ဆံပင်ကျွတ်တာများလို့ ဆံပင်ပါးလာတာကို ထူသယောင်မြင်ရစေမယ့် နည်းလမ်း (၈) ခု
mystylemyanmar.com
|
2019-12-30

[Zawgyi]

ဆံသားက ကျွန်ုပ်တို့ ခန္ဓာကိုယ်လိုပါပဲ။ ပုံမှန်ထိန်းသိမ်းမှုပြုလုပ်ပေးရပါတယ်။ ဂရုစိုက်ပေးရပါတယ်။ ဆံပင်ပါးတာက မိန်းကလေးတစ်ယောက်ရဲ့ပုံစံကို ကြည့်မကောင်းဖြစ်စေပါတယ်။ ဆံပင်ထူထူလေးနဲ့ဆိုရင် ပိုလှပြီး ပိုကျန်းမာတဲ့ပုံစံပေါ်ပါတယ်။ ဒီတော့ ဆံပင်ပါးတာကို ထူလာစေမယ့် နည်းလမ်း (၈) ခုကို ပြောပြပါရစေ။

၁။ Gelatin ကို Essential Oil နဲ့ရောပါ

Gelatin က ပရိုတင်းဓာတ်ကြွယ်ဝပါတယ်။ Gelatin က ဆံသားကို ထူထဲစေပါတယ်။ ဆံသားခိုင်မာစေပါတယ်။ ရေအနည်းငယ်၊ Gelatin နဲ့ Essential Oil တို့ကို ရောလိုက်ပါ။ ပြီးနောက် ဒီအရောကို သင့်ဆံပင်မှာလိမ်းပြီး နှိပ်နယ်ပေးပါ။ ခဏစောင့်ပြီး ရေနဲ့ဆေးချပါ။

၂။ ကြက်ဥနဲ့ ဒိန်ချဉ်

ကြက်ဥက ပရိုတင်းဓာတ်၊ ဘိုင်အိုတင်နဲ့ ဗီတာမင် B12 ကြွယ်ဝပါတယ်။ ဒီဓာတ်တွေက ဆံသားပါးသူတွေ၊ ဆံပင်အဆီပြန်တတ်သူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။ ကြက်ဥတစ်လုံးကို ဒိန်ချဉ်နဲ့ရောပေးပါ။ ဆံပင်ကို လိမ်းပေးပြီး တစ်နာရီထားပေးပါ။ ပြီးနောက်ရေဆေးချပါ။

၃။ ဆံပင်ဆံထုံးထုံးပြီးအိပ်ပါ

ခေါင်းလျှော်ပြီးနောက် ဆံပင်ခြောက်အောင်သုတ်ပေးပါ။ ပြီးနောက် အိပ်ယာဝင်တဲ့အချိန် ဆံပင်စည်းတဲ့ သားရေကွင်းအကြီးနဲ့ ဆံပင်ကိုထုံးပေးပါ။ နောက်နေ့အိပ်ယာနိုးတဲ့အချိန် ဆံပင်ပိုထူတဲ့ပုံစံဖြစ်နေပြီး လှိုင်းတွန့်ပုံစံလေးတွေ ရပါလိမ့်မယ်။

၄။ ခေါင်းမလျှော်ခင် ဦးရေပြားကို ဆီနဲ့ နှိပ်နယ်ပေးပါ

ဦးရေပြားကို နှိပ်နယ်ပေးတာက ဆံပင်အရှည်မြန်စေပြီး ဆံပင်ထူစေပါတယ်။ သွေးလည်ပတ်မှုကောင်းမွန်စေပါတယ်။ခေါင်းမလျှော်ခင် စက်ဝိုင်းပုံစံ ညင်သာစွာနှိပ်နယ်ပေးပါ။ ဆီကို သံလွင်ဆီဒါမှမဟုတ် အုန်းဆီသုံးနိုင်ပါတယ်။

၅။ အသီးအရွက်နဲ့ ပရိုတင်းဓာတ်များများစားပေးပါ

ဆံသားခိုင်မာစေချင်တယ်ဆိုရင် အစိမ်းရောင်အသီးအရွက်တွေကို များများစားပေးရပါမယ်။ ဟင်းနုနွယ်၊ ပဲအမျိုးမျိုးနဲ့ သစ်သီးတွေကနေ ဗီတာမင်များစွာရနိုင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီး၊ ပန်းဂေါ်ဖီ၊ မြေပဲတို့ကနေလည်း ရနိုင်ပါတယ်။ ပရိုတင်းများတဲ့ ပဲနို့၊ Whole Grain တွေကိုလည်း စားပေးပါ။

၆။ အပူသုံးတာလျှော့ပြီး ဆံပင်လိပ်တာနဲ့ လိပ်ပေးပါ

အပူထိတွေ့မှုများတဲ့ ဆံသားက ဆံပင်ကျွတ်တာများပြီးပိုပါးလာပါလိမ့်မယ်။ Hair Dryer မှုတ်တဲ့အချိန်လည်း အပူချိန်လျှော့ပေးပါ။ အပူချောင်းနဲ့ဆံပင်မလိပ်ဘဲ ဆံပင်လိပ်တဲ့ ပစ္စည်းတွေနဲ့ ဆံပင်လိပ်ကြည့်ပါ။

၇။ ထောပတ်သီးနဲ့ ကြက်ဥ

View this post on Instagram

Time for hair? #avocadohairmask
A post shared by

Hoàng Khuê (@khueallforlove) on

ဆံပင်အထူကြီးရဖို့ ပိုက်ဆံအများကြီးသုံးဖို့မလိုပါဘူး။ သဘာဝပစ္စည်းတွေနဲ့လည်း ကြိုးစားနိုင်ပါတယ်။ ထောပတ်သီးကို ကြက်ဥနဲ့ရောလိုက်ပါ။ ပြီးနောက် သံလွင်ဆီနဲ့ ပျားရည်တစ်ဇွန်းထည့်ပါ။ ဆံပင်ပေါ်လိမ်းပြီး မိနစ် ၂၀ ထားပေးပါ။ ရေနဲ့ဆေးချပါ။ ပုံမှန်လုပ်ပေးပါက ထူးခြားမှုကို တွေ့ရပါလိမ့်မယ်။

၈။ ဆံပင်အရောင်ဖြန်းဆေးသုံးပါ

ဆံပင်အရောင်အလိုက် ဆံပင်အရောင်ဖြန်းဆေးသုံးပေးပါ။ မိတ်ကပ်ထပ်တဲ့သဘောပါပဲ။ သင့်ဆံသားက နက်မှောင်တယ်ဆိုရင် ဆံပင်အရင်းတွေကို အာရုံစိုက်ဖြန်းပါ။ ဆိုင်သွားပြီးတော့လည်း အရောင်ဖြန်းနိုင်ပါတယ်။

[Unicode]

Source: Brightside.me

By MyStyle Myanmar

The post

ဆံပင်ကျွတ်တာများလို့ ဆံပင်ပါးလာတာကို ထူသယောင်မြင်ရစေမယ့် နည်းလမ်း (၈) ခု appeared first on

MyStyle Myanmar .

Some text some message..