မင်္ဂလာပွဲနေ့မှာ Glow make up lookလေးရဖို့ဘယ်သူ့မှာတာဝန်အရှိဆုံးလဲ
weddingguide.com.mm
|
2019-10-23

အခု ခေတ်က Glow ခေတ်လို့ပြောရမလိုပါပဲ မိတ်ကပ်ပါးပါးကြည်ကြည်နဲ့ ပြောင်ပြောင်လေးတွေခေတ်စားနေတာဆိုတော့


သတို့သမီးလေးတွေကလည်း မင်္ဂလာပွဲနေ့မှာ glow make up look လေးရချင်ကြတာတွေ့ရပါတယ်။ တကယ်တော့ glow မိတ်ကပ်လေးဖြစ်ဖို့ဆိုတာ


 မိတ်ကပ်ဆရာကောင်းဖို့လိုတယ်ဆိုပေမယ့် အဓိကအရေးကြီးဆုံးကတော့ သတို့သမီးလောင်းလေးရဲ့


အသားအရေပါ။အသားဖြူတာညိုတာနဲ့မဆိုင်ပါဘူး။ဖြူတဲ့သူဖြစ်ဖြစ်ညိုတဲ့သူဖြစ်ဖြစ်သတို့သမီးလေးရဲ့ပင်ကိုယ်အသားအရေလေးကောင်းနေဖို့က


အရေးကြီးဆုံးမို့ ပွဲနေ့မှာ Glow make up လေးရဖို့ဆိုရင် 70% က သတို့သမီးလေးမှာတာဝန်ရှိပြီ း 30% ကတော့မိတ်ကပ်ဆရာမှာတာဝန်ရှိပါတယ်။


အဲ့တော့ မင်္ဂလာပွဲနေ့မှာ ပါးပါးကြည်ကြည်မိတ်ကပ်လေးရဖို့ ပြင်ဆင်ထားရမယ့်အချက်လေးတွေကိုပြောပြချင်ပါတယ်ရှင့်။


*မိတ်ကပ်ဆရာကိုပဲအားမကိုးပါနဲ့။


တချို့မိတ်ကပ်နဲ့အလှမ်းဝေးတဲ့သတို့သမီးလေးတွေက မိတ်ကပ်သည်အရာရာကိုဖုံးပေးနိုင်တယ် ကိုယ်ဘာ skin problemပဲရှိရှိ


မိတ်ကပ်ဆရာ တော်ရင် အရမ်းလှသွားမယ်လို့ထင်ပြီး အသားအရေကို ပစ်ထားတတ်ပါတယ်။


စာရေးသူကိုယ်တိုင်လည်း skin careအကြောင်းမလေ့လာခင်ကအထိမိတ်ကပ်ဆရာကိုပဲအားကိုးခဲ့ပြီး ကိုယ်လိုချင်တဲ့lookမရရင်စိတ်တိုခဲ့ဖူးပါတယ်။


အခုနောက်ပိုင်းမှသိလာတာ ဘယ်လောက်တော်တဲ့ မိတ်ကပ်ဆရာဖြစ်ပါစေ ဝက်ခြံ ၊ အဆီဖု ၊ ဆားဝက်ခြံ ၊အရေးအကြောင်း အပါအဝင်


 အခြား skin problem ရှိတဲ့ သတို့သမီးလေးတွေကိုပြင်တဲ့အခါ မှာ ပါးပါးကြည်ကြည်လေးပြင်ပေးဖို့မလွယ်ပါဘူး။


မျက်နှာမှာရှိတဲ့အနာအဆာတွေမပေါ်အောင်အုပ်ရင် မိတ်ကပ်ထူပါမယ်။


ပင်ကိုအသားအရေမကောင်းတဲ့အခါမိတ်ကပ်ညက်ရင်တောင် ကြည်တဲ့ look တော့မရနိုင်ပါဘူး။


ကဲ ဒါဆို ကိုယ့်ဘက်ကဘယ်လိုပြင်ဆင်ထားကြမလဲ ?


