
(Zawgyi Version)
မျက်ကွင်းညိုတဲ့သူတွေက မိတ်ကပ်လိမ်းလိုက်မှ မျက်ကွင်းညိုတာတောင် ပိုသိသာသွားတာမျိုး၊ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း မျက်ကွင်းနေရာပဲ ညိုမဲနေတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်တယ်ဆိုတာလည်း မိတ်ကပ်လိမ်းတဲ့အချိန်မှာ လုပ်မိတဲ့အမှားတချို့ကြောင့်ပါ။ ဒါကြောင့် မျက်ကွင်းညိုတဲ့သူတွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါမှာ မပြုလုပ်သင့်တဲ့ အချက် (၄) ချက်ကို ပြောပြပေးလိုက်ပါတယ်။
Concealer မသုံးပဲမနေပါနဲ့
မျက်ကွင်းညိုတဲ့သူတွေအတွက် မရှိမဖြစ်က Concealer ပါပဲ။ Concealer မှာမှ အရောင်အမျိုးမျိုးလည်း ရှိတာဖြစ်လို့ ကိုယ်က ဘာကြောင့်မျက်ကွင်းညိုတာလဲ နည်းနည်းပဲညိုတာလား၊ အရမ်းညိုတာလားဆိုတာကိုကြည့်ပြီး မှန်ကန်တဲ့ Concealer ကို ရွေးဝယ်ပါ။ ပြီးရင် အောက်ခံမိတ်ကပ် Foundation မလိမ်းခင်မှာ Concealer နဲ့ မျက်ကွင်းညိုတာကို ဖုံးပေးပါ။ Concealer မသုံးပဲ မိတ်ကပ်လိမ်းရင် မျက်နှာပဲကွက်ဖြူပြီး မျက်ကွင်းက ညိုနေတာ ပိုသိသာသွားပါလိမ့်မယ်။
Photo Source: www.goodhousekeeping.com
မျက်လုံးအောက်တွေကို Eyeliner မဆိုးပါနဲ့
မျက်လုံးအောက်တွေကိုပါ Eyeliner ဆိုးလိုက်ရင် Eyeliner ပြန့်သွားတဲ့အခါမျိုးမှာ မျက်ကွင်းညိုတာ ပိုဆိုးသွားပါလိမ့်မယ်။ မျက်လုံးအောက်တွေကိုပါ မဲနက်နေအောင် Eyeliner ဆိုးတာက မျက်ကွင်းပိုညိုသလိုလည်း ဖြစ်စေပါတယ်။
Photo Source: www.caffeinamagazine.it
မျက်လုံးအောက်ကို Eyeshadow အရောင်ရင့်တာ၊ မှောင်တာတွေ မခြယ်ပါနဲ့
မျက်လုံးအောက်ဘက်တွေကို တချို့က Eyeshadow ခြယ်လေ့ရှိပါတယ်။ Eyeshadow အရောင်တောက်တာလေးတွေကတော့ ကိစ္စမရှိပေမယ့် အရောင်ရင့်ပြီး မှောင်တဲ့ဘက်သွားတာမျိုးတွေကျတော့ မျက်ကွင်းပိုညိုသလို ဖြစ်သွားစေပါတယ်။
Photo Source: www.thedailystar.net
အောက်မျက်တောက်ကို Mascara နဲ့မကော့ပါနဲ့
မျက်တောင်ကော့ရင် အပေါ်မျက်တောင်ကိုပဲ Mascara နဲ့ကော့ပါ။ အောက်မျက်တောင်ကို Mascara နဲ့ မကော့ပါနဲ့။ အောက်မျက်တောင်ကိုပါ Mascara နဲ့ကော့လိုက်ရင် မျက်တောင်ပိုရှည်ပြီး အရိပ်ကျသလို ဖြစ်သွားတဲ့အတွက် မျက်ကွင်းပိုညိုသွားစေပါတယ်။ တစ်ခါတစ်လေ မျက်တောင်ကော့ဆေးတွေ ပေတဲ့အခါ၊ ပြန့်သွားတဲ့အခါမျိုးမှာဆိုလည်း မျက်ကွင်းပိုညိုသလို ဖြစ်သွားပါလိမ့်မယ်။
Photo Source: www.cosmopolitan.com
(Unicode Version)
