leather jacket တစ်ထည်နဲ့ကွဲပြားတဲ့ဖက်ရှင်တွေကိုဖန်တီးနိုင်ဖို့
moda.com.mm
|
2019-07-04



လူတစ်ယောက်ရဲ့အဝတ်ဗီဒိုထဲမှာမရှိမဖြစ်ရှိနေသင့်တယ်ဆိုတဲ့အရာကဂျင်းဘောင်းဘီတစ်ထည်ပါ။ယောက်ကျားလေး မိန်းကလေးရယ်လို့မဟုတ်ဘဲအားလုံးလိုလိုဝတ်တတ်ကြတဲ့ ဂျင်းဘောင်းဘီပါ။ နောက်ထပ်ဖက်ရှင်ကျပြီးတစ်ထည်လောက်တော့ရှိထားသင့်တဲ့အရာကတော့ Leather jacket တစ်ထည်ပါ။ leather jacket ကတော့နှစ်တွေဘယ်လောက်ကြာကြာ ခေတ်တွေဖက်ရှင်တွေဘယ်လိုပြောင်းပြောင်း ကျန်ရှိနေတဲ့ဖက်ရှင်လေးပါ။ rock ဆန်ဆန်ဖက်ရှင်တစ်ခုအနေနဲ့ဝတ်ဆင်ခဲ့ကြတဲ့leather jacket တွေကအခုဆိုရင်အတွဲအဖက်ပုံစံအသစ်တွေနဲ့ပါတွေ့မြင်လာရပါတယ်။ ပေ့ါပေါ့ပါးပါးဖက်ရှင်အနေနဲ့ဝတ်ဆင်လာကြပြီးအပေါ်ထပ် layerတစ်ခုအနေနဲ့ဖက်ရှင်ကျကျဝတ်ဆင်လာကြပါတယ်။ ဒီတော့သင့်မှာရှိနေတဲ့leather jacket ကိုဘယ်လိုလေးတွေတွဲဖက်ဝတ်သင့်လည်းဆိုတာတစ်စိတ်တစ်ပိုင်းသိစေဖို့ဝေမျှပေးချင်ပါတယ်။အရင်ကဆိုအများစုက jean ဘောင်းဘီတွေနဲ့ဝတ်ဆင်ကြတာများပါတယ်အခုနောက်ပိုင်းပြောင်းလဲဖန်တီးဝတ်ဆင်ကြတဲ့အခါ leather jacket တစ်ထညကနေ မတူညီတဲ့ style နဲ့ lookအမျိုးမျိုကိုပေးနိုင်တာတွေ့ရပါတယ်။ heavyဖြစ်တဲ့leatherjacket ကိုပေါ့ပါးတဲ့ဖက်ရှင်အသွင်ရချင်ရင်တော့ jean ဘောင်းဘီ ၊ တီရှပ်အဖြူ ဒါလေးတွေတော့ရှိသင့်ပါတယ်။ ရိုးရိုးလေးနဲ့အထာကျကျ ဖက်ရှင်ကိုရမှာပါ။ နောက်ထပ် rocker မလေးအသွင်ဖြစ်စေမယ့်ပုံစံကတော့သင့်ရဲ့အမဲရောင် leather jacket ကို graphic tee ရယ် jeanအမဲရယ် bootsအမဲလေးရယ်တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်တော့ တကယ်ကို all black နဲ့ rock style ခပ်မိုက်မိုက်လေးကိုရမှာဖြစ်ပါတယ်။ ဒီလို style လေးနဲ့လူငယ် party လိုနေရာကိုသွားမယ်ဆိုရင်တော့ခပ်လန်းလန်းခပ်မိုက်မိုက်ပုံစံနဲ့သင်ကထင်ပေါ်နေမှာအသေအချာပါ။နောက်တစ်ခုအနေနဲ့သင့်ဆီမှာ animal print maxi dress ကိုပုံမှန်အတိုင်းမဝတ်ဘဲ leather jacket လေးထပ်ဝတ်ကြည့်လိုက်ပါ။ တကယ်မတူတဲ့ ဖက်ရှင်နှစ်ခုအတွဲအဖက်ကြောင့်ထူးခြားတဲ့ဖက်ရှင်ကိုရမှာအသေအချာပါ။ ဒီနှစ်ရဲ့street style တွေမှ animal printအင်္ကျ ီတော်တော်များများအပေါ်ကနေleather jacketတွေကိုထပ်ဝတ်လာကြတာတွေ့ရပါတယ်။ဂါဝန်လိုအရာနဲ့တွဲဝတ်ဝတ်လာကြပြီး leopad dress တွေ floral midi ၊ maxi dress တွေရဲ့အပေါ်ထပ်နေနဲ့တွဲဖက်ဝတ်ဆင်လာကြပါတယ်။ casual wearအနေနဲ့office ကိုသာမက နေရာတော်တော်များများနဲ သင့်တော်တဲ့အတွက်ရှိထားသင့်တဲ့ဖက်ရှင်ကျတဲ့အင်္ကျ ီလေးတစ်ထည်ပါ။ jacket ဆိုတာအနွေးထည်တစ်ခုအနေနဲ့မဟုတ်ဘဲ ဖက်ရှင်ကြတဲ့အပေါ်ထပ်အနေနဲ့ဝတ်ဆင်နိုင်တဲ့ဘယ်တော့မှရိုးမသွားမယ့်အရာလေးပါ။အရောင်တွေနဲ့leather jacket တွေလည်းအဝတ်များလို့လာပါတယ်။အရောင်တွေ နဲ့ကလည်းတစ်မျိုးမိုက်တဲ့အပြင်သမာရိုးကျမဟုတ်တဲ့အတွဲအဖက်တွေကြောင့်ပိုအထာကျနေပါတယ်။ jean ဘောင်းဘီရယ်လို့မဟုတ်ဘဲ သင့်မှာရှိနေတဲ့ style pant ၊ flare pant ၊ချည်ဘောင်းဘီအကွက်လေးတွေနဲ့လည်းအမြင်ဆန်းတဲ့ look တစ်ခုကိုရစေမှာပါ။daytime မှာသူငယ်ချင်းတွေနဲ့ပေါ့ပေ့ါပါးပါးအထာကျကျတွေ့တဲ့အခါစကတ်တိုလေးတွေကိုအရောင် leather jacket လေးတွေနဲ့တွဲဝတ်လိုက်မယ်ဆိုရင်တော့လူငယ်ဆန်ဆန်အထာကျနေမှာအသေအချာပါ။ ပုံမှန် size တွေကိုအဝတ်များကြပေမယ့်oversized leather jacket တွေကလည်းအမြင်ဆန်းတဲ့ဖက်ရှင်တစ်ခုအနေနဲ့အထာကျနေမှာအမှန်ဘဲမို့try ကြည့်သင့်ပါတယ်။ long leather coat တွေကတော့ ဒီမှာဝတ်လေ့ဝတ်ထနည်းကြတာရာသီဥတုအခြေအနေကြောင့်ပါ။ ဒါပေမယ့်အေးတဲ့မြို့တစ်နေရာရာကိုခရီးထွက်မယ်ဆိုရင်တော့ leather long coat တွေကအထာကျတဲ့ဖက်ရှင်ကိုရစေမှာမို့သင့်အနေနဲ့ရှိထားမယ်ဆိုလည်းမမှားပါဘူး။ leather jacket ဆိုတာ နဲ့boots တွေနဲ့တွဲဝတ်ကြတာကတော့ပုံမှန်ဖက်ရှင်တစ်ခုပါ။ ဒါကိုပုံမှန်မဟုတ်ဘဲ

sneaker ၊ all star ၊ sample sandals တွေနဲ့တွဲဖက်ဝတ်ဆင်လိုက်မယ်ဆိုရင်ပေ့ါပါးပြီးအထာကျတဲ့ street style ကိုသင်ရမှာပါ။အခုဆိုရင် leather jacket တစ်ထည်နဲ့ဖက်ရှင်ကျအောင် ပုံစံမတူတဲ့ဖက်ရှင်တွေ ရအောင်ဘယ်လိုတွဲဖက်လို့ရလည်းဆိုတာသိလောက်ပြီထင်ပါတယ်။ ဒါဆိုသင့်ဆီမှာ ရှိနေတဲ့jacket လေးကိုယူပြီး မတူညီတဲ့ outfit လေးတွေဖန်တီးကြရအောင်နော်။

Editor :Bo




Some text some message..