အင်တာနက်ပေါ်မှာ မျက်နှာဖြူအောင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းတွေကိုအများကြီး တွေ့ဖူးကြမှာပေါ့ ။ နည်းလမ်းတွေများတော့ ဘယ်ဟာကို ဘယ်လိုလုပ်ရမလဲ မှတ်မိတော့မှာတောင် မဟုတ်ဘူး ။ ဒါကြောင့်အရှင်းဆုံးနဲ့အသေချာဆုံး နည်းလမ်း ၃ခု ကို ပေးပါမယ် ။ ဘယ်လိုအသားအရေမျိုးမဆို သုံးနိုင်တဲ့ နည်းလမ်းတွေပါ။
၁။ ပထမနည်းလမ်း
နနွင်းမှုန့်ကိုအဓိကထား သုံးပါမယ် ။ နနွင်းမှုန့်မှာ ကောင်းကျိုးများစွာပါဝင်ပြီး ဝက်ခြံ ၊အမာရွတ် နှင့်မျက်နှာပေါ်ကအဆီတွေကိုလည်း ဖယ်ရှားပေးနိုင်ပြီးအသားအရေအရောင်ကို ဖြူစင်ဝင်းမွတ်စေပါတယ် ။ ပထမဦးစွာ ခွက်တစ်ခုထဲသို့ နနွင်းမှုန့် လက်ဖက်ရည် ၁ဇွန်း နှင့် ပျားရည် ဇွန်းတဝက် ၊နွားနို့ ဇွန်းတဝက် ( နွားနို့အဆင်မပြေလျှင် ရေဇွန်း တစ်ဝက် သုံးပါ) တို့ကို ရောထည့်ပြီး နှံ့အောင် မွှေပါ ။ ပြီးသွားလျှင် မျက်နှာပေါ်သို့ သုတ်လိမ်းပြီး မိနစ် ၂၀ ခန့်ထားပါ ။အချိန်ပြည့်သွားလျှင် ရေဖြင့် ဆေးကြောပေးပါ ။ ဒီနည်းလမ်းကတော့ မျက်နှာကို ဖြူဝင်းစေဖို့အာမခံနိုင်တဲ့ နည်းလမ်းပါ ။
၂။ဒုတိယနည်းလမ်း
အလွန်လွယ်ပြီး ထိရောက်တဲ့ နည်းလမ်းတစ်ခုပါပဲ ။ ပရိုတိန်းဓါတ်ကြွယ်ဝတဲ့ ကြက်ဥနှင့်ဗီတာမင်C ပေါများတဲ့ သံပုယိုသီး နည်းလမ်းပါ ။ ကြက်ဥတစ်လုံးကိုအကာသီးသန့် ယူပါ ။ ထို့နောက် သံပယိုသီးကိုအရည်ညှစ်ပြီး ၃၊၄စက်ခန့် ရောထည့်ပြီး ခလောက်လိုက်ပါ ။ ပြီးသွားလျှင်တော့ မျက်နှာပေါ်သို့ သုတ်လိမ်းပေးပါ ။ ခြောက်သွားအောင်ထားပြီးလျှင် ခွာချလိုက်ပါ ။ မျက်နှာကို ကြည်လင်ဖြူဖွေးစေတဲ့အပြင် ဆားဝက်ခြံများကိုပါ ကွာသွားစေပါတယ် ။
၃။ တတိယနည်းလမ်း
အပေါ်ကနည်းလမ်းတွေကိုအသုံးပြုဖို့အဆင်မပြေလျှင်အခုနည်းလမ်းကို သုံးပါ ။ ပါဝင်ပစ္စည်းကတော့ ခရမ်းချဉ်သီး နှင့် သခွားသီးပဲ ဖြစ်ပါတယ် ။အသီးအနှံတွေကအသားအရေကို ကျန်းမာစေပြီး သွေးတွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးတာကြောင့် ကြည်လင်ဖြူစင်တဲ့အသားအရေကို ပိုင်ဆိုင်စေမှာပါ ။ သခွားသီးက သဘာဝ ရေဓါတ်ဖြည့်တင်းပေးတဲ့အသီးဖြစ်ပြီးအရေပြားအတွက် လိုအပ်တဲ့ သတ္တုဓါတ် တွေပါဝင်ပါတယ် ။ ခရမ်းချဉ်သီးမှာတော့အရေပြားဆဲလ်တွေအတွက် ကောင်းမွန်စေတဲ့ lycopene ဓါတ် ကြွယ်ဝပြီးအသားရေကို ပြစ်မျိုးမှဲ့မထင် လှပမှုကို ပေးစွမ်းပါတယ် ။ သခွားသီးအနေတော် ၁လုံး နှင့်ခရမ်းချဉ်သီး ခပ်သေးသေး တစ်လုံးကို ယူပါ ။ သခွာသီးကိုအခွံခွာကာ ခပ်သေးသေး လှီးဖြတ်ပါ ။ ခရမ်းချဉ်သီးကိုလည်း လှှီးဖြတ်ပြီး သခွားသီးနှင့် ရောကာ ကြိတ်ချေပါ ။အတော်အသင့် ကြေသွားပြီဆိုလျှင် မျက်နှာပေါ်သို့ လိမ်းပြီး ၅မိနစ် ၊ ၁၀မိနစ်ခန့်ကြာလျှင် ရေဖြင့် ဆေးကြောလိုက်ပါ ။
ဖောြ်ပခဲ့သော နည်းလမ်းများကို မိမိအဆင်ပြေသလို တစ်ပါတ် ၁ကြိမ် မှ ၃ကြိမ်အထိ ပုံမှန် ပြုလုပ်ပေးပါ ။
CHAN (ရွှေအင်းလေး)