လူငယ်ကောင်မလေးတွေအတွက် ကလေးဆန်ပြီးချစ်ရာကောင်းတဲ့ဖက်ရှင်များ
mystylemyanmar.com
|
2019-12-05

(Zawgyi Version)

လူငယ်ကောင်မလေးတွေဆိုရင် ကလေးဆန်တဲ့ဖက်ရှင်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဖက်ရှင်ဆိုတာကလည်း အဝတ်အစားတစ်ခုထဲမဟုတ်ပဲ ဖိနပ်၊ အိတ်၊ စတာတွေအစ ကိုယ်ဝတ်ထားတာနဲ့ လိုက်ဖက်နေဖို့ လိုပါသေးတယ်။ ဒါမှဖက်ရှင်ကျပြီး ပိုချစ်စရာကောင်းနေမှာပါ။ ဒါဆိုရင် ဘယ်လိုဖက်ရှင်မျိုးက ကလေးဆန်ပြီး ပိုချစ်စရာကောင်းသွားစေမလဲဆိုတာကို ကြည့်လိုက်ရအောင်။

ရိုးရိုးဂါဝန်ထက် ဒီလိုနှစ်ထပ်ဂါဝန်လေးတွေက ပိုကလေးဆန်ပြီး ချစ်စရာကောင်းစေပါတယ်။ ဒီလိုဂါဝန်လေးတွေဝတ်ရင် Sneaker လေးတွေစီးတာ ပိုချစ်ဖို့ကောင်းပါတယ်။




စကပ်အတိုအကားလေးတွေဆိုလည်း အခုလိုအေးတဲ့အချိန်မှာ ဆွယ်တာအင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်ပါ။ ခြေအိတ်လေးဝတ်ပြီး Sneaker လေးစီးရင်တော့ ပိုကလေးဆန်ပြီး ချစ်ဖို့ကောင်းတာပေါ့။




ဂျင်းဘောင်းဘီအတိုလေးတွေကို Crop Top, ကိုယ်ကျပ်, တီရှပ်စတာလေးတွေနဲ့ တွဲဝတ်ပြီး Sneaker လေးစီးပါ။ ခြေအိတ်ဝတ်မယ်ဆိုရင်လည်း ဖက်ရှင်တစ်ခုဖြစ်တာကြောင့် ကိုယ်ဝတ်မယ့် အင်္ကျီအရောငေ်လးနဲ့တူတဲ့အရောင်ကို ရွေးဝတ်ရင် ပိုချစ်စရာကောင်းပါတယ်။




အခုလိုအေးနေတဲ့အချိန်မှာဆိုရင် Hoodie အပွအကြီးကြီးတွေ၊ ဆွယ်တာအရှည်လေးတွေကိုဝတ်ပြီး Sneaker လေးစီးပါ။ ကိုရီးယားမလေးတွေရဲ့ ဖက်ရှင်လေးဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေ အကြိုက်တွေ့မှာ သေချာပါတယ်။




ဒီလိုစကပ်လေးတွေကိုဝတ်ရင်တော့ တီရှပ်ပြောင်လေးတွေနဲ့သာ တွဲဝတ်ပါ။ Sneaker လေးစီးလိုက်ရင်တော့ အရမ်းကိုချစ်စရာကောင်းသွားမှာပါ။




စကပ်တို၊ ဘောင်းဘီတိုတွေကို တီရှပ်လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ တီရှပ်လိုကုတ်လေးတွေ ထပ်ဝတ်တာလည်း ချစ်စရာကောင်းတဲ့ဖက်ရှင်လေးပါပဲ။




ဘောင်းဘီအရှည်လေးဝတ်မယ်ဆိုလည်း ဂျင်းဘောင်းဘီအပွလေးတွေကို တီရှပ်လေးတွေ၊ Crop Top လေးတွေနဲ့တွဲဝတ်ပြီး Sneaker လေးစီးပါ။ ဦးထုတ်ဆောင်းရတာကြိုက်တဲ့သူဆိုရင် ဦးထုပ်လေးဆောင်းလိုက်တာက ပိုပြီးချစ်ရာကောင်းသွားစေပါတယ်။




Photo Source: www.pinterest.com

(Unicode Version)

