မိန်းကလေးတွေအတွက် အလှအပထိန်းသိမ်းနည်း
pissayanews.com
|
2020-02-20

အသားအရေ မပျက်စီးအောင် ကာကွယ်ပါ။

အသားအရေကို နေပူထဲသွားခါနီးကို Moisturizer လိမ်းပေးတာမျိုး၊ နေလှောင်ကာကွယ်နိုင်တဲ့ ခရင် တစ်မျိုးမျိုးလိမ်းပေးတာတို့ ပြုလုပ်ပေးသင့်ပါတယ်။


မျက်နှာကိုသေချာသန့်ရှင်းရေးလုပ်ပေးပါ။

မျက်နှာအသားအရေ သန့်ရှင်းလှပဖို့အတွက် မျက်နှာသစ်ဆေးနဲ့ သန့်ရှင်းတာမျိုးပါမက တိုနာတို့ cleanser တို့နဲ့သေချာသန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။


အသားအရေအတွက် ရေဓာတ်ဖြည့်တင်းပေးဖို့လည်း လိုအပ်ပါတယ်။

အသားအရေ ရေဓာတ်ဖြည့်တင်းပေးဖို့ သခွားသီး၊ Mask တို့နဲ့ မျက်နှာ ပေါင်းတင်တာမျိုးတွေ လုပ်ပေးသင့်ပါတယ်။


ရေနွေးသောက်ပါ။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားနိုင်စေဖို့ လက်ဖက်ခြောက်ရည်၊ Green Tea တွေကို ပုံမှန်လေး သောက်သုံးပေးသင့်ပါတယ်။


လက်ဖက်ထုပ်ကပ်ပါ။

သွေးလည်ပတ်မှုကောင်းမွန်စေပြီး အသားအရေစိုပြေဖို့အတွက် လက်ဖက်ထုပ်လေးကို မျက်နှာမှာ ကပ်ပေးသင့်ပါတယ်။





Some text some message..