[Zawgyi]
မိန်းကလေးတွေ ရေကူးဝတ်စုံဝတ်တဲ့အခါမှာ တစ်ချို့က ဝေဖန်ကဲ့ရဲ့တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုသူများဖေန်တာမခံရအောင် ဂရုစိုက်ရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ကြည့်ရမဆိုးအောင် ဘယ်လိုပုံစံအနေအထားနဲ့နေသင့်တယ်ဆိုလေးတွေနဲ့ ဆင်ခြင်သင့်တဲ့အရာလေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်။
ရေကူးဝတ်စုံရွေးချယ်တဲ့အခါ
ရေကူးဝတ်စုံတွေဝတ်တဲ့အခါမှာ ခန္ဓာကိုယ်ပေါ်လွင်စေတာဖြစ်လို့ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်က တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့လိုပါတယ်။ ရေကူးဝတ်စုံဝတ်တဲ့အခါမှာ ကိုယ်နဲ့လိုက်ဖက်မယ့် ရေကူးဝတ်စုံမျိုးကို အရင်ရွေးချယ်သင့်ပါတယ်။ ဗိုက်သားချပ်ကပ်ပြီး Belly ရှိတဲ့သူတွေဆိုရင် ဗိုက်သားအလှကိုပေါ်လွင်စေမယ့် ရေကူးဝတ်စုံတွေကိုရွေးချယ်ဝတ်ဆင်ပါ။ ဒါမှ ကိုယ့်အလှကို ပိုပြီးပေါ်လွင်စေမှာပါ။
Source: www.pinterest.com
၀တဲ့သူတွေနဲ့ ဗိုက်မှာအဆီရှိတဲ့သူတွေကတော့ Body Shape ကိုပေါ်လွင်စေမယ့် ရေကူးဝတ်စုံမျိုးကို မရွေးချယ်သင့်ပါဘူး။ ကိုယ့်ကိုချစ်စရာကောင်းသွားစေမယ့် ရေကူဝတ်စုံလေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ဘောင်းဘီကိုလည်း ချက်အောက်ကျတဲ့ဘောင်းဘီမျိုးမဝတ်ဘဲ ချက်အထက်နားရောက်တဲ့ဘောင်းဘီမျိုးကို ဝတ်ဆင်ပေးပါ။ ဒါမှလည်း ဗိုက်အဆီတွေမပေါ်လွင်တော့ပဲ ပိုပြီးလှသွားစေမှာပါ။
Source: www.pinterest.com
ကိုယ့်မှာအမာရွတ်တွေရှိနေတဲ့အခါနဲ့ တစ်ခုခုဒဏ်ရာရှိနေခဲ့ရင်လည်း စိတ်မပူပါနဲ့။ Swimsuit ဝတ်တဲ့အခါမှာ ဒဏ်ရာနဲ့အမာရွတ်နေရာတွေကို Concealer သုံးပေးမယ်ဆိုရင် ဖုံးသွားစေမှာဖြစ်တဲ့အတွက် အလှလည်းမပျက်တော့ဘူးနော်။
Source: www.site.google.com
ဓာတ်ပုံရိုက်တဲ့အခါ
ရေကူးဝတ်စုံနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ ထိုင်ပြီးရိုက်မယ်ဆိုရင် ခါးကိုကုန်းမနေဘဲ မတ်မတ်ထားပြီး Smart ကျကျလေးထိုင်ပြီး ပို့စ်ပေးပါ။ နောက်ကျောပေးပြီးထိုင်တဲ့အခါမှာလည်း ခါးကိုကုန်းပြီးထိုင်နေမယ်ဆိုရင်တော့ တင်မရှိသလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ခါးကိုကော့ပြီး သေချာလေးထိုင်ပေးဖို့ လိုပါတယ်။ ခြေထောက်ဆင်းပြီးထိုင်တဲ့အခါမှာတော့ သေချာမထိုင်ရင် ဗိုက်ပူသလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ခါးကိုကော့ပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထားကာ နောက်တစ်ဖက်ကိုတော့ ထောင်ပြီးထိုင်ပါ။
Source: www.pinterest.com
တင်ပြားတဲ့သူတွေက ရေကူးဝတ်စုံနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ နောက်ကျောပေးရိုက်မယ်ဆိုရင် တောင့်တောင့်ကြီးရပ်နေတာမျိုးမလုပ်ပါနဲ့။ ဘေးတစ်စောင်းအနေအထားလေးနေပြီး ခြေထောက်တစ်ဖက်ကိုထောက်ထားမယ်ဆိုရင်တော့ တင်လည်းထွက်ပြီး ကြည့်ရတာလည်းလှပါတယ်။
Source: www.pinterest.com
တင်ဘေးချိုင့်တဲ့သူဆိုရင် ရေကူးဝတ်စုံနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ အရှေ့တည့်တည့်ကနေမရိုက်ဘဲ ဘေးတစ်စောင်းလေးရိုက်ပေးပါ။ အရှေ့တည့်တည့်ကနေရိုက်မယ်ဆိုလည်း ချိုင့်တဲ့နေရာလေးကို လက်နဲ့ကွယ်ထားပြီး ရိုက်လို့ရပါတယ်။
Source: www.pinterest.com
[Unicode]