လူငယ်ကောင်မလေးတွေဆိုရင် ကလေးဆန်တဲ့ဖက်ရှင်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။ ဖက်ရှင်ဆိုတာကလည်း အဝတ်အစားတစ်ခုထဲမဟုတ်ပဲ ဖိနပ်၊ အိတ်၊ စတာတွေအစ ကိုယ်ဝတ်ထားတာနဲ့ လိုက်ဖက်နေဖို့ လိုပါသေးတယ်။ ဒါမှဖက်ရှင်ကျပြီး ပိုချစ်စရာကောင်းနေမှာပါ။ ဒါဆိုရင် ဘယ်လိုဖက်ရှင်မျိုးက ကလေးဆန်ပြီး ပိုချစ်စရာကောင်းသွားစေမလဲဆိုတာကို ကြည့်လိုက်ရအောင်။

ရိုးရိုးဂါဝန်ထက် ဒီလိုနှစ်ထပ်ဂါဝန်လေးတွေက ပိုကလေးဆန်ပြီး ချစ်စရာကောင်းစေပါတယ်။ ဒီလိုဂါဝန်လေးတွေဝတ်ရင် Sneaker လေးတွေစီးတာ ပိုချစ်ဖို့ကောင်းပါတယ်။




စကပ်အတိုအကားလေးတွေဆိုလည်း အခုလိုအေးတဲ့အချိန်မှာ ဆွယ်တာအင်္ကျီလက်ရှည်လေးတွေနဲ့ တွဲဝတ်ပါ။ ခြေအိတ်လေးဝတ်ပြီး Sneaker လေးစီးရင်တော့ ပိုကလေးဆန်ပြီး ချစ်ဖို့ကောင်းတာပေါ့။




ဂျင်းဘောင်းဘီအတိုလေးတွေကို Crop Top, ကိုယ်ကျပ်, တီရှပ်စတာလေးတွေနဲ့ တွဲဝတ်ပြီး Sneaker လေးစီးပါ။ ခြေအိတ်ဝတ်မယ်ဆိုရင်လည်း ဖက်ရှင်တစ်ခုဖြစ်တာကြောင့် ကိုယ်ဝတ်မယ့် အင်္ကျီအရောလးနဲ့တူတဲ့အရောင်ကို ရွေးဝတ်ရင် ပိုချစ်စရာကောင်းပါတယ်။




အခုလိုအေးနေတဲ့အချိန်မှာဆိုရင် Hoodie အပွအကြီးကြီးတွေ၊ ဆွယ်တာအရှည်လေးတွေကိုဝတ်ပြီး Sneaker လေးစီးပါ။ ကိုရီးယားမလေးတွေရဲ့ ဖက်ရှင်လေးဖြစ်တာကြောင့် လူငယ်ကောင်မလေးတွေ အကြိုက်တွေ့မှာ သေချာပါတယ်။




ဒီလိုစကပ်လေးတွေကိုဝတ်ရင်တော့ တီရှပ်ပြောင်လေးတွေနဲ့သာ တွဲဝတ်ပါ။ Sneaker လေးစီးလိုက်ရင်တော့ အရမ်းကိုချစ်စရာကောင်းသွားမှာပါ။




စကပ်တို၊ ဘောင်းဘီတိုတွေကို တီရှပ်လေးတွေနဲ့တွဲဝတ်ပြီး အပေါ်ကနေ တီရှပ်လိုကုတ်လေးတွေ ထပ်ဝတ်တာလည်း ချစ်စရာကောင်းတဲ့ဖက်ရှင်လေးပါပဲ။




ဘောင်းဘီအရှည်လေးဝတ်မယ်ဆိုလည်း ဂျင်းဘောင်းဘီအပွလေးတွေကို တီရှပ်လေးတွေ၊ Crop Top လေးတွေနဲ့တွဲဝတ်ပြီး Sneaker လေးစီးပါ။ ဦးထုတ်ဆောင်းရတာကြိုက်တဲ့သူဆိုရင် ဦးထုပ်လေးဆောင်းလိုက်တာက ပိုပြီးချစ်ရာကောင်းသွားစေပါတယ်။




Photo Source: www.pinterest.com


The post

လူငယ်ကောင်မလေးတွေအတွက် ကလေးဆန်ပြီးချစ်ရာကောင်းတဲ့ဖက်ရှင်များ appeared first on

MyStyle Myanmar .




Some text some message..