International Fashion Week ကသူမတို့ရဲ့ ဖက်ရှင်ပုံရိပ်များ
moda.com.mm
|
2019-09-26

အားလုံးချစ်တဲ့ Nay Chi ကတော့ အခု Paris Fashion Week မှာ VETEMENTS Slit-Sleeve Breasted Wool Blazer လေးနဲ့ Neon Green Gloved Stretched Jersey Bodysuit လေးဝတ်ပြီး အရမ်းကို မိုက်နေပါတယ်။ ယခင်နှစ်ကလည်း L’Oréal Paris Paris Fashion Week ကို Wutt Hmone Shwe Yi၊ Make-Up Artist WeeWee တို့နဲ့အတူ တက်ရောက်ခဲ့ကြတာပါ။ Nay Chi လိုပဲ စူပါမော်ဒယ် M Seng Lu ကလည်း Paris Fashion Week ကို တက်ရောက်နေပါတယ်။ Seng Lu ကလည်း Paris Fashion Week Dior Show မှာ ဒီဇိုင်နာ Ahlatt Lumyang ရဲ့ အနီရောင် Scarlet Pleated Volume Dress လေးနဲ့ အရမ်းကို လှပနေသလို Yves Saint Laurent (YSL) Ruway Show မှာလည်း ဒီဇိုင်နာ Min Thet Saen ရဲ့ အနက်ရောင် Dress လေးနဲ့ ဆွဲဆောင်မှုအပြည့်ပါပဲ။ Nay Chi နဲ့ Seng Lu တို့ရဲ့ Fashion Week Outfit လေးတေအပြင် အရင်တုန်းက Paris Fashion Week၊ NewYork Fashion Week တွေကိုတက်ရောက်ခဲ့ကြတဲ့ သရုပ်ဆောင်တွေနဲ့ စူပါမော်ဒယ်တို့ရဲ့ Street Fashion လေးတွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။ Modian လေးတွေရော ဘယ်သူ့ရဲ့ Street Fashion ကို အကြိုက်ဆုံးဖြစ်မလဲ။

Editor: May Shwun




Some text some message..