ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေပြုလုပ်ပေးသင့်တဲ့ Skincare Steps များ
weddingguide.com.mm
|
2020-01-13

အားလုံးပဲမင်္ဂလာပါရှင်။ဒီနေ့မှာတော့ Myanmar Wedding Guide ပရိတ်သတ်တွေထဲက ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေပြုလုပ်ပေးသင့်တဲ့ Skincare အဆင့်တွေကိုဖော်ပြပေးချင်ပါတယ်။

ခြောက်သွေ့တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့မနက်ပိုင်းမှာ ပြုလုပ်ပေးရမယ့် အသားအရေထိန်းသိမ်းနည်းတွေကတော့ cleanser နဲ့မျက်နှာသေချာသစ်ပြီး Serum ကိုအသားထဲစိမ့်ဝင်သွားအောင်လိမ်းပေးပါ။

ပြီးရင်တော့ Moisturizerလေးလိမ်းပါ။Suncream တွေကိုလည်းမဖြစ်မနေလိမ်းပေးဖို့မမေ့ပါနဲ့။အသားအရေနူးညံ့စိုပြည်စေဖို့ omega-3 နဲ့ omega-6 fatty acids များပါဝင်တဲ့ ကြက်သား ၊ ဘဲသား ၊

ပဲကြီး ၊ ပဲပင်ပေါက် ၊ ဂျုံ အစရှိတဲ့အစားအစာတွေကိုလည်း ထည့်သွင်းစားသုံးပေးသင့်ပါတယ်နော်။မျက်နှာကိုခြောက်သွေ့စေပြီး ပြင်းထန်တဲ့ဓာတုပစ္စည်းများ ပါဝင်တဲ့ Cleanser များကို ရှောင်ပြီး

မျက်နှာဆေးကြောရာတွင်လည်း ခပ်ပြင်းပြင်းပွတ်သပ်ခြင်းကို မပြုလုပ်ဘဲ အသာအယာနှိပ်နယ်ကာ ဆေးကြောပေးရပါမယ်။

ညပိုင်းမှာပြုလုပ်ပေးသင့်တဲ့ အသားအရေထိန်းသိမ်းနည်းတွေကတော့ လိမ်းထားတဲ့မိတ်ကပ်တွေကို makeup remover နဲ့သေချာစွာဖျက်ပေးပါ။cleanser သုံးပြီးမျက်နှာသစ်ပါ။

scrub လုပ်ပြီးတိုင်း Moisturizer လိမ်းပေးပါ။တစ်နေ့တာမိတ်ကပ်ကြောင့်ဆုံးရှုံးသွားတဲ့ မျက်နှာအစိုဓာတ်ကို ရေဓာတ်ဖြည့် mist လေးတွေဖြန်းခြင်းဖြင့်ပြန်လည်ဖြည့်တင်းနိုင်ပါတယ်။

mist တွေဟာ တခြားသော skincare ပစ္စည်းတွေကို မျက်နှာအသားအရေထဲထိုးဖောက်စိမ့်ဝင်းနိုင်ဖို့ကူညီပေးပါတယ်။ပြီးရင်တော့ ရေဓာတ်ဖြည့်ပေးနိုင်တဲ့ serum လိမ်းပါ။

နောက်ဆုံးမှာတော့ Night Cream ဒါမှမဟုတ် Sleeping Mask တစ်ခုခုလိမ်းအိပ်ပေးပါ။ မနက်ပိုင်းဖြစ်စေ ညပိုင်းဖြစ်စေ မျက်နှာဆေးကြောသန့်စင်ပြီးတာနဲ့(moisturizer) အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးသင့်ပါတယ်။

အစိုဓာတ်ထိန်းခရင်မ်ဟာ မျက်နှာမှာရှိပြီးသား ရေငွေ့တွေကို အငွေ့ပျံမထွက်သွားရန် ကာကွယ်ပေးတာကြောင့် ၃မိနစ်အတွင်း လိမ်းပေးတာကအကောင်းဆုံးပါပဲ။

Reference:stylecraze.com

(Unicode ဖြင့်ဖတ်ရန်)

Myanmar Wedding Guide

ပင်မစာမျက်နှာ

သတင်း

ဂိမ်း

ဝန်ဆောင်မှုများ
Some text some message..