မျက်ကွင်းညိုတဲ့သူတွေက မိတ်ကပ်လိမ်းလိုက်မှ မျက်ကွင်းညိုတာတောင် ပိုသိသာသွားတာမျိုး၊ မိတ်ကပ်ဘယ်လောက်လိမ်းလိမ်း မျက်ကွင်းနေရာပဲ ညိုမဲနေတာမျိုးတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုဖြစ်တယ်ဆိုတာလည်း မိတ်ကပ်လိမ်းတဲ့အချိန်မှာ လုပ်မိတဲ့အမှားတချို့ကြောင့်ပါ။ ဒါကြောင့် မျက်ကွင်းညိုတဲ့သူတွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါမှာ မပြုလုပ်သင့်တဲ့ အချက် (၄) ချက်ကို ပြောပြပေးလိုက်ပါတယ်။
Concealer မသုံးပဲမနပေါနဲ့
မျက်ကွင်းညိုတဲ့သူတွေအတွက် မရှိမဖြစ်က Concealer ပါပဲ။ Concealer မှာမှ အရောင်အမျိုးမျိုးလည်း ရှိတာဖြစ်လို့ ကိုယ်က ဘာကြောင့်မျက်ကွင်းညိုတာလဲ နည်းနည်းပဲညိုတာလား၊ အရမ်းညိုတာလားဆိုတာကိုကြည့်ပြီး မှန်ကန်တဲ့ Concealer ကို ရွေးဝယ်ပါ။ ပြီးရင် အောက်ခံမိတ်ကပ် Foundation မလိမ်းခင်မှာ Concealer နဲ့ မျက်ကွင်းညိုတာကို ဖုံးပေးပါ။ Concealer မသုံးပဲ မိတ်ကပ်လိမ်းရင် မျက်နှာပဲကွက်ဖြူပြီး မျက်ကွင်းက ညိုနေတာ ပိုသိသာသွားပါလိမ့်မယ်။
Photo Source: www.goodhousekeeping.com
မျက်လုံးအောက်တွေကို Eyeliner မဆိုးပါနဲ့
မျက်လုံးအောက်တွေကိုပါ Eyeliner ဆိုးလိုက်ရင် Eyeliner ပြန့်သွားတဲ့အခါမျိုးမှာ မျက်ကွင်းညိုတာ ပိုဆိုးသွားပါလိမ့်မယ်။ မျက်လုံးအောက်တွေကိုပါ မဲနက်နေအောင် Eyeliner ဆိုးတာက မျက်ကွင်းပိုညိုသလိုလည်း ဖြစ်စေပါတယ်။
Photo Source: www.caffeinamagazine.it
မျက်လုံးအောက်ကို Eyeshadow အရောင်ရင့်တာ၊ မှောင်တာတွေ မခြယ်ပါနဲ့
မျက်လုံးအောက်ဘက်တွေကို တချို့က Eyeshadow ခြယ်လေ့ရှိပါတယ်။ Eyeshadow အရောင်တောက်တာလေးတွေကတော့ ကိစ္စမရှိပေမယ့် အရောင်ရင့်ပြီး မှောင်တဲ့ဘက်သွားတာမျိုးတွေကျတော့ မျက်ကွင်းပိုညိုသလို ဖြစ်သွားစေပါတယ်။
Photo Source: www.thedailystar.net
အောက်မျက်တောက်ကို Mascara နဲ့မကော့ပါနဲ့
မျက်တောင်ကော့ရင် အပေါ်မျက်တောင်ကိုပဲ Mascara နဲ့ကော့ပါ။ အောက်မျက်တောင်ကို Mascara နဲ့ မကော့ပါနဲ့။ အောက်မျက်တောင်ကိုပါ Mascara နဲ့ကော့လိုက်ရင် မျက်တောင်ပိုရှည်ပြီး အရိပ်ကျသလို ဖြစ်သွားတဲ့အတွက် မျက်ကွင်းပိုညိုသွားစေပါတယ်။ တစ်ခါတစ်လေ မျက်တောင်ကော့ဆေးတွေ ပေတဲ့အခါ၊ ပြန့်သွားတဲ့အခါမျိုးမှာဆိုလည်း မျက်ကွင်းပိုညိုသလို ဖြစ်သွားပါလိမ့်မယ်။
Photo Source: www.cosmopolitan.com
The post
မျက်ကွင်းညိုတဲ့သူတွေအနေနဲ့ မိတ်ကပ်လိမ်းတဲ့အခါမှာ မပြုလုပ်သင့်တဲ့အချက် (၄) ချက်
appeared first on
MyStyle Myanmar
.