မိန်းကလေးတိုင်းသိထားသင့်တဲ့ Park Min Young ရဲ့ Skin Care tip လေးတွေ…
trend.com.mm
|
2019-06-06

မိတ်ကပ်တွေအမြဲလိုလိုခြယ်သနေရတာတောင် ချွေးပေါက်ကင်းစင်ပြီး ကြည်လင်လှပတဲ့အသားအရည်ကိုပိုင်ဆိုင်ထားသူကတော့တောင်ကိုရီးယား မင်းသမီးချောလေး Park Min Young ပဲဖြစ်ပါတယ်။ပရိသတ်တွေလည်းသိထားပြီးတဲ့အတိုင်းတောင်ကိုရီးယားမင်းသား၊မင်းသမီးတွေကအသားအရည်ကိုအရမ်းထိန်းသိမ်းကြသလို ထိန်းသိမ်းသလောက်လည်းအသားအရည်ကစိုပြည်လှပပါတယ်။ဒါကြောင့်ပဲ ပျိုမေတို့အတွက် Park Min Young ရဲ့အသားအရည်ထိန်းသိမ်းနည်းလေးတွေပြန်ပြီးလက်ဆင့်ကမ်းမျှဝေပေးလိုက်ပါတယ်။







သူမရဲ့အသားအရည်ထိန်းသိမ်းနည်းတွေကဘာတွေလဲဆိုရင်…


*အိပ်စက်ခြင်း
Park Min Young က သူမရဲ့အသားအရည်လှပနေခြင်းလျှို့ဝှက်ချက်တစ်ခုကအိပ်ရေးဝအောင်အိပ်စက်ခြင်းလို့ပြောပြခဲ့ဖူးပါတယ်။သူမကအိပ်ရေးဝအောင်ကောင်းကောင်းအိပ်သလို ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအသောက်တွေစားဖို့ကိုလည်းပရိသတ်တွေကိုတိုက်တွန်းထားပါတယ်။








*ကြည်လင်လှပတဲ့အသားအရည်လျှို့ဝှက်ချက်
သူမရဲ့အသားအရည် ဝင်းလက်စိုပြည်နေတဲ့လျှို့ဝှက်ချက်က ဘာလဲဆိုတော့ သူမက နေ့တိုင်း Mask pack တစ်ခုသုံးပါတယ်တဲ့။သာမန်နေ့တွေဆိုရင်တော့ Moisture mask pack ကိုသုံးပြီး ရိုက်ကွင်းရှိတဲ့ရက်တွေဆိုရင်တော့Whitenig pack သုံးတယ်လို့သိရပါတယ်။Mask pack လေးတွေကအသားအရည်ကိုအကောင်းဆုံးအစိုဓာတ်ဖြည့်ပေးနိုင်တယ်လို့ သူမကပြောပြပြီးအချိန်အကြာကြီးမကပ်ထားဖို့လည်းအကြံပေးထားပါတယ်။သူမက မိတ်ကပ်ကို ၂၄ နာရီနီးပါးလောက်လိမ်းခြယ်ထားရတာဖြစ်လို့အသားအရည်ခြောက်သွေ့တာလည်းမြန်ပါတယ်။ဒါကြောင့် တစ်ခါတစ်လေဆို တစ်နေ့တည်းမှာတင် Mask ၂ ခု သုံးခုကပ်ဖြစ်တယ်လို့သိရပါတယ်။







သူမက မင်းသမီးဖြစ်လို့ တစ်နေ့ကိုတစ်ခုကပ်လေ့ရှိပေမဲ့ ပုံမှန်အသားအရည်ထိန်းသိမ်းတဲ့သူတစ်ယောက်အနေနဲ့ တစ်ပတ်ကို သုံးခါလောက် Mask လေးကပ်ပေးရုံ၊နေ့တိုင်း moisturizer ကောင်းကောင်းလေးသုံးပေးရုံနဲ့အသားအရည်ကိုအစိုဓာတ်ဖြည့်ဖို့ လုံလောက်ပါတယ်။








ကဲ Park Min Young ရဲ့အသားအရည်ထိန်းသိမ်းနည်းလေးကတော့ ရိုးရှင်းပါတယ်နော်။သူမလို Mask တွေနေ့တိုင်းမကပ်ချင်ဘူးဆိုရင်တော့
ရေများများသောက်ဖို့အကြံပေးချင်ပါတယ်။ပြီးတော့ မိန်းကလေးတိုင်းမှာ ကိုယ့်အသားအရည်နဲ့တည့်တဲ့ Mask ၊ Toner ၊ moisturizer ကောင်းကောင်းတော့ရှိထားသင့်ပါတယ်။ဒီသုံးခုကို သေချာလုပ်ပေးဖြစ်မယ်ဆိုရင်ကို ယူတို့ရဲ့အသားအရည်လေးကအမြဲလှပနေတော့မှာပါ။








Some text some message..