ဆံပင်ကိုမည်းနက်စေမယ့် အုန်းဆီသံပုရာ
mystylemyanmar.com
|
2019-10-05

(Zawgyi)

သင်ရဲ့ ဆံသားတွေ ဖြူလာလို့ ဆေးဆိုးနေရတာမျိုး ဒါမှမဟုတ် အခြား ဆံပင်မည်းနက်စေမယ့် ဆေးတွေ သုံးနေရတာမျိုးတွေ ရှိပါသလား။ ဒါဆိုရင်တော့ သဘာ၀ အတိုင်း ပြန်မည်းနက်စေမယ့် နည်းလမ်းတစ်ခုကို မျှဝေချင်ပါတယ်။

သဘာဝနည်းလမ်းတွေဟာ လက်တွေ့မှာ အသုံးဝင်ပြီး ဘေးထွက်ဆိုးကျိုး နည်းစေမယ့် အရာတွေပါ။ စားသုံးရတဲ့ အစားအစာတွေထ အခြား အသုံးဝင်မယ့် ဆေးဝါးတွေ ကုထုံးတွေ ဓာတ်စာတွေအနေနဲ့ အသုံးပြုလို့ ရပါတယ်။ သဘာကပေးတဲ့ နည်းလမ်းတွေဟာ အမြဲ အထောက်အကူ ဖြစ်စေပါတယ်။

အုန်းဆီဟာ ဆံကေသာ ကောင်းကျိုးကို များစွာ အထောက်အကူ ဖြစ်စေတာ သိကြမှာပါ။ သူ့မှာ ပါဝင်တဲ့ ဓာတ်ပေါင်းစုတွေဟာဆံသားရဲ့ အတွင်းပိုင်း အထိ ထိရောက်မှု ရှိတယ်လို့ ဆိုပါတယ်။ ဆံသားတွေကို စိုပြည်စေပြီး မည်းနက်ချင်တယ်ဆိုရင်တော့အုန်းဆီဟာ မပါမဖြစ်ပါ။ ပိုပြီး အထောက်အကူ ဖြစ်စေမယ့် ဗီတာမင်စီ၊ ဖော့စရပ်၊ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့်တွေ ပေါင်းစပ်ပေးရင် ပိုကောင်းမွန်တဲ့ ဆံပင်ဆေးကို ရရှိစေမှာပါ။ ပေါင်းစပ်ရမှာကတော့ သံပုရာသီး ဒါမှမဟုတ် သံပုယိုသီးပါ။

ပေါင်းစပ်ပြီး ပြုလုပ်ရမှာကတော့ အုန်းဆီ 5ml နဲ့ သံပုရာရည် လက်ဖက်ရည်ဇွန်း ၃ဇွန်းပါ။ သူတို့နှစ်ခုကို ရောစပ်ပြီး ဆံသားထဲကို အနှံ သုတ်ပေးပါ။ ညင်ညင်သာသာလေး နှိပ်ပေးပြီး ၄၅မိနစ် ထားပါ။ ပြီးရင် ခေါင်းလျှော်ပါ။ တစ်ပတ်မှာ ၂ကြိမ် ပုံမှန်လုပ်ပေးပါ။ ဗောက်တွေကိုလည်း သက်သာစေပြီး ဆံသားကို ပြန်ပြီး မည်းနက်လာစေပါတယ်။

Ref: myhealthylifecenter

Featured Image Source: Winkgo

(Unicode)

The post

ဆံပင်ကိုမည်းနက်စေမယ့် အုန်းဆီသံပုရာ appeared first on

MyStyle Myanmar .

Some text some message..