*မင်္ဂလာပွဲမတိုင်ခင် ၆ လလောက်ထဲက Skin Care နေ့တိုင်းလုပ်မယ်။


Skin care ကောင်းတာလေးတွေဝယ်ဖို့မနှမြောပါနဲ့ ငွေကုန်ကြေးကျခံပြီး wedding ပွဲကျင်းပကြမယ့်သူတွေအနေနဲ့ skin careကျမှနှမြောပြီး


မဝယ်တာမျိုးမလုပ်စေချင်ပါဘူး။အပြင်ကနေ အိမ်ပြန်ရောက်တာနဲ့ make up ကို remover နဲ့သေချာဖျက်သင့်ပါတယ်။ cleanser


နဲ့သေချာမျက်နှာသစ်double cleansing သေချာလုပ်ပြီး Toner လေးသေချာပြန်သုံးပေးရပါမယ်။


အသားကြည်ဖို့ ဝက်ခြံတွေမထွက်ဖို့ဆိုတာ cleansing ကအရေးကြီးဆုံးပါ ။ cleansing step ပြီးမှ essence , moisturizer စတဲ့


 ရေဓာတ်ဖြည့်ပေးမယ့်အရာတွေသုံးပေးပါ။ မျက်နှာလေးရေဓာတ်ပြည့်နေမှသာ ကြည်လင်ပြီး glow စေမှာပါ။


တပတ် ၂ ခါ scrub လုပ်ပေးခြင်းကလည်း မျက်နှာမှာရှိတဲ့ dead cell တွေကိုရှင်းလင်းစေပါတယ်။


မိတ်ကပ်လိမ်းတဲ့အခါမှာမျက်လုံးအောက်ကအရေးအကြောင်းတွေပေါ်တတ်တာမို့ ပွဲမတိုင်ခင် ၆ လလောက်အလိုထဲက


eye cream ပုံမှန်လိမ်းဖို့ကိုလည်း မမေ့သင့်ပါဘူး။


တကယ်လို့ ဝက်ခြံ၊ တင်းတိတ် ၊ အဆီဖု စတဲ့ skin problem တွေရှိနေတဲ့သတို့သမီးတွေအနေနဲ့ကတော့


Aesthetic clinic တွေကဆရာဝန်တွေနဲ့တိုင်ပင်ပြီး treatment တွေယူသင့်ပါတယ်။


*အရေပြားကိုဂရုစိုက်သလို ကိုယ်ခန္ဓာအတွင်းပိုင်းကိုလည်းဂရုစိုက်ကြမယ်။


Skin ကောင်းဖို့ဆိုတာ အရေပြားပေါ် skin careလိမ်းတာအပြင် ကိုယ်အတွင်းပိုင်းကိုပါဂရုစိုက်ဖို့လိုတာမို့


(1)ရေများများသောက်တာ (2)အိပ်ရေးဝဝအိပ်တာ (3)အပူအစပ်၊အငန်နဲ့အဆီတွေလျော့စားတာ မျိုးကိုလည်းဂရုတစိုက်လုပ်ပေးဖို့လိုပါတယ်။


*stress တွေလျော့ချပြီးအရာရာကိုအကောင်းမြင်ဖို့ကြိုးစားမယ်။


မင်္ဂလာပွဲနီးလေ stressများလေ ဒေါသကြီးလေဖြစ်တာသတို့သမီးလေးတွေထုံးစံပါ။ ဒါပေမယ့် stressများရင်အသားအရေကိုထိခိုက်တာမို့


စိတ်ကိုအတတ်နိုင်ဆုံးလျော့ချပြီး အရာရာကို အကောင်းမြင်စိတ်လေးနဲ့ ဖြည့်တွေးကြဖို့လိုပါတယ်။ ဒီအပိုင်းကတော့သတို့သားတွေနဲ့လည်းဆိုင်သွားပါပြီ။


