အိပ်ချိန်ပြည့်ပြည့်ဝဝမအိပ်ရင် သင့်မျက်နှာ ဒီလိုတွေ ပြောင်းလဲလာပါလိမ့်မယ်
mmtimes.com
|
2019-06-09



မျက်နှာဆိုတာလူတစ်ယောက်ရဲ့အလှကိုအထင်ရှားဆုံးဖော်ပြပေးနိုင်တဲ့ နေရာတစ်ခုပါ။ ဒါ့ကြောင့် လှပတဲ့ မျက်နှာတစ်စုံပိုင်ဆိုင်အောင် ပိုက်ဆံအကုန်ခံပြီး skin care တွေလုပ်၊အချိန်ကုန်ခံပြီး မိတ်ကပ် တွေလိမ်း၊ စိတ်အညစ်ခံပြီးအစားအသောက်တွေ ဆင်ခြင်ကြတာလူတိုင်းပါ။ ဒါပေမယ့် လူတိုင်းမေ့နေတတ်ကြတဲ့ မျက်နှာအလှအပေါ် သက်ရောက်တဲ့အရာနောက်တစ်ခုရှိပါသေးတယ် ။အဲဒါကတော့အိပ်ချိန်ပါ။

ဘယ်လောက်ပဲမှုန်နေအောင် မိတ်ကပ်တွေ လိမ်းထားထားညဘက်အိပ်ရေးဝဝမအိပ်ထားတဲ့ မျက်နှာတစ်ခုကဘယ်လိုမှအစွမ်းကုန် ကြည်လင်တောက်ပနေမှာမဟုတ်ပါဘူး။ နောက်ပြီးတစ်နေ့တာလုံး ပြင်ပကအရာတွေနဲ့ ထိတွေ့နေတဲ့ မျက်နှာအသားအရေလေးအနားယူဖို့လိုအပ်သလိုအိပ်နေတဲ့အချိန်ဆိုမျက်နှာအတွင်းပိုင်းကဆဲလ်တွေအသစ်ပြန်ဖြစ်လေ့ရှိတာကြောင့်အရွယ်တင်နုပျိုချင်တဲ့သူတိုင်း ပြည့်ဝတဲ့အိပ်ချိန် တစ်ခုသတ်သတ်မှတ်မှတ် ရှိဖို့လိုပါတယ်။


အိပ်ချိန် မပြည့်ဝတာကြာလာရင် မျက်နှာမှာဘာတွေ ပြောင်းလဲလာမလဲ ။ ။

အိပ်ချိန် မပြည့်ဝတာကမျက်နှာအသားအရေအတွက်ရော ကျန်းမာရေးအတွက်ရောဘာတစ်ခုမှ ကောင်းကျိုးမရှိတာသေချာပါတယ်။ ဘာတွေပြောင်းလဲသွားမလဲဆိုတာဆက်ကြည့်ရအောင် ။


( ၁ ) မျက်နှာအသားအရေကိုခြောက်သွေ့စေပါတယ် ။

ညတိုင်းနီးပါးလောက်အိပ်ရေးပျက်တဲ့အခါ ရေဓာတ်ခမ်းခြောက်ပြီးအသားအရေစိုပြည်မှု မရှိတော့တဲ့အပြင် မျက်နှာကလည်းညစ်နေပြီးတဖြည်းဖြည်းနဲ့ ရင့်လာပါလိမ့်မယ်။အသားရေရဲ့ pH ပမာဏပါ ကမောက်ကမဖြစ်သွားတဲ့အတွက်အသားရောင် မညီညာဘဲနီတစ်ကွက် ဖြူတစ်ကွက်ဖြစ်နေပါလိမ့်မယ်။


