
အားလုံးသိကြတဲ့အတိုင်း ဟစ်တလာဟာဆိုရင် ကမ္ဘာတစ်ခုလုံးကို သိမ်းဖို့အတွက် စိတ်ဆန္ဒရှိခဲ့တဲ့ အာဏာရှင်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဟစ်တလာဟာ ရည်မှန်းချက်တော့မအောင်မြင်ခဲ့ပါဘူး။ သူဟာ စစ်အတွင်းမှာ ထူးထူးဆန်းဆန်းတွေပြုလုပ်တီထွင်ခဲ့တာကို ပရိသတ်ကြီးလဲ သိကောင်းသိနိုင်ပါတယ်။ ခုဆိုရင် သူလျှို့ဝှက်တီထွင်ခဲ့တာကို ဖော်ပြသွားမှာဖြစ်ပါတယ်။

Goliath Tracked Mine
ဟစ်တလာနဲ့ သူရဲ့ အင်ဂျင်နီယားအဖွဲ့ဟာဆိုရင် ကမ္ဘာကြီးကို သိမ်းဖို့အတွက် လက်နက်ဆန်းတွေကို တီထွင်ခဲ့ကြပါတယ်။ တစ်ခုကတော့ Goliath Tracked Mine ဆိုတဲ့ တင်ကားအသေးစားပဲဖြစ်ပါတယ်။ အရုပ်နဲ့တူပေမယ့် တော်တော်လေးကိုအန္တရာယ်ရှိပါတယ်။ ပေါက်ကွဲပစ္စည်းတွေ တင်ပို့ဖို့ အသုံးပြုတာဖြစ်ပြီး( ၇ )ထောင်ကျော် တီထွင်ထုတ်လုပ်ခဲ့ပါတယ်။ နေရာတော်တော်များများမှာ တင်ကားသေးကို အသုံးပြုခဲ့ကြပါတယ်။

The FRITZ X
ပေါင် 3,450 လေးတဲ့ ဗုံးတို့ရဲ့ အဘိုးဖြစ်ပါတယ်။ တော်တော်လေးကို ပြင်းထန်းတဲ့ဗုံးဖြစ်ပြီး ရေဒီယိုသတ္တုတွေပါကြွပါတယ်။

THE HORTEN HO 229
ဒီလေယာဉ်ဟာဆိုရင်တော့ အဲ့ခေတ်အဲ့အခါက ရေဒါမှာ ဖမ်းမိဖို့ခတ်တဲ့ လေယာဉ်တစ်ဆင်းဖြစ်ပါတယ်။ တော်တော်လေးကို မြန်တဲ့လေယာဉ်ဖြစ်သလို ခုခေတ်နဲ့ပြောရရင် ကိုယ်ပျောက်လေယာဉ်လို့တောင် ပြောလို့ရပါတယ်။

THE PANZER VIII MAUS
ဒီတင့်ကားကတော့ တော်တော်လေးကို မာတဲ့တင့်ကားအမျိုးအစားပါ။ မာလွန်းလောက်အောင် သတ္တုကထူးတော့ သွားတဲ့နှုန်းကလဲ နှေးပြီးလေးနေပါတယ်။

THE SCHWERER GUSTAV
သမိုင်းတော်လျှောက်မှာ အကြီးဆုံး အြမောက်တီထွင်မှုကြီး တစ်ခုဖြစ်ပါတယ်။ တော်တော်လေးကို ကြီးမားတဲ့ အမြောက်ပါပဲ။ (၄၇)ကီလိုမီတာ အတွင်း ပစ်လို့ရပါတယ်။

THE STG 44
ဒီသေနတ်ကတော့ ပထမဆုံးသော စက်သေနတ်ဖြစ်ပါတယ်။ အဲ့နောက်မှာမှ AK-47 တို့ထွက်ရှိလာတာပါ။