 ကိုယ့်ကောင်မလေး မင်္ဂလာပွဲမှာ စိတ်ချမ်းချမ်းသာသာနဲ့လှပဖို့ သတို့သားတွေက စိတ်ချမ်းသာအောင်ထားပြီး


သတို့သမီးရဲ့ stressတွေကိုလျော့ချပေးဖို့လိုပါတယ်နော်။


သတို့သမီးလောင်းလေးတွေ ကိုယ့်အသားအရေကိုဂရုစိုက်ပြီး Skinလေးကောင်းသွားပြီဆိုရင်တော့


ပါးပါးကြည်ကြည်လေးလိမ်းပေးတတ်တဲ့ မိတ်ကပ်ဆရာကိုရွေးချယ်လို့ရပါပြီ။


* မိတ်ကပ် trend တွေကိုသိပြီး ခေတ်နဲ့အညီလေ့လာတဲ့မိတ်ကပ်ဆရာကိုရှာပါ။


*မိတ်ကပ်ပစ္စည်းbrandကောင်းကောင်းသုံးသူကိုရှာပါ။


*ပွဲချိန်နောက်မကျသူကိုရှာပါ။


*ကိုယ်လိုချင်တဲ့ lookရအောင် ပွဲမတိုင်ခင်ကြိုညှိပါ။


သတို့သမီးလေးက 70% အရေးကြီးတာမို့ကိုယ်ဂရုစိုက်တဲ့အခါမှာ ကိုယ့်အသားအရေလေးက အရမ်းကောင်းတာမဟုတ်ရင်တောင်


အဖုလေးတွေနည်းသွားမယ် ကြည်လင်လာမယ်ဆိုရင် ကျန်တဲ့ 30% တာဝန်ရှိတဲ့မိတ်ကပ်ဆရာ ကို ကောင်းကောင်းရွေးချယ်ပြီး


Glow make up lookလေးရဖို့ သေချာပြောပြတိုင်ပင်ကြလို့ရပါပြီ။


သတို့သမီးလောင်းလေးများအားလုံး မင်္ဂလာပွဲနေ့မှာ Glow နိုင်ကြပါစေရှင်။


အခု ခေတ်က Glow ခေတ်လို့ပြောရမလိုပါပဲ မိတ်ကပ်ပါးပါးကြည်ကြည်နဲ့ ပြောင်ပြောင်လေးတွေခေတ်စားနေတာဆိုတော့


သတို့သမီးလေးတွေကလည်း မင်္ဂလာပွဲနေ့မှာ glow make up look လေးရချင်ကြတာတွေ့ရပါတယ်။ တကယ်တော့ glow မိတ်ကပ်လေးဖြစ်ဖို့ဆိုတာ


မိတ်ကပ်ဆရာကောင်းဖို့လိုတယ်ဆိုပေမယ့် အဓိကအရေးကြီးဆုံးကတော့ သတို့သမီးလောင်းလေးရဲ့


အသားအရေပါ။အသားဖြူတာညိုတာနဲ့မဆိုင်ပါဘူး။ဖြူတဲ့သူဖြစ်ဖြစ်ညိုတဲ့သူဖြစ်ဖြစ်သတို့သမီးလေးရဲ့ပင်ကိုယ်အသားအရေလေးကောင်းနေဖို့က


အရေးကြီးဆုံးမို့ ပွဲနေ့မှာ Glow make up လေးရဖို့ဆိုရင် 70% က သတို့သမီးလေးမှာတာဝန်ရှိပြီ း 30% ကတော့မိတ်ကပ်ဆရာမှာတာဝန်ရှိပါတယ်။


အဲ့တော့ မင်္ဂလာပွဲနေ့မှာ ပါးပါးကြည်ကြည်မိတ်ကပ်လေးရဖို့ ပြင်ဆင်ထားရမယ့်အချက်လေးတွေကိုပြောပြချင်ပါတယ်ရှင့်။


