ဆံသားလေးတွေ အရှည်မြန်စေဖို့ ကူညီပေးတဲ့ အစားအစာများ
mystylemyanmar.com
|
2020-01-30

[Zawgyi]

ဆံသားလေးတွေ ရှည်လျားသန်စွမ်းပြီး စိုပြေနေချင်ပါသလား။ သင့်ဆံပင်အရှည်မြန်အောင် ကူညီပေးတဲ့အစားအစာလေးတွေက ဘာတွေ ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အစားအစာလေးတွေကို ဆက်လက်ဖတ်ရှုလိုက်ကြရအောင်နော်။

၁။ ကန်စွန်းဥ

Photo Source: thetropixs.com

ကန်စွန်းဥထဲမှာ Vitamin A နဲ့ Beta Carotene ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ကန်စွန်းဥစားသုံးပေးခြင်းက သင့်ဆံသားအရှည်မြန်စေရုံသာမကဘဲ ဦးရေပြားကျန်းမာရေးအတွက်လည်း ကူညီပေးပါတယ်။

၂။ ကရုကမာကောင်

Photo Source: www.chefsteps.com

ကရုကမာကောင်လေးတွေက ဇင့်ဓာတ်ကြွယ်ဝစွာပါဝင်ပြီးတော့ ဆံပင်ကျွတ်ခြင်းကို အဓိကကာကွယ်ပေးပါတယ်။ ပရိုတိန်းဓာတ်လည်း ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ဦးရေပြား ခြောက်သွေ့ယားယံခြင်းကို ကာကွယ်ပေးပါတယ်။

၃။ နေကြာစေ့

Photo Source: 101waystosurvive.com

နေကြာစေ့အဆီကို သင်စားသုံးမဲ့ အစားအစာထဲမှာ အသုံးပြုမယ်ဆိုရင် ဆံပင်အရှည်မြန်စေပြီး ပျော့ပျောင်းနူးညံ့စေမှာ အမှန်ပါပဲ။ နေကြာစေ့ထဲမှာ ဆံပင်အတွက်ကောင်းကျိုးပေးတဲ့ Vitamin E ဓာတ် ကြွယ်ဝစွာပါဝင်ပါတယ်။

၄။ ကြက်ဥအနှစ်

Photo Source: www.popsugar.com

ကြက်ဥအနှစ်ထဲမှာ ပရိုတိန်းဓာတ်ပါဝင်တဲ့အပြင် ဆံပင်အရှည်မြန်စေဖို့ ကူညီပေးတဲ့ Omega 3, Fatty Acid တို့ ပါဝင်ပါတယ်။ ကြက်ဥအနှစ်စားပေးခြင်းဖြင့် ဦးရေပြားထဲမှာ သွေးလှည့်ပတ်မှုကောင်းစေပြီး ဆံသားလေးတွေ လှပလာမှာပါ။

၅။ ဗိုလ်စားပဲ

Photo Source: mojohealth.com.au

ဗိုလ်စားပဲထဲမှာ ဇင့်၊ သံဓာတ်နဲ့ Biotin (ဗီတာမင်ဓာတ်တစ်မျိုး) ဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ ဇင့်နဲ့ Biotin က ဦးရေပြားကို အားဖြည့်ပေးပါတယ်။ ဇင့်က ဆံပင်အရှည်မြန်အောင်ပြုလုပ်ပေးပြီး ဆံပင်ကျွတ်ခြင်း၊ ဆံပင်ပါးခြင်းတို့မှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဆံသားထူချင်တယ်ဆိုရင် ဗိုလ်စားပဲအပြင် ပဲတောင့်ရှည်ကိုလည်း စားသုံးပေနိုင်ပါတယ်။

[Unicode]

၅။ ဗိုလျစားပဲ

The post

ဆံသားလေးတွေ အရှည်မြန်စေဖို့ ကူညီပေးတဲ့ အစားအစာများ appeared first on

MyStyle Myanmar .

Some text some message..