မိန်းကလေးတွေ ရေကူးဝတ်စုံဝတ်တဲ့အခါမှာ တစ်ချို့က ဝေဖန်ကဲ့ရဲ့တာမျိုးတွေ ရှိတတ်ပါတယ်။ ဒီလိုသူများဖေန်တာမခံရအောင် ဂရုစိုက်ရမယ့်အချက်လေးတွေကို မျှဝေပေးချင်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံရိုက်တဲ့အခါမှာလည်း ကြည့်ရမဆိုးအောင် ဘယ်လိုပုံစံအနေအထားနဲ့နေသင့်တယ်ဆိုလေးတွေနဲ့ ဆင်ခြင်သင့်တဲ့အရာလေးတွေကိုပါ မျှဝေပေးလိုက်ပါတယ်။
ရေကူးဝတ်စုံရွေးချယ်တဲ့အခါ
ရေကူးဝတ်စုံတွေဝတ်တဲ့အခါမှာ ခန္ဓာကိုယ်ပေါ်လွင်စေတာဖြစ်လို့ မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ့်ခန္ဓာကိုယ်က တစ်ကိုယ်ရည်သန့်ရှင်းမှုရှိဖို့လိုပါတယ်။ ရေကူးဝတ်စုံဝတ်တဲ့အခါမှာ ကိုယ်နဲ့လိုက်ဖက်မယ့် ရေကူးဝတ်စုံမျိုးကို အရင်ရွေးချယ်သင့်ပါတယ်။ ဗိုက်သားချပ်ကပ်ပြီး Belly ရှိတဲ့သူတွေဆိုရင် ဗိုက်သားအလှကိုပေါ်လွင်စေမယ့် ရေကူးဝတ်စုံတွေကိုရွေးချယ်ဝတ်ဆင်ပါ။ ဒါမှ ကိုယ့်အလှကို ပိုပြီးပေါ်လွင်စေမှာပါ။
Source: www.pinterest.com
ဝတဲ့သူတွေနဲ့ ဗိုက်မှာအဆီရှိတဲ့သူတွေကတော့ Body Shape ကိုပေါ်လွင်စေမယ့် ရေကူးဝတ်စုံမျိုးကို မရွေးချယ်သင့်ပါဘူး။ ကိုယ့်ကိုချစ်စရာကောင်းသွားစေမယ့် ရေကူဝတ်စုံလေးတွေကိုပဲ ရွေးချယ်သင့်ပါတယ်။ ဘောင်းဘီကိုလည်း ချက်အောက်ကျတဲ့ဘောင်းဘီမျိုးမဝတ်ဘဲ ချက်အထက်နားရောက်တဲ့ဘောင်းဘီမျိုးကို ဝတ်ဆင်ပေးပါ။ ဒါမှလည်း ဗိုက်အဆီတွေမပေါ်လွင်တော့ပဲ ပိုပြီးလှသွားစေမှာပါ။
Source: www.pinterest.com
ကိုယ့်မှာအမာရွတ်တွေရှိနေတဲ့အခါနဲ့ တစ်ခုခုဒဏ်ရာရှိနေခဲ့ရင်လည်း စိတ်မပူပါနဲ့။ Swimsuit ဝတ်တဲ့အခါမှာ ဒဏ်ရာနဲ့အမာရွတ်နေရာတွေကို Concealer သုံးပေးမယ်ဆိုရင် ဖုံးသွားစေမှာဖြစ်တဲ့အတွက် အလှလည်းမပျက်တော့ဘူးနော်။
Source: www.site.google.com
ဓာတ်ပုံရိုက်တဲ့အခါ
ရေကူးဝတ်စုံနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ ထိုင်ပြီးရိုက်မယ်ဆိုရင် ခါးကိုကုန်းမနေဘဲ မတ်မတ်ထားပြီး Smart ကျကျလေးထိုင်ပြီး ပို့စ်ပေးပါ။ နောက်ကျောပေးပြီးထိုင်တဲ့အခါမှာလည်း ခါးကိုကုန်းပြီးထိုင်နေမယ်ဆိုရင်တော့ တင်မရှိသလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ခါးကိုကော့ပြီး သေချာလေးထိုင်ပေးဖို့ လိုပါတယ်။ ခြေထောက်ဆင်းပြီးထိုင်တဲ့အခါမှာတော့ သေချာမထိုင်ရင် ဗိုက်ပူသလိုဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ခါးကိုကော့ပြီး ခြေထောက်တစ်ဖက်ကို ဆန့်ထားကာ နောက်တစ်ဖက်ကိုတော့ ထောင်ပြီးထိုင်ပါ။
Source: www.pinterest.com
တင်ပြားတဲ့သူတွေက ရေကူးဝတ်စုံနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ နောက်ကျောပေးရိုက်မယ်ဆိုရင် တောင့်တောင့်ကြီးရပ်နေတာမျိုးမလုပ်ပါနဲ့။ ဘေးတစ်စောင်းအနေအထားလေးနေပြီး ခြေထောက်တစ်ဖက်ကိုထောက်ထားမယ်ဆိုရင်တော့ တင်လည်းထွက်ပြီး ကြည့်ရတာလည်းလှပါတယ်။
Source: www.pinterest.com
တင်ဘေးချိုင့်တဲ့သူဆိုရင် ရေကူးဝတ်စုံနဲ့ဓာတ်ပုံရိုက်တဲ့အခါမှာ အရှေ့တည့်တည့်ကနေမရိုက်ဘဲ ဘေးတစ်စောင်းလေးရိုက်ပေးပါ။ အရှေ့တည့်တည့်ကနေရိုက်မယ်ဆိုလည်း ချိုင့်တဲ့နေရာလေးကို လက်နဲ့ကွယ်ထားပြီး ရိုက်လို့ရပါတယ်။
Source: www.pinterest.com
The post
ရေကူးဝတ်စုံဝတ်တဲ့အခါ ဝေဖန်မခံရစေဖို့အတွက် သတိထားရမယ့်အချက်များ
appeared first on
MyStyle Myanmar
.