*မိတျကပျဆရာကိုပဲအားမကိုးပါနဲ့။


တချို့မိတ်ကပ်နဲ့အလှမ်းဝေးတဲ့သတို့သမီးလေးတွေက မိတ်ကပ်သည်အရာရာကိုဖုံးပေးနိုင်တယ် ကိုယ်ဘာ skin problemပဲရှိရှိ


မိတ်ကပ်ဆရာ တော်ရင် အရမ်းလှသွားမယ်လို့ထင်ပြီး အသားအရေကို ပစ်ထားတတ်ပါတယ်။


စာရေးသူကိုယ်တိုင်လည်း skin careအကြောင်းမလေ့လာခင်ကအထိမိတ်ကပ်ဆရာကိုပဲအားကိုးခဲ့ပြီး ကိုယ်လိုချင်တဲ့lookမရရင်စိတ်တိုခဲ့ဖူးပါတယ်။


အခုနောက်ပိုင်းမှသိလာတာ ဘယ်လောက်တော်တဲ့ မိတ်ကပ်ဆရာဖြစ်ပါစေ ဝက်ခြံ ၊ အဆီဖု ၊ ဆားဝက်ခြံ ၊အရေးအကြောင်း အပါအဝင်


အခြား skin problem ရှိတဲ့ သတို့သမီးလေးတွေကိုပြင်တဲ့အခါ မှာ ပါးပါးကြည်ကြည်လေးပြင်ပေးဖို့မလွယ်ပါဘူး။


မျက်နှာမှာရှိတဲ့အနာအဆာတွေမပေါ်အောင်အုပ်ရင် မိတ်ကပ်ထူပါမယ်။


ပင်ကိုအသားအရေမကောင်းတဲ့အခါမိတ်ကပ်ညက်ရင်တောင် ကြည်တဲ့ look တော့မရနိုင်ပါဘူး။


ကဲ ဒါဆို ကိုယ့်ဘက်ကဘယ်လိုပြင်ဆင်ထားကြမလဲ ?


*မင်္ဂလာပွဲမတိုင်ခင် ၆ လလောက်ထဲက Skin Care နေ့တိုင်းလုပ်မယ်။


Skin care ကောင်းတာလေးတွေဝယ်ဖို့မနှမြောပါနဲ့ ငွေကုန်ကြေးကျခံပြီး wedding ပွဲကျင်းပကြမယ့်သူတွေအနေနဲ့ skin careကျမှနှမြောပြီး


မဝယ်တာမျိုးမလုပ်စေချင်ပါဘူး။အပြင်ကနေ အိမ်ပြန်ရောက်တာနဲ့ make up ကို remover နဲ့သေချာဖျက်သင့်ပါတယ်။ cleanser


နဲ့သေချာမျက်နှာသစ်double cleansing သေချာလုပ်ပြီး Toner လေးသေချာပြန်သုံးပေးရပါမယ်။


အသားကြည်ဖို့ ဝက်ခြံတွေမထွက်ဖို့ဆိုတာ cleansing ကအရေးကြီးဆုံးပါ ။ cleansing step ပြီးမှ essence , moisturizer စတဲ့


ရေဓာတ်ဖြည့်ပေးမယ့်အရာတွေသုံးပေးပါ။ မျက်နှာလေးရေဓာတ်ပြည့်နေမှသာ ကြည်လင်ပြီး glow စေမှာပါ။


တပတ် ၂ ခါ scrub လုပ်ပေးခြင်းကလည်း မျက်နှာမှာရှိတဲ့ dead cell တွေကိုရှင်းလင်းစေပါတယ်။


မိတ်ကပ်လိမ်းတဲ့အခါမှာမျက်လုံးအောက်ကအရေးအကြောင်းတွေပေါ်တတ်တာမို့ ပွဲမတိုင်ခင် ၆ လလောက်အလိုထဲက


eye cream ပုံမှန်လိမ်းဖို့ကိုလည်း မမေ့သင့်ပါဘူး။


တကယ်လို့ ဝက်ခြံ၊ တင်းတိတ် ၊ အဆီဖု စတဲ့ skin problem တွေရှိနေတဲ့သတို့သမီးတွေအနေနဲ့ကတော့