( ၂ ) မျက်ကွင်းတွေ ညိုနေပါလိမ့်မယ်။

ကြားဖူးတယ်မလား။အိပ်ရေးမဝရင် မျက်ကွင်းညိုတတ်တယ်ဆိုတဲ့ စကားကိုလေ။ ဒါအမှန်ပဲ ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့အိပ်ရေးပျက်တဲ့အခါ မျက်လုံးကသွေးကြောတွေ ကျယ်လာတဲ့အတွက် မျက်ကွင်းအောက် ခရမ်းရောင်မဲနေရခြင်းဖြစ်ပါတယ်။


( ၃ ) မျက်အိတ်လည်းဖောင်းနေတတ်ပါတယ်။

အိပ်ရေးပျက်တဲ့အခါ မျက်လုံးကသွေးကြောတွေ ကျယ်လာတာကြောင့် မျက်လုံးအောက်အရည်တွေစုသွားပြီးတဖြည်းဖြည်းနဲ့ မျက်အိတ်ဖောင်းတဲ့ ဝေဒနာခံစားရတတ်ပါတယ်။ မှောက်အိပ်တတ်တဲ့ သူတွေမှာပိုဖြစ်တတ်ပါတယ်။


( ၄ ) ဝက်ခြံဖုတွေလည်းထွက်လာပါလိမ့်မယ်။

အိပ်ရေးပျက်တဲ့အခါ ထွက်လာတဲ့ ဖိစီးမှုကသင့်ကို ဝက်ခြံပြဿနာပိုဖြစ်စေတတ်ပါတယ်။အရင်ကတည်းကကိုယ်ကဝက်ခြံပြဿနာရှိတဲ့သူဆိုရင် ပိုဆိုးလာပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့အိပ်ရေးပျက်ရင် မျက်နှာပေါ်ကအဆီဂလင်းတွေပိုအလုပ်လုပ်ရပြီးအဆီပြန်တာများတတ်လို့ပါ။


( ၅ )အရေးအကြောင်း တွေ လည်းပေါ်လာပါလိမ့်မယ်။

အိပ်ရေးပျက်တဲ့အခါ ခန္ဓာကိုယ်က ကော်လာဂျင်ထွက်တဲ့ ပမာဏလည်းကျသွားတဲ့အတွက်အရေးအကြောင်းတွေ ပေါ်လာပါလိမ့်မယ်။ ပိုဆိုးတာကကောင်းကောင်းအိပ်မထားတော့ ခဏခဏသန်းရင်းကနေအရေးအကြောင်းတွေ ပိုပေါ်ပါလိမ့်မယ်။


( ၆ ) ရုပ်ကိုလည်းရှိရင်းစွဲအသက်ထက်ပိုရင့်စေပါတယ်။

အိပ်နေတဲ့အချိန်မှာကိုယ်တွင်းကဆဲလ်အဟောင်းတွေ ပျက်စီးပြီးဆဲလ်အသစ်တွေထွက်တဲ့ဖြစ်စဉ် ကိုယ်တွင်းမှာ ဖြစ်ပါတယ်။ ဒါပေမယ့်အိပ်ချိန် မဝတဲ့အခါကျတော့ ဆဲလ်အသစ်ထွက်တဲ့ ဖြစ်စဉ်တွေ နှေးကွေးသွားတဲ့အတွက် မျက်နှာကရှိရင်းစွဲရုပ်ထက် ရင့်နေပါလိမ့်မယ်။ ။

အိပ်ရေးပျက်တယ်ဆိုတာလုံးဝကိုကျန်းမာရေးအတွက်မကောင်းတဲ့အရာတစ်ခု ဖြစ်ပါတယ်။ ခုပြောထားတဲ့ မျက်နှာအသားအရေပေါ်မှာတင် မဟုတ်ဘဲအခြားကျန်းမာရေးကိုထိခိုက်စေတဲ့ဆိုးကျိုးတွေ လည်းအများကြီးရှိတဲ့အတွက် လူတိုင်းတစ်နေ့ကို ၇နာရီ – ၉နာရီ ကြားအိပ်ချိန် ရှိဖို့ လိုအပ်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများမပြုလုပ်ပါ။




Some text some message..