လူသားတွေကဲ့သို့ အသက်ရှင်နေထိုင်ကြတဲ့ ရေပုတ်သင်
mmload.com
|
2022-02-08

လူ့သက်တမ်းနီးပါးလာက် အသက်ရှင်နေထိုင်နိုင်တဲ့ ရေသတ္တဝါတစ်မျိုးဖြစ်ပီး လူငါးလို့ အများခေါ်ဝေါ်ကြတဲ့ အကောင်ကတော့ ရေပုတ်သင်ပဲဖြစ်ပါတယ်။ သူတို့ရဲ့ ဘဝစက်ဝန်းဟာ အလွန်အင်မတန်မှ ရှည်လျားလှပီး သူတို့မှာ လူတစ်ယောက်ကဲ့သို့ ခြေနှစ်ချောင်း ပါရှိပါတယ်။


ရေပုတ်သင်ကောင်တွေရဲ့ ထူးခြားချက်ကတော့ အနံ့ခံအင်မတန်ကောင်းတဲ့ အကောင်တွေပဲဖြစ်ပါတယ်။ သူတို့ရဲ့ နှာခေါင်းတွေဟာ ရေထဲက အားပျော့တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေကို စူးစမ်းသိရှိနိုင်ပါတယ်။ လူတစ်ယောက်ကဲ့သို့ပင် ဆယ်ကျော်သက်အရွယ်ရောက်မှ လိင်အင်္ဂါတွေ နိုးကြားကြပါတယ်။ရေပုတ်သင်အကောင်တွေဟာ ဥကနေပေါက်ဖွားကြတာဖြစ်ပါတယ်။


ရေပုတ်သင်တွေဟာ အစားမစားပဲ (၁၀) နှစ်လောက် နေနိုင်ကြပါတယ်။သူတို့ဟာ ကုန်းနေ ရေနေ သတ္တဝါဖြစ်ပေမယ့်လည်း အများအားဖြင့် ရေထဲမှာသာအနေများပါတယ်။တစ်ကယ်တော့ သူတို့ရဲ့မျက်လုံးတွေဟာ လုံး၀အလုပ်မလုပ်နိုင်ပဲ အနံ့ခံခြင်း တစ်မျိုးတည်းဖြင့်သာသွားလာကြရတာပါ။အရွယ်ရောက်ပီးရေပုတ်သင်ကောင် တစ်ကောင်ဟာ လူ့လက်ဖျံအရွယ်လောက်ရှိပါတယ်။


ရေထဲတွင်သွားလာနိုင်ရန်အတွက် အမြှီးတစ်ချောင်းနှင့် ပါးဟက်ပါရှိပါတယ်။ဒါ့အပြင်သူတို့မှာ ရှိတဲ့ အဆုတ်တစ်စုံလုံးဟာ လုံးဝအလုပ်မလုပ်ပါဘူး။ရေပုတ်သင်ကောင်ရဲ့ ကိုယ်မှာ ငါးရှဉ့်လိုပြောင်ချောချောဖြစ်ပီး အရောင်မှာ အဖြူရောင်နဲ့ အညိုရောင်တို့သာရှိပါတယ်။လူသူသိပ်မနီးတဲ့ ကျောက်ဆောင်တွေကြားမှာ နေထိုင်ပြီး ကုန်းပေါ်မှာလည်းနေထိုင်ကြပါတယ်။ ရေပုတ်သင်ကောင်တွေဟာ အစာတစ်ခါစားပြီးတိုင်း နှစ်တော်တော်ကြာတဲ့အထိ အစာမစားပဲနေနိုင်ပါတယ်။သိပ္ပံပညာရှင်များဟာ အခုအခါသူတို့ကိုလေ့လာဆန်းစစ်မှုများပြုလုပ်နေပီပဲဖြစ်ပါတယ်။ရေပုတ်သင်မျိုးစိတ်အများအပြားကို အီတလီ၊ ဆလိုဗေးနီးယားနဲ့ ခရိုအေးရှားနိုင်ငံတို့မှာ တွေ့နိုင်ပါတယ်။




Some text some message..