အသားအရေလှပမှုအတွက် ခရမ်းချဉ်သီးအသုံးပြုပုံ
weddingguide.com.mm
|
2019-09-20

နေ့စဉ် ခရမ်းချဉ်သီးစားသုံးခြင်းဟာ ချစ်တို့ရဲ့အသားအရေ လှပမှုအတွက် များစွာအထောက်အကူပေးပြီးအရေပြားကို တင်းရင်း လှပစေပါတယ်။


ခရမ်းချဉ်သီး တွင် ပါဝင်သည့် Lycopen ဓာတ်ကအရေပြားကို ခရမ်းလွန် ရောင်ခြည်မှ ကာကွယ်ပေးတာကြောင့်အရွယ်ကျခြင်းနှင့်


အရေးအကြောင်းဖြစ်ခြင်း တို့ကို လျော့ ပါးစေပါတယ်။ဒါကြောင့် ဒီနေ့မှာ ချစ်တို့အတွက် ခရမ်းချဉ်သီး နှင့် ပေါင်းတင်နည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။



(၁) ခရမ်းချဉ်သီးတစ်လုံးနှင့် သံပုရာရည်နှစ်စက်လောက်ကို ပန်းကန်လုံး ထဲတွင် ရောမွှေပါ။


မျက်လုံး နေရာတွေကို ချန်လှပ်ပြီး မျက်နှာအနှံ့လိမ်းပါ။ မိနစ် (၃၀) ခန့်ထားပြီးသည့်နောက် မျက်နှာသစ်လိုက်ပါ။


ထိုနည်းက မျက်နှာတင်း ရင်းစေပြီးအရွယ်ကျခြင်းကို ထိန်းချုပ်ပေးပါတယ်။အသားအရေ ခြောက်သွေ့တတ်တဲ့ချစ်တို့အနေနဲ့ကတော့


ပျားရည်အနည်းငယ် (သို့) သံလွင်ဆီအနည်းငယ် ထည့်ပြီးလုပ်ပေးရပါမယ်နော်။



(၂) ခရမ်းချဉ်သီး၊ လိမ္မော်သီးနှင့် သခွားသီးတို့ကို ကြိတ်ချေအရည်ညှစ်ပြီး ညဘက် မအိပ်ခင်လိမ်းပါ။ မိနစ် (၃၀) ခန့်ထားပြီးနောက် မျက်နှာသစ်ပါ။


ဒီနည်းလမ်းလေးကတော့ ချစ်တို့ရဲ့မျက်နှာပေါ်မှာရှိတဲ့အမည်းစက်များကို မှေးမှိန်စေပြီးအသားအရေ ဖြူဝင်းစေပါတယ်။




(၃) ခရမ်းချဉ်သီးမှာပါဝင်တဲ့ ဗီတာမင်အေ နှင့် စီ ဟာ ဝက်ခြံတွေကိုလည်း ထိရောက်စွာ ကုသပေးနိုင်ပါတယ်။ ခရမ်းချဉ်သီးကို ခြမ်းပြီး


မျက်နှာရှိ ဝက်ခြံရှိတဲ့နေရာတွေကိုအဓိကထား ပွတ်လိုက်ပြီး ၁၀မိနစ်ခန့်ကြာ ခြောက်သွေ့အောင်ထားပြီး ရေဖြင့် ဆေးကြောလိုက်ခြင်းဖြင့်လည်း


ဝက်ခြံ ဖြစ်ခြင်းမှ ကြိုတင်ကာကွယ်ရာရောက်သလို ချစ်တို့ရဲ့မျက်နှာအသားအရေကို လည်း ကြည်လင်ဝင်းပစေနိုင်ပါတယ်။


(၄) ခရမ်းချဉ်သီးကအစေ့တွေဖယ်ပြီး ညစ်ထားတဲ့အရည်ကို ဆားဝက်ခြံအပေါ်မှာအုပ်ပေးတာဟာ ဆားဝက်ခြံရှိတဲ့ချစ်တို့အတွက်


ဆားဝက်ခြံကုသဖို့အကောင်းဆုံးသဘာဝနည်းပဲဖြစ်ပါတယ်နော်။

Myanmar Wedding Guide



Some text some message..