Aesthetic clinic တွေကဆရာဝန်တွေနဲ့တိုင်ပင်ပြီး treatment တွေယူသင့်ပါတယ်။


*အရေပြားကိုဂရုစိုက်သလို ကိုယ်ခန္ဓာအတွင်းပိုင်းကိုလည်းဂရုစိုက်ကြမယ်။


Skin ကောင်းဖို့ဆိုတာ အရေပြားပေါ် skin careလိမ်းတာအပြင် ကိုယ်အတွင်းပိုင်းကိုပါဂရုစိုက်ဖို့လိုတာမို့


(1)ရေများများသောက်တာ (2)အိပ်ရေးဝဝအိပ်တာ (3)အပူအစပ်၊အငန်နဲ့အဆီတွေလျော့စားတာ မျိုးကိုလည်းဂရုတစိုက်လုပ်ပေးဖို့လိုပါတယ်။


*stress တွေလျော့ချပြီးအရာရာကိုအကောင်းမြင်ဖို့ကြိုးစားမယ်။


မင်္ဂလာပွဲနီးလေ stressများလေ ဒေါသကြီးလေဖြစ်တာသတို့သမီးလေးတွေထုံးစံပါ။ ဒါပေမယ့် stressများရင်အသားအရေကိုထိခိုက်တာမို့


စိတ်ကိုအတတ်နိုင်ဆုံးလျော့ချပြီး အရာရာကို အကောင်းမြင်စိတ်လေးနဲ့ ဖြည့်တွေးကြဖို့လိုပါတယ်။ ဒီအပိုင်းကတော့သတို့သားတွေနဲ့လည်းဆိုင်သွားပါပြီ။


ကိုယ့်ကောင်မလေး မင်္ဂလာပွဲမှာ စိတ်ချမ်းချမ်းသာသာနဲ့လှပဖို့ သတို့သားတွေက စိတ်ချမ်းသာအောင်ထားပြီး


သတို့သမီးရဲ့ stressတွေကိုလျော့ချပေးဖို့လိုပါတယ်နော်။


သတို့သမီးလောင်းလေးတွေ ကိုယ့်အသားအရေကိုဂရုစိုက်ပြီး Skinလေးကောင်းသွားပြီဆိုရင်တော့


ပါးပါးကြည်ကြည်လေးလိမ်းပေးတတ်တဲ့ မိတ်ကပ်ဆရာကိုရွေးချယ်လို့ရပါပြီ။


* မိတ်ကပ် trend တွေကိုသိပြီး ခေတ်နဲ့အညီလေ့လာတဲ့မိတ်ကပ်ဆရာကိုရှာပါ။


*မိတ်ကပ်ပစ္စည်းbrandကောင်းကောင်းသုံးသူကိုရှာပါ။


*ပွဲချိန်နောက်မကျသူကိုရှာပါ။


*ကိုယ်လိုချင်တဲ့ lookရအောင် ပွဲမတိုင်ခင်ကြိုညှိပါ။


သတို့သမီးလေးက 70% အရေးကြီးတာမိူ့ကိုယ်ဂရုစိုက်တဲ့အခါမှာ ကိုယ့်အသားအရေလေးက အရမ်းကောင်းတာမဟုတ်ရင်တောင်


အဖုလေးတွေနည်းသွားမယ် ကြည်လင်လာမယ်ဆိုရင် ကျန်တဲ့ 30% တာဝန်ရှိတဲ့မိတ်ကပ်ဆရာ ကို ကောင်းကောင်းရွေးချယ်ပြီး


Glow make up lookလေးရဖို့ သေချာပြောပြတိုင်ပင်ကြလို့ရပါပြီ။


သတို့သမီးလောင်းလေးများအားလုံး မင်္ဂလာပွဲနေ့မှာ Glow နိုင်ကြပါစေရှင်။

Myanmar Wedding Guide



Some text some message..