲတွေ့ကရာဝယ်ယူမယ် ဆိုရင် ကိုယ့်အသားအရေမှာ မလိုလားအပ်တဲ့ပြဿာနာလေးတွေဖြစ်တတ်လို့အကြံပြုလိုက် ပါတယ်။

Unicode ဖြင့်ဖတ်ရန်

====================


မျက်နှာလေးအမြဲ လှပစေနိုင်ဖို့လိုက်နာရမယ့်နည်းလမ်းများ
မျက်နှာလေးတွေက ရေဓါတ်ပြည့်ဝပြီး စိုစိုပြေပြေလှပနိုင်ဖို့အတွက် အင်မတန်မှအရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် မျက်နှာလေးက လူတစ်ယောက်ရဲ့ အလှအပကို အဓိကဖော်ပြနေတာပဲဖြစ်ပါ တယ်။ ဒါကြောင့် မျက်နှာလေးလှလှပပ ရရှိစေနိုင်ဖို့အတွက် အလွယ်ကူဆုံးနည်းလမ်းလေးတွေကို Pissaya လေဒီတို့အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။
မျက်နှာလေးစိုစိုပြေပြေနဲ့ အများအမြင်မှာ ထင်ရှားစွာ ဖြစ်နေဖို့ဆိုရင် ဒီအချက်လေးတွေကို စပြီးလုပ် ကြည့်လိုက်တော့နော်။
လုပ်ရမယ့်နည်းလမ်းလေးတွေကတော့
– အသားအရေလေးက ရေဓါတ်ပြည့်ဝနေရင် စိုပြေမှာအမှန်ပါပဲ။ရေဓါတ်ပြည့်ဝတာက မျက်နှာ အဆီပြန်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် လေဒီလေးတို့ ရေများများသောက် ပေးဖို့လိုအပ်ပါတယ်။
– မျက်နှာပေါ်မှာရှိတဲ့ ဆဲလ်သေတွေကို ပုံမှန်ရှင်းထုတ်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆို ရင် မျက်နှာအရေပြားမှာရှိတဲ့ ဆဲလ်သေတွေဟာ ချွေးပေါက်တွေကိုပိတ်စေပြီး ဝက်ခြံနဲ့ အခြား အသားအရေပြဿာနတွေဖြစ်ပေးတတ်ပါတယ်။ ဒါကြောင့် မျက်နှာသစ်ဆေးတစ်ခုခုကို နေ့တိုင်းမသုံးရင်တောင် တစ်ပတ်တစ်ခါလောက်သုံးပေးသင့်ပါတယ်။
– နေ့စဉ် စားသောက်နေထိုင်မှုပုံစံကိုပြောင်းလိုက်ပါ။ ဘာကြောင့်လဲဆိုရင် တစ်နေ့တာစားသမျှ အစားအစာတွေဟာ ညီညွှတ်မျှတဖို့လိုအပ်ပါတယ်။ အသီးအရွက်ကို များများစားသုံးပေးခြင်း ဖြင့်ဖြတ်သန်းလိုက်ပါ။
– လေဒီတို့နဲ့သင့်တော်မယ့် moisturiser တစ်မျိုးမျိုးကို သုံးပေးပါ။အသားအရေလေးတွေ စိုပြေ ပြီးလှလာပါလိမ့်မယ်။
– အလှအပနဲ့ပတ်သတ်တဲ့ ပစ္စည်းတွေဝယ်တဲ့အခါမှာလည်း ကိုယ်နဲ့အဆင်ပြေလိုက်ဖက်မယ့် ဆိုတဲ့အမျိုးအစားလေးတွေကို ရွေးချယ်ပြီးဝယ်ယူပါနော်။ မရွေးချယ်ပဲတွေ့ကရာဝယ်ယူမယ် ဆိုရင် ကိုယ့်အသားအရေမှာ မလိုလားအပ်တဲ့ပြဿာနာလေးတွေဖြစ်တတ်လို့အကြံပြုလိုက် ပါတယ်။

#Pissaya_news





Some text some message..